မိမိကြိုက်ရာရွေးချယ်ရှာပါ

Showing posts with label သတင်းများ. Show all posts
Showing posts with label သတင်းများ. Show all posts

Thursday, 25 October 2012

ဖြစ်သင့်ပါတယ်

မြန်မာကနေ တရုတ်နဲ့ အိန္ဒိယကို တင်ပို့နေတဲ့ သစ်လုံးပမာဏက ကျွန်မကိုတော်တော်အံ့အားသင့်စေပါတယ်

EIA မှသစ်တောဆိုင်ရာ လှုပ်ရှားမှုခေါင်းဆောင် မစ္စဖိတ်ဒိုဟာသီနှင့်တွေ့ဆုံခြင်း

ရေးသားသူ- အေးမြကျော်

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ပြီးနောက် စီး
ပွားရေးအခွင့်အလမ်းများ ပွင့်လန်းလာတော့မည်ဖြစ်သည်။ နိုင်ငံတကာနှင့် ကူးသန်းရောင်းဝယ်မှုများတွင် ကမ္ဘာကျော်သော မြန်မာ့
ကျွန်းသစ်အပါအ၀င်သစ်ရောင်းဝယ်ရေးမှာလည်း ကဏ္ဍအဖြစ် ပါဝင်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် မဟာစီးပွားရေးနိုင်ငံကြီး နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံကြားတွင် တည်ရှိပြီး မြန်မာ့သစ်လုံးများ ဈေးပေါပေါနှင့် တရားမ၀င်နည်းလမ်းများမှ တင်ပို့ရောင်းချနေခြင်းက မြန် မာနိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အေဂျင်စီ Environmental Investigation Agency-EIA က ပြောကြားလိုက်သည်။

EIA သည် ကမ္ဘာအနှံ့တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မသမာမှုများကို စုံစမ်းဖော်ထုတ် သည့် နိုင်ငံတကာ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ပွင့်လင်းလာသော မြန်မာနိုင်ငံတွင် မကြာမီဖြစ် တည်လာတော့မည့် နိုင်ငံတကာနှင့် သစ်ရောင်းဝယ်ဖောက်ကားမှုများတွင် တရားမ၀င်သစ်ခိုး ထုတ်မှုများ လျော့နည်းနိုင်သမျှ လျော့နည်းအောင် ကူညီပေးရန် ကနဦးအနေနှင့်ပြည်တွင်းမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များနှင့် ဆွေးနွေးရန် ရောက် ရှိလာခြင်းဖြစ်သည်။ EIA ၏ စုံစမ်းထောက်လှမ်းထားသော အချက်အလက်များတွင် မြန်မာနိုင်ငံမှ သစ်လုံးများအပါအ၀င် သစ် တောထွက်ပစ္စည်းများကို ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၇ ခုနှစ်အထိ ၇ နှစ်တာကာလအတွင်း မက်ထရစ်တန်ပေါင်း ၁၉ ဒသမ ၉ သန်းကို တင် ပို့ရောင်းချခဲ့ပြီး ရောင်းချငွေအဖြစ် အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၂ ဘီလီယံရရှိခဲ့သည်။ ထိုပမာဏမှာ တစ်နှစ်လျှင် ပျမ်းမျှ၂ဒသမ၄ ကုဗမီတာတင်ပို့ပြီး ရရှိငွေမှာ အမေရိကန်ဒေါ်လာ ၆၂၇သန်းဖြစ် သည်။

လန်ဒန်တွင်အခြေစိုက်ပြီး တရားမ၀င်သစ်ခိုးထုတ်မှုများ ပပျောက်အောင် အင်ဒိုနီးရှားနိုင်ငံတွင် ၁၀နှစ်တာအတွေ့အကြုံ ရှိသော EIA မှသစ်တောဆိုင်ရာ လှုပ်ရှားမှုခေါင်းဆောင် မစ္စဖိတ်ဒိုဟာသီနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံကာ မေးမြန်းထားသည်များကို ဖော်ပြပေးလိုက်ပါသည်။

ပထမဆုံး EIA အနေနဲ့ မြန်မာနိုင်ငံကို ဘာကြောင့် လာရတဲ့အကြောင်းရင်းကို ပြောပြပေးပါလား။
ကျွန်မတို့ကို မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ ပေါင်းပြီး အလုပ်တွေ အတူတူတွဲလုပ်ဖို့
ဖိတ်ကြားခံရလို့ပါ။ ကျွန်မတို့ကလည်း ဒီမှာ တရားမ၀င် သစ်ခိုးထုတ်မှုတွေ၊ သစ်တောထွက်ပစ္စည်း တရားမ၀င်ရောင်းဝယ်မှုတွေနဲ့ပတ်သက်ပြီး ကျွန်မတို့အ ဖွဲ့အနေနဲ့ဘာလုပ်ပေးနိုင်မလဲဆိုတာ လေ့လာချင်တာလည်း ပါပါတယ်။ မကြာခင်မှာဘဲ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံက သစ်တွေဝယ်ဖို့ လက်ဦးမှု ရယူ တော့မှာပါ။ အဲဒါက မြန်မာနိုင်ငံ အတွက်လည်း အရမ်းကို အသုံး ၀င်ပါတယ်။ ကျွန်မတို့အနေနဲ့ အ လုပ်လုပ်မယ်ဆို မြန်မာနိုင်ငံအ ကြောင်း လေ့လာဖို့ အများကြီးကို လိုပါသေးတယ်။ မြန်မာနိုင်ငံဟာ တရားမ၀င် သစ်ရောင်းဝယ်ရေးမှာ မဟာဗျုဟာကျပါတယ်။ မြန်မာနိုင်ငံဟာ နှစ်စဉ် ဒေါ်လာသန်းနဲ့ ချီဆုံးရှုံးနေပါတယ် ဘာ လို့လဲဆိုတော့ အိမ်နီးချင်းနိုင်ငံတွေက မြန်မာနိုင်ငံက သစ်လုံး တွေကို ဈေးပေါပေါနဲ့ မသမာတဲ့ နည်းနဲ့ဝယ်တယ်။ ပြီးတော့ ကုန် ချောလုပ်ပြန်ရောင်းပြီး သူတို့ အ မြတ်ထုတ်ကြတယ်လေ။ ဒါဟာ မကောင်းတဲ့ နည်းလမ်းဘဲလို့ ကျွန်မတို့မြင်တယ်။ ဒီဆယ်နှစ် အတောအတွင်း ကျွန်မတို့ ဘာတွေ သင်ယူခဲ့ရလဲဆိုတော့ ဒေသတွင်းမှာ တရားမ၀င် သစ်ခိုးထုတ်မှုတွေက မှုခင်းဖြစ်ရပ်တွေကို ဖြစ်ပေါ်စေတယ်။ အဲဒါက ဥရောပက အချို့သော ၀ယ်ယူသူတွေကို အကျိုးအမြတ် ပိုရစေနိုင်တဲ့အချက်ပေါ့ ။ ဒါပေမဲ့ လာမယ့်နှစ် မတ်လမှာတော့ ဒီတရားမ၀င် သစ်ခိုးထုတ်မှုတွေကို တားဆီးနိုင်မယ့် ဥပဒေတစ် ရပ်ကို ဥရောပသမဂ္ဂအနေနဲ့ ပြဋ္ဌာန်းသွားဖို့ ရှိတယ်။ အဲဒီ ဥပဒေက ဥရောပသမဂသစ် ထုတ်လုပ်ရေးဥပဒေ (European Union Timber Regulation-EUTR) လို့ ခေါ်ပါတယ်။ သူက နှစ်ပိုင်းရှိတယ်။ ပထမက ဥရောပမှာသစ် (သို့မဟုတ်) သစ်အချောထည် ပစ္စည်းတွေ ၀ယ်ရင် တရားမ၀င် သစ်ဝယ်ယူမှုကို တားမြစ်ထားတယ်။ ဒုတိယအချက် ကတော့ ကျွန်မတို့ အင်တိုက်အား တိုက် တွန်းအားပေးခဲ့တဲ့ သစ် ၀ယ်ယူသူ လုပ်ငန်းရှင်တွေက သူတို့ဝယ်တဲ့သစ်တွေ ဘယ်ကခုတ်လှဲလာတာလဲ ဆိုတာကို ပြောပြနိုင်ရမယ် ဆိုတာပါဘဲ ။ ဒါ ဘာလဲဆိုတော့ ကျွန်မ ဥပမာ ပေးပြောရရင်အခု တရုတ်နိုင်ငံက မြန်မာက သစ်လုံးတွေကို ၀ယ်တယ်။ ပြီးတော့ သူတို့က အချောထည် ပရိဘောဂတွေလုပ်ပြီးတရုတ်နိုင်ငံတွင်းမှာ ရောင်းသလိုမျိုးပေါ့။ တကယ်လို့ ဥပဒေထွက်လာရင် ဥရောပက သစ်ဝယ်မယ့် သူတွေက ဒီသစ်တွေ ဘယ်ကရ လဲဆိုတာ မေးတော့မယ်။ အဲဒီ တော့ ဥပဒေအရ ဖြေကိုဖြေရမယ်။ ဆိုတော့ မေးခွန်းက အဲဒီ ဥပဒေက မြန်မာပြည်မှာ အလုပ် ဖြစ်မလား ဆိုတာပါပဲ။ တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးကျွန်းသစ်ဖြစ်တဲ့ မြန်မာ့ကျွန်းသစ်ကို လူတွေက၀ယ်ကြတော့မယ်။ အခုဆို ပိတ်ဆို့အရေးယူမှုတွေ လည်း ဖယ်ရှားလိုက်ပြီဆိုတော့ မြန်မာက သစ်တောတွေမှာ ဖိအားတွေ ပိုများလာတော့မယ့် သဘောပါ။ ဘာလို့လဲဆိုတော့ ဥရောပက မြန်မာနိုင်ငံက ကျွန်းသစ်တွေကို အရမ်း သဘောကျပါတယ်။ ကျွန်မတို့ မြန်မာပြည်တွင်းက အရပ်ဘက်အဖွဲ့အစည်း (Civil Society)တွေနဲ့ တွဲပြီး သစ်တောတွေ ရေရှည်တည်တံ့အောင် ဘယ်လိုကာကွယ်မလဲဆိုတာ၊ ဘယ်လို လက်တွဲအလုပ်လုပ်နိုင် မလဲဆိုတာ နည်းလမ်းရှာရပါမယ်။ တစ်ချိန်တည်းမှာ တရားမ၀င်သစ်ထုတ်လုပ်ရေးနဲ့ ဆက်နွှယ် နေတဲ့ အကျင့်ပျက်ချစားမှုတွေ ပွင့်လင်းမြင်သာမှုမရှိတာတွေကို မီးမောင်းထိုးပြဖို့ လိုသလို အစိုး ရကိုလည်း ဒီ့ထက် ပိုပြီး ပွင့်ပွင့်
လင်းလင်း သတင်းအချက်အလက်တွေ ထုတ်ပြန်ဖို့ တွန်းအားပေးသင့်ပါတယ်။ တစ်ဖက်မှာလည်း သစ်တောတွေကို ၀မ်းစာအတွက် မှီခိုနေရသူတွေအတွက်လည်း မမေ့သင့်ပါဘူး။ ဒီတော့ ကျွန်မ တို့ ဘာလုပ်နိုင်မလဲဆိုတာ နည်းလမ်းရှာရမှာပေါ့ ။

