မိမိကြိုက်ရာရွေးချယ်ရှာပါ

Showing posts with label မှတ်သားစရာလေးများ. Show all posts
Showing posts with label မှတ်သားစရာလေးများ. Show all posts

Thursday, 18 October 2012

အရေးကြီးတယ်..မနှင်းဆီ

ပန်းစည်းလက်ဆောင်မပို့ ခင် သိသင့်တဲ့ နှင်းဆီပန်းအရောင်အသွေးတို.၏သင်္ကေတ
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
နှင်းဆီနီ
*******
နှင်းဆီနီက မင်းကိုချစ်တယ်လိုက်တဲ.သဘောပါ၊၊
နှင်းဆီနီဟာ စိတ်ကူးယဉ်မဆုံးစွန်သောအချစ်ရဲ.
သင်္ကေတလည်ဖြစိတယ်။
ပန်းရောင်းတဲ.သူတွေဟာချစိများနေ.အတွက်နှင်းဆီနီတေါကိုသိမ်းဆည်းလေ.ရှိတယ်။
ဘာလို.လဲဆိုတော.နှင်းဆီနီဟာ ဖေဖော်ဝါရီမှာတန်ဖိုးကြီးကြီးပေးရတတ်လိုပဲ. ဖြစ်ပါတယ်။

ပန်းရောင်ဖျော.ဖျော.နှင်းဆီ
******************
ပန်းရောင်ဖျော.ဖျော.နှင်းဆီကကျက်သရေရှိခြင်း၊နူးညံ့သိမ်မွေ.ခြင်နဲကျေးဇူးတင်ခြင်းဆိုတဲ့
အနက်သဘောဆောင်ပါတယ်။

ပန်းနုရောင်နှင်းဆီ
************
ပန်းနုရောင်နှင်းဆီကတော.ပျော်ရွှင်ချမိးမြေ.ခြင်းကိုဖော်ပြနေတာဖြစ်နေတာဖြစ်ပါတယ်။

ပန်းရောင်ရင်.ရင်.နှင်းဆီ
*****************
ပန်းရောင်ရင်.ရင်.နှင်းဆီ ကတော.ကျေးဇူးတင်ပါတယ်လို.ဆိုလိုက်တာပါတဲ.။

ခရမ်းရောင်နှင်းဆီ
**************
ခရမ်းရောင်နှင်းဆီကတော.ပေးပို.သူကလက်ခံရရှီသူကိုချစိမိနေတယ်ဆိုတဲ.အတွက်
ညှိုယူဆွဲဆောင်တဲ.သဘောဆောင်ပါတယ်၊၊

နှင်းဆီဖြူ
*******
နှင်းဆီဖြူရဲအမှတ်သင်္ကေတကသစ္စာနဲ.ရိုးသားမှုတဲ့၊ နောက်တစ်မျိုး အဓိပ္ပယ်ဖွင့်လို.ရတာ
က မင်းကိုလွမ်းလယ်၊ ကို်ယ်တော့မင်းကိုစွဲ လမ်းနေမိ ပြီ လို.ဆိုပါတယ်။

သန္တာရောင်နှင်းဆီ
************
သန္တာရောင်နှင်းဆီကတော့ ဆန္ဒတည်းဟူသော စိတ်လှုပ်ရှားမှုတစ်ခုကို ဖော်ပြနေတာပါ။

ပန်းနုဝါရောင်နှင်းဆီ
***************
ပန်းနုဝါရောင်နှင်းဆီကတော့ နှစ်လိုခြင်း၊ ကျေးဇူးတင်ခြင်းနဲ.
ဂရုဏာသက်ခြင်းတို. ကိုယ်
စားပြုပါတယ်။

လိမ္မော်ရောင်နှင်းဆီ
လိမ္မော်ရောင်နှင်းဆီကတော့ ပေးပို.သူ.ရဲ.ဆန္ဒနဲ. စိတ်အားထက်သန်မှုကို သူစေလိုတာဖြစ်
ပါတယ်။

အ၀ါရောင်နှင်းဆီ
************
အ၀ါရောင်နှင်းဆီကတော့ ခင်မင်ရင်းနှီးမှုနဲ. လွတ်လပ်မှု အမှတ်အသားဖြစ်ပြီး
အချစ်သင်္ကေတ
အတွက် ရည်ညွှန်းချင်ရင်တော့ အ၀ါရောင်ကိုမပို.လေနဲ.၊ အ၀ါရောင်နှင်းဆီဟာ
လက်ထပ်ပြီးစ
မင်္ဂလာ မောင်နှံအတွက်၊ ဘွဲ.ဒီဂရီရယူတဲ့ သူအတွက် ၀မ်းမြောက်ကြောင်း အထိမ်းအမှတ်အဖြစ်
ပို.မယ်ဆိုရင်တော့ ဆီလျော်ပါတယ်။