အခုဆိုရင် မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပြီ အဲဒီအကျိုးဆက်ကြောင့် အရေးယူ ပိတ်ဆို့မှုတွေလည်း ဖယ်
ရှားပေးခဲ့ပြီးပြီဆိုတော့ ဥရောပနဲ့ နိုင်ငံတကာက လုပ်ငန်းရှင်တွေက မြန်မာနိုင်ငံက သစ်တွေကို ခုနကပြောသွားသလို ၀ယ်တော့မယ် ရောင်းဝယ်ဖောက်ကားတော့မယ်။ မြန်မာအစိုးရအနေနဲ့ လာတော့မယ့် သစ်ရောင်းဝယ်မှုတွေအတွက် အခုကစပြီး ဘာတွေ ပြင်
ဆင်ထားသင့်သလဲ။
ဒါကြောင့် ကျွန်မတို့အခု ဒီမှာရှိနေတာပေါ့။ ကျွန်မတို့ယုံကြည်တဲ့ တစ်ခုတည်းသော အဖြေရှာနိုင်မယ့် နည်းလမ်းက တော့ လေးဦး လေးဖလှယ်ပါဝင်တဲ့ လုပ်ငန်းစဉ်တွေ လုပ်သွားဖို့ လိုအပ်တယ်။ အစိုးရ၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ လူမှုအသိုင်းအ၀ိုင်းနဲ့ စက်ရုံအလုပ်ရုံတွေက ဒါကို မှီခိုနေရတယ်လေ။ ဒါကြောင့် ကျွန်မတို့ ဖြစ်စေချင်တာက စားပွဲဝိုင်းတစ်ခုတည်းမှာ အားလုံးထိုင်ပြီး တွေ့ဆုံဆွေးနွေးပြီးအမြဲ အဖြေရှာကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်မတို့ အင်ဒိုနီးရှားမှာ သစ်တရားမ၀င် ခိုးထုတ်မှုတွေ လျော့နိုင်သမျှ လျော့အောင်ကြိုး စားတဲ့အခါ အရပ် ဘက်လူ့အဖွဲ့ အစည်း (Civil Society ) တွေကို ကြားခံအဖြစ် တည်ဆောက်ပြီး အသုံးပြုခဲ့တယ်။ ဒီကြားခံတွေ ကနေ အစိုးရအတွက်၊ သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် ပြဿနာတွေဖြေရှင်း နိုင်မယ့် နည်းလမ်းတွေ အများကြီး ထွက် ခဲ့တယ်။ ငြင်းခုံမှုတွေ၊ ဆွေးနွေးမှုတွေကနေ နောက်ဆုံးနည်းလမ်းတွေ ထွက်လာတာပဲ။ အစိုးရဌာနတစ်ခုတည်း သစ်ခိုးထုတ်မှုတွေ၊ တရားမ၀င် သစ်ရောင်း ၀ယ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီး ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ လက်တွေ့မှာ ချက်ချင်း လုပ်နိုင်မယ့် နည်းကတော့ အစိုးရအနေနဲ့ သစ်အလုံးလိုက် တင်ပို့ခြင်းကို ချက်ချင်းပိတ်ပင်ပစ်လိုက် ဖို့ပါပဲ ။ ဒါက ပထမဆုံးအနေနဲ့ နိုင်ငံရေး စိတ်ဓာတ်အင်အားကို ပြသလိုက်သလိုလည်း ဖြစ်ပါလိမ့်မယ်။ ဒုတိယအချက်ကတော့ သစ်တောတွေကို အသက်ရှူခွင့်ပေးလိုက်တာ ပါဘဲ။ ဒါက မြန်မာနိုင်ငံမှာဥရောပက သစ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက်တွန်းအားတစ်ခု ဖြစ်စေမှာပါ။

EIA အနေနဲ့အင်ဒိုနီးရှား အပါအ၀င် တရားမ၀င်သစ် ထုတ်တဲ့ နိုင်ငံတွေမှာ စုံစမ်းထောက်လှမ်းမှုတွေ လုပ်ခဲ့တယ်။ မြန်မာနိုင်ငံမှာတော့ အရင်က နိုင်ငံရေး အခြေအနေတွေကြောင့် မလုပ်နိုင်ခဲ့ဘူး ပြောခဲ့တော့ အခုဒီကိုရောက် လာပြီဆိုတော့ ဘာတွေဆက်လုပ်သွားဖို့ ရှိပါသလဲ ။
ရှေ့အစီအစဉ်တွေက ဘာများဖြစ်မလဲ။
ချက်ချင်းလုပ်လို့ရတဲ့ အလုပ်ကတော့ လူတွေများများနဲ့ တွေ့ပြီး သူတို့အသံတွေ နားထောင်တာပါပဲ။ ဒီမှာ အခြေအ နေအချို့က နည်းနည်းရှုပ်ထွေးပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်မလဲဆိုတာ မေးခွန်းတစ်ခုပါ။ နောက်တစ်ခုက ကျွန်မတို့ EIA အနေနဲ့ အင်ဒိုနီး ရှားနိုင်ငံမှာ အရပ်ဘက်လူ့အဖွဲ့ အစည်းတွေနဲ့ လက်တွဲပြီး သစ် ခိုးထုတ်တာတွေကို တားဆီးခဲ့ တာဟာ အရမ်းအားကောင်းခဲ့ တယ်။ အဲဒီအတွေ့အကြုံတွေ အောင်မြင်တာတွေကို ဒီမှာ ပြန် အသုံးချလို့ ရနိုင်ပါတယ်။ အရေး ကြီးတဲ့ အချက်ကတော့ အင်ဒိုနီး ရှားမှာတုန်းက ဒေသခံအရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အီးယူ အရပ်ဘက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး တစ်စိုက်မတ်မတ် လှုံ့ဆော်မှုတွေလုပ်ခဲ့တယ် ဆိုတာပါဘဲ။ ကျွန်မတို့ ဥရောပသမဂက မကြာမီထွက်လာတော့မယ့် ဥပဒေသစ်ကို စောင့်ကြည့်ဖို့ အရမ်းကို စိတ်အားထက်သန်နေပါတယ်။
ဒါက ကျွန်မတို့ အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နေ တယ်လေ။ ကျွန်မတို့ အရမ်းကို စိတ်လှုပ်ရှားမိတယ်။ ဘာကြောင့် လဲဆိုတော့ ဒီလို သစ်ထုတ်လုပ် တာတွေနဲ့ ပတ်သက်ပြီး ပထမဆုံး ဥပဒေဖြစ်လာမှာမို့ပါ။ ဒီဥပဒေ ထွက်လာတာနဲ့ ဒီသစ်လုံးတွေ ဘယ်က ခုတ်လာလဲဆိုတာကို စုံ စမ်းထောက်လှမ်းနိုင်မယ့် စွမ်း အားတွေရလာမှာလေ။ ဒါကို ကျွန်မတို့ မြန်မာနိုင်ငံမှာ လုပ်နိုင် မလား ဆိုတာကတော့ ကျွန်မတို့ မသိပါဘူး။ ကျွန်မတို့ ဒီက အရပ်ဘက်လူ့အဖွဲ့တွေနဲ့ ဘယ်လောက်လက်တွဲ လုပ်ဆောင်နိုင်မလဲဆိုတာက မေးခွန်းတစ်ခု ဖြစ်နေပါ
တယ်။

အင်ဒိုနီးရှားမှာ တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေထဲကနေ မြန်မာနိုင်ငံမှာ လက်တွေ့ ပြန်အသုံးချနိုင်မယ့်အချက်များ ရှိနိုင်မလား။
(အင်ဒိုနီးရှားနိုင်ငံမှ တရားမ၀င် သစ်တောအရေးတက်ကြွလှုပ်ရှားသူ မစ္စမာဒီမီနန်ဆာရီက ၀င်ရောက်ဖြေဆိုသည်)
ကျွန်မအထင်တော့ အစိုးရ Stakeholder Process ကို စလုပ်တဲ့အထိ မစောင့်နေဘဲ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အ
နေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် စတင်ပြီး တရားမ၀င် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းတွေက ဘယ်လို ရှိတယ်ဆိုတာ နားလည်သဘော ပေါက်ထားဖို့ လိုပါတယ်။ ဒီမှာတော့ ဘယ်လိုအခြေအနေရှိလဲ မသိပါဘူး။ အင်ဒိုနီးရှားမှာတော့ မီဒီယာတွေနဲ့ အရပ်ဘက်လူ့ အဖွဲ့အစည်းတွေလက်တွဲပြီး တရားမ၀င် သစ်ခိုးထုတ်မှုတွေကို စုံစမ်းထောက်လှမ်းပြီး ဖော်ထုတ်ရေးသားနိုင်ခဲ့တယ်။ ဒီလိုနည်းတွေနဲ့ စခဲ့ကြတယ်။

မြန်မာနိုင်ငံတွင်းမှာ သစ်တောဖုံး ဧရိယာများတဲ့ ကချင်ပြည်နယ် အပါအ၀င် နေရာတော်တော်များများက သစ်တောတွေက အရမ်း
မြန်တဲ့နှုန်းနဲ့ ခုတ်လှဲခံနေရတယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား အများစုက ပြောနေကြပါတယ်။ ခုတ်လှဲနေတာတွေရဲ့ ရာခိုင်နှုန်း
တော်တော်များများကလည်း တရားမ၀င်ဘူးလို့ ပြောတာရှိပါတယ်။ ဒါတွေရပ်သွားဖို့ အကောင်းဆုံးနည်းက ဘာဖြစ်မလဲ ။
အရေးကြီးတဲ့ အချက်က တော့ မြန်မာနိုင်ငံရဲ့ ပြည်နယ်၊ တိုင်းဒေသတိုင်းမှာ ကြုံနေရတဲ့ စိန်ခေါ်မှုက လာဘ်ပေး၊ လာဘ်ယူမှုတွေ၊ ပွင့်လင်းမြင်သာမှု မရှိ တာတွေနဲ့ ဆင်းရဲနွမ်းပါးမှုတွေလို့ ကျွန်မမြင်ပါတယ်။ အစိုးရကတော့ မြန်မာနိုင်ငံမှာ သစ်တော ဖုံးလွှမ်းတဲ့ ဧရိယာဟာနိုင်ငံရဲ့ ၄၅ ရာခိုင်နှုန်း ကျန်တယ်လို့ ပြောပါ တယ်။ အချို့ပညာရှင်တွေက အဲ ဒီထက် နည်းမယ်လို့ ပြောကြပါတယ်။ ကျွန်မတို့ မသိပါဘူး ။ တကယ့် သစ်တောတွေထဲမှာ ဘယ်လိုဖြစ်နေတယ် ဒီသစ်ခုတ် လှဲမှုတွေနဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ ဘယ်လိုဆက်ဆက်နေလဲ ဆိုတာ မြင်အောင်ကြည့်ဖို့ အရေးကြီးပါတယ်။ သစ်တောတွေ ပျောက်ကွယ်သွားရင် နောက်မှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ရောက်လာမှာပါပဲ။ သစ်ထုတ်လုပ်ရေးဟာ သစ်တောကို မှီခိုနေရတံအားနည်းသူတွေကို အဓိက ထိခိုက်စေပါတယ်။ ကျွန်မတို့ ဒီလို ကိစ္စတွေကို မရှုပ်ထွေးစေချင်ပါ ဘူး။ ကျွန်မတို့တစ်တွေ ရန်ကုန် က အရပ်ဘက်လူ့အဖွဲ့စည်းက လူတွေနဲ့ စကားပြောနေရုံနဲ့ မပြီးပါဘူး။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်က တိုင်းရင်းသားတွေနဲ့ပါ ကြားခံအဖွဲ့အစည်းဆိုတာမျိုးက လိုကိုလိုပါတယ်။ ကြားခံ တည်ဆောက်ပြီးတဲ့ အခါမှာတော့ ဦး
စားပေးကိစ္စတွေ စိန်ခေါ်မှုတွေကိုရင်ဆိုင်ရမှာဖြစ်သလို ဒီတရားမ၀င် သစ်ခိုးထုတ်တဲ့ကိစ္စဟာ သစ်ပင်တွေခုတ်လှဲတာ တစ်ခုတည်း
မဟုတ်ပါဘူး။ ဒါဟာ ထီးတစ်လက်လို အကိုင်းအဖြာဖြာထွက်နေတဲ့အရေးကိစ္စမျိုးပါ။ စိန်ခေါ်မှုတွေအများကြီးပါ။ ကျွန်မတို့ ခံစားမိ
တာတော့ သစ်တောထဲမှာ နေထိုင်တဲ့သူတွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေပေါင်းပြီး အတူတကွအဖြေတွေစဉ်းစားဖို့ပါပဲ။ ကျွန်မ
တို့မှာ အချိန်သိပ် မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ သစ်ပင်တွေဟာ အရမ်းကို မြန်တဲ့အရှိန်အဟုန်နဲ့ ပျောက်ကွယ်နေပြီ။ အခုဆို ဒီ
မှာမိုးကုန်သွားတော့ သစ်ခုတ်တဲ့ရာသီစပြီလေ။ ဒီအချိန်က အရမ်းကို စိတ်ဝင်စားစရာပါ။ အားလုံးချုပ်ပြောမယ်ဆိုရင်တော့ စောစောကပြောခဲ့သလို မြန်မာအစိုးရအနေနဲ့ သစ်အလုံးလိုက်တင်ပို့မှုကို ရပ်တန့်ပစ်လိုက်ဖို့ပါပဲ။