မွဲခြောက်ရောင်နှင်းဆီ
***************
မွဲခြောက်ရောင်နှင်းဆီကတော့ ကြည်လင်ထွန်းပတဲ့ အခါသမယ
ကုန်ဆုံးသွားပါပြီလို. ဆိုလိုတာ
ဖြစ်ပါတယ်။

နှင်းဆီအရောအပေါင်း
*************
နှင်းဆီအရောင်နှစ်မျိုးစပ်၊ သုံးမျိုးစပ် စသည့်ဖြင့်
ရောပေါင်းစပ်ထားရင်လည်း အဓိပ္ပယ်အသစ်ဖွင့်
ဆိုနေပါတယ်။

အဖြူရောင်နှင်းဆီ + အ၀ါရောင်နှင်းဆီ
************************
ဒီနှစ်မျိုးပေါင်းရဲ. အမှတ်သင်္ကေတက ပေါင်းစည်းညီညွတ်ခြင်းဆိုတဲ့ သဘောပါ။

နှင်းဆီနီ + အ၀ါရောင်နှင်းဆီ
*********************
ဒါကတော့ နှောင်ဖွဲ.မှုနဲ. သဟဇာတဖြစ်မှုကို ရည်ညွှန်းတာပါ။

အခြားသင်္ကေ
နှင်းဆီကို ပန်းစည်းအသွင် လက်ဆောင်ပေးလာခဲ့ရင်လည်း အလွန်ကို နှစ်သက်ဖွယ်ကောင်းတဲ့
လက်ဆောင်ဖြစ်ပါတယ်။

တစ်ပွင့်တည်း နှင်းဆီအနီရောင်
**********************
“ မင်းကို ကိုယ်ချစ်တယ် ” တဲ့။ ( ဒါပေမဲ့ ဖွင့်ပြောဖြစ်မှာတော့ မဟုတ်ဘူး )

တစ်ပွင့်တည်းနှင်းဆီ ( မည်သည့်အရောင်မဆို )
*********************************
” ကျေးဇူးတင်တယ်တဲ့ ”

နှင်းဆီအရာင်နှစ်မျိုး ( ပူးတွဲချည်နှောင်ထားလျက် )
************************************
စေ့စပ်တော့မယ်၊ လက်ထပ်တော့မယ်ဆိုတဲ့ အဓိပါယ်ပါ
 
ဖေ့ဘုတ်သူငယ်ချင်းတဦးထံမှမျှဝေပါသည်။

Thursday, 30 August 2012

ဘီဂိတ်ရဲ့ အကြံညဏ်


ဘီလ်ဂိတ်ပြောတဲ့ အကြံဥာဏ် (၁၁)ခု

ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က ဒီလိုအကြံဥာဏ် ပေး ဟောပြောခဲ့ပါတယ်။

၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။

၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။

၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက "အခွင့်အရေး" တဲ့။

၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။

၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။

သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျားပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကိုအရင်သန့်ရှင်းလိုက်ပါ။

၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းကခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။

၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။

၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။

၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။

Saturday, 28 July 2012

လေ့လာသင့်သည်များ


— with Faruk Hossain.

လေ့လာသင့်သည်များ

ကမ္ဘာ့ပထမဦးဆုံး မော်တော်ဆိုင်ကယ်

ပုံမှာ မြင်တွေ့နေရတာကတော့ ကမ္ဘာ့ပထမဦးဆုံး မော်တော်ဆိုင်ကယ် ဖြစ်ပြီး ၁၈၈၅ ခုနှစ်က ဂျာမနီနိုင်ငံသား တီထွင်သူ Gottlieb Diamler နဲ့ Wilhelm Maybach တို့မှ ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ယင်းဆိုင်ကယ်ဟာ ကမ္ဘာ့ပထမဦးဆုံး ဓာတ်ဆီသုံး စက်တပ်ယာဉ် အဖြစ်လည်း ထင်ရှားသော ဆိုင်ကယ်ဖြစ်ပါတယ်။

Ref: Car Lovers and the Bikers Club

— with MgNay Nay.