မြန်မာနိုင်ငံမှာ တရားမ၀င်သစ်ခိုးထုတ်မှုနဲ့ပတ်သက်ပြီး သိရတဲ့ အချက်အလက်တွေအရမစ္စဖိတ်ဒိုဟာတီကို အံ့အားသင့်စေခဲ့
တဲ့ အရာတစ်ခုခုများ ရှိလား။
နှစ်ခုရှိပါတယ်။ မြန်မာပြည်တွင်းကနေ တရုတ်နဲ့ အိန္ဒိယကို တင်ပို့နေတဲ့ သစ်လုံးတွေရဲ့ပမာဏက ကျွန်မကို တော်တော်အံ့ အား သင့်စေပါတယ်။ ။ နောက်တစ်ခုက ပွင့်လင်းမြင်သာမှု မရှိခြင်းက အကျင့်ပျက်ခြစားမှုတွေကို ဖြစ်ပေါ်စေတဲ့ အဓိကအချက် ဖြစ်တယ်ဆိုတာ တရားမ၀င် သစ် ခိုးထုတ်မှုတွေကို လေ့လာရင်း ကျွန်မတို့တွေ့ရှိခဲ့တယ်။

မြန်မာဟာ မှားယွင်းတဲ့ သစ်တောထွက် ပစ္စည်းတွေကို မှားယွင်းတဲ့ ဈေးကွက်ကို တင်ပို့နေတယ်ဆိုပြီး မစ္စဖိတ်ဒိုဟာတီက ပြောခဲ့တယ်နော်။ အဲဒါက တိတိကျကျပြောရရင် ဘာကိုဆိုလိုတာပါလဲ။
အခြေခံအားဖြင့် ပြောရမယ်ဆိုရင် ဒီမှာ သစ်လုံးတွေဟာ ပျောက် ကွယ်သွားနေပါတယ်။ ဥပမာ အားဖြင့် ပြောရရင် သစ်လုံးတွေ ကို အချောထည်ပစ္စည်းတွေ ပြုလုပ်ဖို့ အားပေးမှုတွေ များများစားစား မရှိဘူး။ တကယ်လို့ သစ်လုံးကို ရောင်းမယ်ဆိုရင် အခွန်သက်သာမယ်။ တကယ်လို့ ပရိဘောဂတွေ လုပ်မယ်ဆိုရင် အခွန်ပိုဆောင်ရပြီ။ စီးပွားရေးသမားတစ်ယောက်က သူ့အနေနဲ့ဆိုရင် သစ်လုံးပဲဝယ်မှာပေါ့။ ပြီးရင် ပရိဘောဂ လုပ်မယ်။ ပြီးရင် အ မြတ်များများနဲ့ ရောင်းမယ်။ ဒါက သစ်လုံးဈေးကွက်ကို ဖြစ်စေတဲ့ အဓိကအချက်ပေါ့။ အဲဒီ အမြတ် ငွေတွေဟာ မြန်မာနိုင်ငံထဲကို ပြန်လာတာပဲ ဖြစ်သင့်တယ်။ အခြားနိုင်ငံ အကျိုးအမြတ်အတွက် မဖြစ်သင့်ဘူးလေ။ ကျွန်မ ဆိုလိုတာ အဲဒါပါ။

မစ္စဖိတ်ဒိုဟာသီတို့ ပြောသွားတဲ့ သစ်တောဥပဒေစိုးမိုးရေး၊ အုပ်ချုပ်မှုနဲ့ ကုန်သွယ်မှုဆိုင်ရာ (Forest Law EnforcementGovernance and Trade-FLEGT) ဆိုတာကို ဘယ်လို အတိုဆုံးနဲ့ အလွယ်ဆုံး အဓိပ္ပာယ်ဖွင့်နိုင်မလဲ။ အဲဒါဘာကြောင့် အရေးကြီးတာလဲ။
တစ်ကြောင်းတည်း ပြောရမယ်ဆိုရင် FLEGT ဆိုတာ သစ် တောကဏ္ဍပြုပြင် ပြောင်းလဲဖို့ ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ ကိရိ ယာတစ်ခုလို့ ပြောရမယ်။

မြန်မာနိုင်ငံက သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေ၊ တရားမ၀င်သစ်ထုတ်လုပ်တာတွေနဲ့ ပတ်သက်ပြီး ထပ်လောင်း ပြောချင်တာများ ရှိပါသေးလား။
အခုဆို ပိတ်ဆို့မှုတွေ ရုပ်သိမ်းပြီ။ ကုန်သွယ်မှုတွေဟာ အ နှေးနဲ့အမြန် ရောက်လာတော့မယ်။ ဟုတ်ပါတယ်။ ဒီမှာ(မြန်မာနိုင်ငံ) မှာ တကယ်ကိုပဲ ပြုပြင် ပြောင်းလဲရေးတွေ အရာထင်ခဲ့ပါပြီ။ ဒါပေမဲ့ သစ်တောတွေထဲမှာတော့ ဘာမှ မပြောင်းလဲသေးပါဘူး။ ကျွန်မတို့ ခံစားမိတာက ဒါဟာ တကယ့်ကို ကြီးမားလှတဲ့ စိန်ခေါ်မှုကြီးတစ်ရပ်ပါ။

ကျွန်မတို့“မြန်မာနိုင်ငံက သစ်တွေမ၀ယ်ဖို့ သပိတ်မှောက်မလား။မြန်မာကသစ်တွေ မ၀ယ်ဖို့ ပြောမလား”။
နိုး..ကျွန်မတို့ အဲလိုလုပ်လို့မရပါဘူး။ ကျွန်မတို့ လုပ်နိုင်တာက ရှေ့နှစ်မတ်လဆိုရင် ဥရောပမှာ ဥပဒေပြဋ္ဌာန်းတော့မယ်။ တိုက်
ရိုက်ကုန်သွယ်မှုတွေရှိလာရင် သစ်တွေဘယ်က ခုတ်သလဲဆိုတဲ့ မေးခွန်းတွေကို ဖြေရတော့မယ်။
မြန်မာလူမျိုးတွေအနေနဲ့သစ်ထုတ်လုပ်ငန်းအပေါ်ဘယ်လိုမြင်လဲဆိုတာကို သိချင်ပါတယ်။ ဒါဟာ ရေရှည်တည်တံ့တဲ့ သစ်တောတွေဖြစ်လာဖို့ အဖြေတွေ ဖြစ်လာပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ်။
 
Credit: 7Days New Journal ....ဖေ့ဘုတ်စာမျက်နှာမှကူးယူဖော်ပြပါသည်။

Monday, 15 October 2012

အရမ်းလေးစားသွားပြီ....သမ္မတကြီးကို....

OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မ္မတရုံး သတင်းထုတ်ပြန် PDF Print
Credit:ELEVEN Media Group
AddThis Social Bookmark Button
OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မ္မတရုံးက အောက်တိုဘာ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအချင်းချင်း (သို့မဟုတ်) နိုင်ငံအများ ပူးပေါင်းဆောင်ရွက်ရာတွင် နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊ အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊
နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊ နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် အစရှိသည့် လမ်းညွှန်ချက်များ ချမှတ်ပေးထားပြီး ယင်းလမ်းညွှန်ချက်များအတိုင်း တိတိ ကျကျ ဆောင်ရွက်စေလျက် ရှိသည်၊ ပြည်သူလူထုအကြားတွင် ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ဆက်သွယ်ဆောင်ရွက်ရန် OIC ရုံး ဖွင့်လှစ်မည့် သတင်းနှင့် စပ်လျဉ်း၍ ၄င်းရုံး ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း အစရှိသဖြင့် ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံတွင် OIC ဆက်ဆံရေးရုံးများ လာရောက်ဖွင့်လှစ်မည်ဆိုသော သတင်းများမှာ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ပျံ့နှံ့ခဲ့ပြီး ထိုသို့ လာရောက်ဖွင့်လှစ်မည်ကို ကန့်ကွတ်သည့်အနေဖြင့် ပြည်သူများမှ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပါသည်။ အောက်တိုဘာလ ၁၅ ရက် (ယနေ့) တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် "OIC အလိုမရှိ" ကန့်ကွက်ဆန္ဒပြမှုများကို ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ရှိ မြို့များအပါအ၀င် မြို့အချို့၌ သံဃာတော်များ ဦးဆောင်ပြီး ပြုလုပ်ခဲ့ကြပါသည်။
     

Wednesday, 10 October 2012

ရစေချင်ပါသည်.....သမ္မတကြီးဦးသိန်းစိန်အားလေးစားလျှက်ပါ

"မြန်မာသမ္မတအဆက်ဆက် နိုဘယ်ဆုအတွက် ဦးသိန်းစိန် ပထမဆုံး တစ်ပေးခံရ"

စတော့ဟုမ်း၊ အောက်တိုဘာ ၈

၂ဝ၁၂ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆု အတွက် ခန့်မှန်းခံရသူ များစာရင်း တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမည် ပါဝင်လာသည်ဟု သိရသည်။
ဦးသိန်းစိန်သည် ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် ပထမဆုံး ခန့်မှန်း စာ ရင်း ဝင်သည့် မြန်မာနိုင်ငံသမ္မတ ဖြစ်သည်။အောက်တိုဘာလ ၁၂ ရက်ေ န့ တွင် ထုတ်ပြန်ကြေညာမည့် ငြိမ်း ချမ်းရေးနိုဘယ်ဆုအတွက် အမည် စာရင်း တင်သွင်းခံရသူများ၏ အမည် စာရင်းကို ငြိမ်း ချမ်းရေး နိုဘယ် ဆုရွေးချယ်ရေးကော်မတီက ထုတ်ပြန်ကြေညာလေ့ မရှိသော် လည်းေ နာ်ေ ဝနိုင်ငံ၊ အော်စလိုမြို့ အခြေ စိုက် အော်စ လိုငြိမ်း ချမ်းရေး သုတေ သန သိပ္ပံ ကမူ ဆုရွေးချယ်ရေး ကော်မတီ ၏ လုပ်နည်း လုပ်ဟန် အားေ လ့ လာ၍ ဆုရနိုင်ခြေ ရှိသူများ ထင်ကြေး စာရင်း ကို နှစ်စဉ် ထုတ်ပြန် လေ့ ရှိသည်။ ယခုနှစ် အတွက် အဆိုပါ သုတေသန၏ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ခရစ်ရှန်ဘတ်ဂ်ဟာဗီကမ် ထုတ်ပြန်ထားသော ငြိမ်းချမ်းရေး နိုဘယ်ဆု ရနိုင်ခြေရှိသူများစာရင်း တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပါဝင်လာခြင်း ဖြစ်သည်။
အဆိုပါ စာရင်းတွင် သမ္မတ ဦးသိန်းစိန်နှင့်အတူ ရုရှားလူ့အခွင့် အရေးအုပ်စု Memorial နှင့် ယင်း အဖွဲ့တည်ထောင်သူ မစ္စဆက်တက နာဂန်နုခ်ကီနာ ၊ အကြမ်းမဖက်ငြိမ်း ချမ်းစွာတော်လှန်ရေးဆိုင်ရာ ကျွမ်း ကျင်သူ အမေရိကန်နိုင်ငံသား နိုင်ငံရေးပညာရှင် မစ္စတာဂျင်းရှပ်၊ လွတ် လပ်သော ရုရှားမီဒီယာအဖွဲ့ Echo of Moscow နှင့် ယင်း၏ အယ်ဒီတာ ချုပ်ဖြစ်သူ အလက်ဆီဗန် နေဒစ်ခ်တေ့ဗ်တို့ ပါဝင်လာသည်။
ထို့အတူ ဘာသာရေးအား လွဲ မှားစွာအသုံးပြုသူအားဆန့်ကျင်ရေး လှုပ်ရှားသူနိုင်ဂျီးရီးယားနိုင်ငံသား နှစ်ဦးလည်း အဆိုပါစာရင်းတွင် ပါဝင်လာသည်။
ယခုနှစ် နိုဘယ်ဆုရာသီမှာ အောက်တိုဘာလ ၈ရက်မှ ၁၅ရက် အထိဖြစ်ပြီး အောက်တိုဘာလ ၈ ရက်တွင် ဆေးပညာ နိုဘယ်ဆုကို ထုတ်ပြန်ကြေညာခဲ့ရာ ဗြိတိန် နိုင်ငံသား သုတေသနပညာရှင် ဆာဂျွန် ဘီဂေါ်ဒန်နှင့် အမေရိကန် နိုင်ငံသား ဂျပန်သုတေသနပညာ ရှင် ရှင်ဟာ ယာမာနာကာတို့က ရင့်ကျက်ပြီး ဆဲလ်များကို အခြား ဆဲလ်အမျိုး မျိုး အဖြစ် ပြန်လည်ပြု ပြင်နိုင်မှုကို တွေ့ရှိခဲ့ခြင်းနှင့် ပတ် သက်ပြီး ပူးတွဲ ဆွတ် ခူးနိုင်ခဲ့သည်။ ဗြိတိန်ပညာရှင် ဆာဂျွန်ဂေါ်ဒန်သည် ၁၉၃၃ ခုနှစ် တွင်မွေး ဖွားခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ဖားတစ်ကောင်၏ ဥဆဲလ် ကို စမ်းသပ်မှုအရ ဆဲလ်များကို အခြားဆဲလ်များအဖြစ် ပြုပြင်ပေး နိုင်ကြောင်း တွေ့ရှိခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် မွေးဖွားသော အမေရိကန် နိုင်ငံသား ဂျပန်သုတေသနပညာ ရှင် ရှင်ယာဟာမာနာကာက မူ ၂ဝဝ၂ ခုနှစ်တွင် ကြွက်များရှိ ရင့်ကျက်ပြီးဆဲလ် (stem cells ) များကို မရင့်ကျက်သေး သည့် ဆဲလ် များအဖြစ် ပြန်လည်ပြုပြင်ပေးနိုင် ကြောင်း တွေ့ရှိခဲ့သည်။ အဆိုပါ ပုဂ္ဂိုလ်နှစ်ဦး၏ ဆေးပညာတွေ့ရှိ ချက်မှာ ဆေးပညာလောက အ တွက် အလွန် အဖိုးတန် အသုံးဝင်သော ကြောင့် ပူးတွဲနိုဘယ်ဆု ချီးမြှင့် ခံ ရခြင်းဖြစ်သည်။
၂ဝ၁၂ ခုနှစ်အတွက် ရူပဗေဒ နိုဘယ်ဆုကို အောက်တိုဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာရာ မော်ရိုကိုနိုင်ငံဖွားပြင်သစ်နိုင်ငံသား ရူပဗေဒပညာရှင် ဆာဂျီဟာဂိုချီနှင့် အမေရိကန် နိုင်ငံသား ရူပဗေဒ ပညာ ရှင် ဒေးဗစ်ဝိုင်းလန်းဒ်တို့ ပူးတွဲဆွတ်ခူးနိုင်ခဲ့သည်။
အောက်တိုဘာ ၁ဝ ရက် နေ့တွင် ဓာတုဗေဒနိုဘယ်ဆု၊ ၁၁ ရက်နေ့ တွင် စာပေနိုဘယ်ဆု၊ ၁၂ ရက်နေ့တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု နှင့် ၁၅ ရက်နေ့တွင် စီးပွားရေး ဆိုင်ရာနိုဘယ်ဆု တို့ကို ထုတ်ပြန် ကြေညာ မည်ဖြစ် သည်။
နှစ်စဉ် ချီးမြှင့်သော နိုဘယ် ဆုများတွင် ကမ္ဘာတစ်ဝန်းမှ စိတ် ဝင် စား မှုအမြင့်ဆုံးနှင့် ဂုဏ်သိက္ခာ အမြင့်မားဆုံးဟုယူဆထားကြသော ငြိမ်း ချမ်းရေး နိုဘယ်ဆုအတွက် လောင်းကစားကုမ္ပဏီများကလည်း လောင်းကြေး ဖွင့်လှစ် ထားကြရာ ယခုနှစ်အတွက် အီဂျစ်နိုင်ငံ၏မာသာထရီဇာဟု တင်စားခံရသူ မစ္စဂေါ့ဘရန်က အလေးပေးမှု စာရင်းတွင် အမြင့်ဆုံးဖြစ် သည်။ ၄င်းသည် အီဂျစ်နိုင်ငံ တစ်ဝန်းမှ ကံမကောင်းသော မိမဲ့၊ ဖမဲ့ ကေ လး ငယ်များအား ခရစ်ယာန်၊ မွတ် ဆလင် မခွဲခြားဘဲ ကူညီပေးေ န မှု ကြောင့် ယခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် ဖြစ်နိုင်ခြေအရှိ ဆုံးဟု ယူဆထား၍ အလေးပေးမှုမြင့် နေခြင်းဖြစ်သည်။
ထို့အပြင် ဂုဏ်သိက္ခာ ကြီးမား လှသော စာပေနိုဘယ်ဆု အတွက် တရုတ်နိုင်ငံသား စာရေးဆရာမိုယန် နှင့် ဂျပန်နိုင်ငံသား စာရေးဆရာ ဟာရုကီမူရာဏာမီတို့ ရေပန်းစား နေပြီး ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှ စာပေပညာရှင်များက ဆုရွေးချယ် ရေးကော်မတီအနေနှင့် အမျိုးသမီး တစ်ဦး သို့မဟုတ် မြောက်အမေရိက တိုက်သားတစ်ဦးအား ရွေးချယ်သင့် သည့်အချိန်ဟု ဆွေးနွေးအကြံပြု ထားရာ အမေရိကန်စာရေးဆရာ ဒွန်ဒီလီ လိုဖာဖာ၊ ဆိုမာလီနိုင်ငံသား နူရူဒင်ဖါရာနှင့် ကနေဒါဝတ္ထုတို စာ ရေးဆရာ အဲလစ်မွန်ရိုးတို့လည်း ခန့်မှန်း စာရင်းတွင် ပါဝင်လာသည်။ သို့ရာတွင် မည် သည့် ဝတ္ထုတိုစာရေး ဆရာကိုမှ စာပေနိုဘယ်ဆုချီးမြှင့် ခြင်း မရှိခဲ့ပေ။
ဆွီဒင်လူမျိုး ဒိုင်းနမိုက်တီ ထွင်သူအဲလ်ဖရက်နိုဘယ်က ၁၈၉၅ ခုနှစ်တွင် နိုဘယ်ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး ၁၉ဝ၁ ခုနှစ်မှ စ၍ ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ၊စာပေနှင့်ငြိမ်းချမ်းရေးနိုဘယ် ဆုများကို စတင်ချီးမြှင့်ခဲ့သည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုကို မြန်မာနိုင်ငံမှ ပထမဆုံးရရှိခဲ့ သူမှာ ဒေါ်ေ အာင် ဆန်းစုကြည် ဖြစ်ပြီး ၁၉၉၁ ခုနှစ်က ချီးမြှင့်ခံရခြင်း ဖြစ် သည်။

PN-055
Ref: AFP, nobleprize.org

News from : Popular Myanmar News Journal
Post By : Aye Chan Mon


 ဖေုဘုတ်မှကူးယူဖော်ပြပါသည်။

လမ်းလျှောက်တတ်သောသစ်ပင်

လမ်းလျှောက်တတ်သော သစ်ပင် (Walking Palm)

လမ်းလျှောက်တတ်သော သစ်ပင် တကယ့်အပြင်မှာ ရှိပါတယ်။ သူ့ကို Socratea exorrhiza လို့ခေါ်ပြီး Walking Palm လို့လည်း လူသိများပါတယ်။

အလင်းရောင်ရရှိမယ့် နေရာကို သူ့အလိုအလျောက် လမ်းလျှောက်နိုင်ပါ တယ်။ လမ်းလျှောက်တတ်သော သစ်ပင်ဆိုတာထက် အသက်ရှိသော သစ်ပင်လို့ဆိုရင် ပိုမှန်ပါတယ်။ အမြစ်ရဲ့  ကြီးထွားမှုနှုန်း၊ မြေထဲ စိုက်ဝင် မှုနှုန်းကို သူ့အလိုအလျောက် ထိန်းချုပ်နိုင်ပါတယ်
။ သစ်ပင်တစ်ပင်ပင်က သူ့အပေါ် လဲကျရင် အလိုအလျောက် ပြန်ထနိုင်ပါတယ်။ မြေဇီမြေသြဇာ မကောင်းတော့ဘူးဆိုရင် အခြား နေရာတစ်နေရာကို အလို အလျောက် ပြောင်းရွေ့ ပါတယ်။
...
အပင်က ပျမ်းမျှအားဖြင့် ၁၅ မီတာမှ မီတာ ၂၀ ကြားမြင့်နိုင်ပြီး ပတ်လည် လုံးပတ်ကတော့ ၁၂ စင်တီမီတာပဲ ရှိပါတယ်။ ဒါကြောင့် အမြစ်ကို လည်း မြေထဲမှာပဲ အားလုံး မြှုပ်မနေစေပဲ ခြေထောက်များပမာ ထုတ်ထား တာမျိုးကိုလည်း ယခုလို မြင်တွေ့ရပါတယ်။ ဒါကြောင့် သူ့ကို လမ်းလျှောက် တတ်သော သစ်ပင် လို့ အများက အသိမှတ်ပြု ထားကြပါတယ်။
---
အသေးစိတ်ဝင်ရောက်လေ့လာရန် -http://en.wikipedia.org/wiki/Socratea_exorrhiza

News from : International news for myanmar
Post By : Aye Chan Mon
 
ဖေ့ဘုတ်မှကူးယူဖော်ပြပါသည်။

Saturday, 6 October 2012

မြန်မာပြည်မှာလည်းလုယှက်သူများပြားလာ

ယနေ့(အောက်တိုဘာ ၅ ရက်) မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အနီးရှိ ကမ္ဘောဇဘဏ်ခွဲ တစ်ခုမှ ငွေထုတ်ပြီး ပြန်လာသော အအေးခန်း စက်ရုံပိုင်ရှင် တစ်ဦးအား လုယက်မှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ လုယက်မှု ဖြစ်ပွားသောကြောင့် ငွေလုယက် ခံရသူမှာ ဒဏ်ရာများရရှိခဲ့ကာ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


28

မြန်မာသင်္ဘောသားနှစ်ဦးပါဝင်သည့်သင်္ဘောမီးလောင်မှု့ ဖြစ်

ကိုသစ်ထူးလွင်ဆိုဒ်မှတဆင့် ပြန်လည်မျှဝေခြင်း
မြန်မာလူမျိုး သင်္ဘောသားနှစ်ဦး ပါဝင်သည့် ကုန်တင် သင်္ဘောတစ်စီး ယနေ့ နံနက်ပိုင်းက မီးသင့်လောင်ကျွမ်း ခဲ့သည်။ ကမ္ဘောဒီးယား အလံလွှင့် ထူထားသည့် အဆိုပါ ကုန်တင် သင်္ဘောဝယ် သင်္ဘောသား (၉)ဦး ပါဝင်သည့် အနက် (၇)ဦးမှာ တရုပ် လူမျိုးများဖြစ်ပြီး ကျန်(၂)ဦးမှာ မြန်မာ လူမျိုးများ ဖြစ်ကြသည်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Thursday, 30 August 2012

လမင်းကြီးကိုမြင်တိုင်းသတိရနေရမယ့်သူ

အာကာသယာဉ်မှူး အမ်းစထရောင်းအတွက် ဂုဏ်ပြုပွဲတွေ ကျင်းပ

လမင်းကြီးက ပြုံးပြနေတာကို ကြည့်ပြီး နီးလ်ကို သတိရလိုက်ပါ
အမေရိကန် ပြည်ထောင်စုမှာ မနေ့က ကွယ်လွန်သွား ခဲ့တဲ့ လကမ္ဘာ ပေါ် ပထမဆုံး ခြေချခဲ့သူ အမေရိကန် အာကာသ ယာဉ်မှူး နီးလ် အမ်းစထရောင်း အတွက် ချီးကျူး ဂုဏ်ပြုပွဲတွေ အကြီးအကျယ် ပြုလုပ်နေ ပါတယ်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကြောက်မက်ဖွယ်ရာ..မုန်တိုင်း

ဟာရီကိန်း Isaac အမေရိကန်ပြည်နယ်တွေ ဝင်မွှေ

ဟာရီကိန်း Isaac ဟာ နယူးအော်လင်းမြို့ကို ဦးတည်နေပြီး လူဝီဆီယားနား၊ မစ္စစ္စပီပြည်နယ်တွေကနေ အာကင်ဆောပြည်နယ်ကို ရောက်သွားနိုင်ပါတယ်။

အမေရိကန်မြောက်ဘက် ကမ်းရိုးတန်းကို မိုးသက်လေပြင်းတွေနဲ့အတူ ရောက်ရှိလာတဲ့ ဟာရီကိန်း မုန်တိုင်း Isaac ဟာ ကုန်းတွင်းပိုင်းကို တဖြည်းဖြည်း ၀င်ရောက်လာနေပြီး-----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Sunday, 22 July 2012

မြန်မာ့ရေပိုင်နက်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၉၁ ဦးနှင့် ထိုင်းနိုင်ငံသား တစ်ဦးအား ဖမ်းဆီး

ရန်ကုန်၊ ဇူလိုင်-၂၁မြန်မာနိုင်ငံ ရေပိုင်နက်အတွင်း သို့ ၀င်ရောက်လာသည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား ၉၁ ဦးနှင့် ထိုင်း နိုင်ငံသား တစ်ဦးတို့ကို မြန်မာ့ တပ်မတော်(ရေ)မှ ဇူလိုင် ၂၀ ရက်က စစ်တွေမြို့ပင်လယ်ပြင် တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိသည်။''စက်လှေက ယိုးဒယားနိုင်ငံ က စက်လှေပါ။...
      ဆက်လက်ဖတ်ရှု့ ရန်ဒီကိုနှိပ်ပါ

Saturday, 2 June 2012

မဟုတ်မှန်းသိသင့်ပြီလို့ ထင်ပါတယ်..

ရိုဟင်ဂျာ မြန်မာတိုင်းရင်းသားမဟုတ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြော

မေလ ၂၈ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို ကရင်ရိုးရာဝတ်စုံဖြင့် တွေ့ရစဉ်
မေ ၂၉၊ ၂၀၁၂ - သူရမျိုး (YPI)


ရိုဟင်ဂျာဆိုသည်မှာ မြန်မာတိုင်းရင်းသားမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီက မေလ ၂၈ ရက်နေ့ က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ်သော KNU ရွှေ့ပြောင်းဒုက္ခသည်များ အားမှတ်ပုံတင်ထုတ်ပေးသည့် အခမ်းအနားတွင် သတင်းထောက်တစ်ဦး၏မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်သည်။

“ ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာဆိုတာမရှိဘူး ကျွန်တော်တို့တိုင်းရင်းသား လူမျိုးစုထဲမှာ ရိုဟင်ဂျာဆိုတာရှိလည်းမရှိဘူး ။ ကျွန်တော်တို့တိုင်းရင်းသားလည်း မဟုတ်ဘူး ” ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။

ရိုဟင်ဂျာဆိုသည်မှာ အင်္ဂလိပ်မြန်မာပထမ စစ်ပွဲအပြီး မြန်မာနိုင်ငံအနောက်ခြမ်းမှ အင်္ဂလိပ်များနှင့်အတူ ၀င်ရောက်လာသော လူမျိုးများ ဖြစ်ပြီး ဂျပန်ခေတ် အင်္ဂလိပ်များ ဆုတ်ခွာသွားသည့်အခါ လက်နက်ကိုင်တော်လှန်ရေးအတွက် ထားခဲ့သူများဖြစ်ကြောင်း ထိုသူများမှ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ကြေငြာခြင်းဖြစ်ကြောင်း ပြန်ထောင်စုဝန်ကြီးဦးခင်ရီ ကပြောကြားသည်။

ရိုဟင်ဂျာသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းရာနှင့်ချီနေထိုင်လာခဲ့သော မေ့လျော့ခံမြန်မာလူမျိုးစုဖြစ်ကြောင်း ဘီဘီစီသတင်းဌာနမှ သတင်းထောက် မိုက်သွန်မဆင်က ၂၀၀၆ ခုနှစ်မတ်လ က ရေးသားခဲ့သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းက ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးWilliam Hague  မြန်မာပြည်လာရောက်စဉ်အတွင်း ဗြိတိန်သံရုံးတွင်ကျင်းပသောသတင်းစာရှင်းလင်းပွဲ၌ ရိုဟင်ဂျာများအား တိုင်းရင်းသား အနေဖြင့် အခွင့်အရေးများ ပေးရန် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ၁၉၈၂ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၃ အရ ၁၈၂၃ ရှေ့ပိုင်း မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းမှသာ မွေးရာပါနိုင်ငံသားအဖြစ်သတ်မှတ်ကြောင်းပြောသည်။            ။
 Yangon Press International

မြန်မာပြည်သို့ ကူးစက်ကုန်ပြီလား..အကျင့်ဆိုးများတို့ ရယ်

လမ်းမတော်မြို့နယ်တွင်နေထိုင်သူ
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသည့် အသက်၁၆နှစ်အရွယ်မိန်းကလေးတစ်ဦးကို သတ်ပြီးမီးရှို့ကာ ရွှေထည်ပစ္စည်းများခိုးယူသွားသူကို ၄၄နာရီအတွင်းဖော်ထုတ်ဖမ်းဆီးရမိ

မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက လမ်းမတော်မြို့နယ်တွင်နေထိုင်သူ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သတ်ပြီးမီးရှို့ကာ ရွှေထည်ပစ္စည်းများ ခိုးယူသွားသူကို ၄၄ နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ပြစ်မှုကျူးလွန်သူကို သက်သေထွက်ဆိုထားသူ ၃ ဦးမှ ပြောကြားသည့် အချက်အလက်များနှင့် ရွှေပုစွန်မုန့်ဆိုင်၏ CCTV Camera မှတ်တမ်းအရ ဇွန်လ ၁ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ၎င်းနေထိုင်ရာ အမှတ် (၁၃၄၅)၊ ထူပါရုံ (၉)လမ်း၊ (၁)ရပ်ကွက် သာကေတမြို့နယ် နေအိမ်မှ ခေါ်ယူစစ်ဆေးကြောင်း သိရှိရသည်။

ပြစ်မှုကျူးလွန်သူဟု မသင်္ကာသူ ကိုမျိုး (ခ) မျိုးလွင် ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုရုံး စစ်ကြောရေးခန်းမတွင် အထူးအဖွဲ့တို့နှင့် ပူပေါင်း၍ အသေးစိတ်စစ်ဆေးခဲ့ရာ ကနဦးတွင် ငြင်းဆိုခဲ့သော်လည်း ဇွန်လ ၂ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် ၎င်းမှ ပြစ်မှုကျူးလွန်ပုံအား အမှန်အတိုင်း ထွက်ဆိုခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်ပုံနှင့် ပတ်သက်၍ အဆိုပါအမှုမှ မသင်္ကာသူအား စစ်ဆေးရာတွင် ၂၁၁၂ ခုနှစ် မေလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် သာကေတမြို့နယ် (၇) ဈေးကားမှတ်တိုင်မှ ၃၅ မီနီဘတ်စီး၍ သွားရောက်ခဲ့ကြောင်း၊ စံပြမှတ်တိုင်တွင် ဆင်းခဲ့ပြီးနောက် ရွှေပုဇွန်မုန့်တိုက်သို့ သွား၍ ကွတ်ကီးနှင့် လျှာပေါ်ဝဲမုန့် ကျပ် ၃၀၀၀ ဖိုးဝယ်ယူခဲ့ပြီး လမ်းမတော် (၇) လမ်းရှိ ဒေါ်စန်းရီနေအိမ်သို့ သွားရောက်ခဲ့ကြောင်း အမှတ်(၇၆)ရှေ့ တိုက်ခန်းအောက်သို့ ရောက်ရှိစဉ် ခေါင်းလောင်းကြိုးဆွဲသော်လည်း လူထွက်မလာ၍ တိုက်လှေကား သံပန်းအား အမည်မသိ အမျိုးသားတစ်ဦးနှင့် ကလေးတစ်ဦးတို့ ဖွင့်ထွက်စဉ် လှေကားပေါ်တက်ရောက်ခဲ့ကြောင်း၊ အချင်းဖြစ်တိုက်ခန်းရှေ့တွင် တံခါးခေါက်ရာ သေဆုံးသူ စုစန္ဒီအောင်မှ "ဘယ်သူလဲ" ဟုအော်မေး၍ "ဦးမျိုးပါ ၊ မုန့်လာပို့တာပါ" ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း၊ တံခါးဖွင့် အိမ်ခန်းအတွင်းဝင်ရောက်ခဲ့ပြီး ၊ဆီးသွားချင်၍ အိမ်သာသို့ သွားရောက်ခဲ့ကြောင်း၊ အိမ်သာအတွင်း ပြစ်မှုကျူးလွန်ရန်တွေးတောခဲ့ပြီး အိမ်သာမှ ထွက်ပြီးနောက် ကပ်လျှက်မီးဖိုအခန်းမှ အ၀ါရောင် စတီဓါးအား ခါးကြားထိုး၍ အိမ်ရှေ့ပြန်ထွက်လာခဲ့ကြောင်း စုစန္ဒီအောင်အား တံခါးပိတ်ရန်ပြောခဲ့ပြီး၊ တံခါးပိတ်နေစဉ် သူမ၏နောက်မှ ယူဆောင်လာသော ဓါးဖြင့် ခုတ်ခဲ့ရာ ဦးခေါင်းနောက်စေ့အားခုတ်မိပြီး မှောက်လျက်လဲကျသွားခဲ့ကြောင်း၊ ကြောက်လန့်နေ၍ နောက်ထပ် (၄)ချက်ဆင့်ခုတ်ခဲ့ကြောင်း၊ စုစန္ဒီအောင်သည် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေကာ ငြိမ်ကျသွားပြီးနောက် အခန်းအတွင်းသို့ ခြေထောက် ရုတ်တရက်ဆွဲ၍ အနီးရှိ ခေါင်းဦး၊ ဂွမ်းကပ် အထည်စများကို အလောင်းပေါ်ပုံထားခဲ့ကြောင်း၊ ထို့နောက် အနီးရှိ ဗီဒိုအား ဓါးဖြင့် ကလန့်ဖွင့်ခဲ့ရာ ကြွပ်ကြွပ်အိပ်ဖြင့် ထည့်ထားသော ငွေစက္ကူများတွေ့ရှိသော်လည်း မယူခဲ့ပဲ ရွှေထည့်ထားသည့် ဗူးဝိုင်းအနီများ ထည့်ထားသော အိတ်ကိုယူပြီး အတွင်းမှ ရွှေထည်ပစည်း ၁၁မျိုးအား ယူဆောင်ခဲ့ကြောင်း ဓားအားအနီးရှိ အ၀တ်စဖြင့်သုတ်ကာ အ၀တ်စအား အလောင်းပေါ်တင်ကာ မီးဖိုချောင်ထဲပြန်ထားခဲ့ကြောင်း၊ ထို့နောက် မီးခြစ်တွေ့သဖြင့် စက္ကူစများကို မီးညှိပြီး အလောင်းပေါ်အုပ်ထားသည့် အထည်များအား မီးရှို့ခဲ့ကြောင်း၊ ထို့နောက် အခန်းတံခါးပြန်ပိတ်ပြီး လှေကားမှဆင်းရာ မြေညီထပ်သံပန်းတံခါးသော့ခတ်ထားသဖြင့် ပထမအလွှာရှိ အခန်းတံခါးအား ခေါက်ခဲ့ကြောင်း၊ ခဏအကြာမြေညီထပ် အင်တာနက်ဆိုင်မှ သားအဖနှစ်ဦး သံပန်းတံခါးဖွင့်ကာ လှေကားပေါ်တက်လာစဉ် “ဘာလို့တံခါးတွေကိုလိုက်ခေါက်နေတာလဲ“ ဟုမေးရာ “ပြောင်းလာတဲ့လူသစ်တွေကိုလာရှာတာ၊ တောင်းပန်ပါတယ်“ ဟုပြောပြီး အောက်သို့ဆင်းကာ ထွက်ခွာခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်းသိရသည်။

ယင်းကဲ့သို့ ပြစ်မှုကျူးလွန်ရသည့်အကြောင်းအရင်းမှာ ပြစ်မှုကျူးလွန်သူသည် လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်မှစ၍ သေဆုံးသူ၏မိခင် ဒေါ်စန်းရီထံမှ ငွေဆယ်သိန်းကျပ်မှစတင်ကာ အတိုးနှုန်းကြီးစွာဖြင့်ချေးယူပြီးနောက် အလီလီထပ်မံချေးယူခဲ့ရာ စုစုပေါင်း ၂၅သိန်းခန့်ရှိခဲ့ကြောင်း၊ တစ်လအတိုးသည် သုံးသိန်းကျပ်ဖြစ်၍ အကြွေးလည်ပင်းနစ်ခဲ့ကြောင်း၊ အရင်းပေးဆပ်နိုင်ခြင်းမရှိ၍ ဒေါ်စန်းရီထံတောင်းပန်ရန် အစီအစဉ်ရှိခဲ့ကြောင်း၊ သို့သော် ဒေါ်စန်းရီသည် 0973155959 ဖုန်းဖြင့် 0973151535 ဖုန်းနှစ်လုံးတို့အား ဆုကြေးအဖြစ် ပြစ်မှုကျူးလွန်သူ လင်မယားကို ရောင်းချခဲ့ရာတွင် ၄င်းဇနီးကိုယ်တိုင်သည် တာတာဟန်းဆက်ဖုန်းမှာ ခြောက်သိန်းမတန်သော်လည်း မတရားငွေကြေးရယူကာ ရောင်းချခဲ့သည်ကို ကျေနပ်ခြင်းမရှိကြောင်း၊ ယင်းသို့ ၄င်း၏ မိသားစုအား ဒေါ်စန်းရီမှ အတိုးများမတရားတောင်းခံခြင်း၊ မောက် မာစွာပြောဆိုခြင်း၊ ငွေကြေးအပေါ်ခေါင်းပုံဖြတ်ခြင်းများကြောင့် ၄င်း၏ မိသားစုစားဝတ်နေရေးနှင့် လူနေမှုဘ၀ နလန်မထူဖြစ်ခဲ့ရကြောင်း စသည့်အကြောင်းအမျိုးမျိုးကြောင့် ဒေါ်စန်းရီအား နာကြည်းမုန်းတီးစိတ်ကို တစ်ဒင်္ဂအတွင်း စဉ်းစားဆင်ခြင်ဥာဏ် မရှိတော့ဘဲ ဒေါ်စန်းရီ၏ သမီးဖြစ်သူအပေါ်တွင် ဒေါသဖြင့် ပြုမူသတ်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ ကိုမျိုး(ခ)မျိုးလွင်၊ အသက်(၄၂)နှစ်သည် နေ့စဉ် ငါး၊ ပုဇွန်ဝယ်ရောင်းလုပ်သူဖြစ်ပြီး ၄င်းကိုလမ်းမတော်ရဲစခန်း (ပ)၁၃၀/၂၀၁၂ ပုဒ်မ ၃၀၂/၄၃၆/၂၀၁/၃၉၂ ဖြင့် အမှုဖွင့်ပြီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။   
   credit: eleven media group on facebook

Thursday, 17 May 2012

သစ်ထူးလွင်ဝက်ဆိုဒ်မှ

မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းကျရောက် မှုကြောင့် ကြို့ ပင်ကောက်၌ အိမ်ခြေ နှစ်ရာကျော် ပျက်စီး

မေလ ( ၁၆ ) ရက်နေ့  ညနေ ၅ နာရီခန့် က မိုးသည်းထန်ရွာ သွန်းမှု အတူ လေပြင်းကျရောက်မှု ကြောင့် ကြို့ ပင်ကောက် မြို့ ပေါ်နှင့် ကျေးရွာ အချို့ တွင် အိမ်ခြေ နှစ်ရာ ကျော် ခန့် ပြိုလဲပျက်စီးခဲ့ပြီး ကျွဲ၊ နွား တိရိစ္ဆာန် အချို့ သေကြေခဲ့ကြောင်း မြို့ ခံများ၏ ပြောကြားချက် အရသိရသည်။

အလာတူ လေပြင်းကျရောက်မှု နေပြည်တော် လေပြင်းတိုက်မှု ပျဉ်းမနားတွင်လည်းဖြစ်ပွားခဲ့ကြောင်း
Popular Myanmar News Journal ဖေ့စ်ဘုတ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။
လေပြင်းတိုက်မှု ပျဉ်းမနားတွင်ဖြစ်ပွားစဉ်

လေပြင်းတိုက်မှု ပျဉ်းမနားတွင်ဖြစ်ပွားစဉ်


Saturday, 7 April 2012

ဖောက်ပြန်စပြုလာပြီဖြစ်သောကျနော်တို့ ၏ကမ္ဘာကြီး

မန္တလေးမြို့တော်တွင် ယနေ့ ညနေ ၃ နာရီခန့်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများ နှစ်ကြိမ် ကျခဲ့ကြောင်း မန္တလေး ဒေသခံများထံမှ သိရသည်။

ညနေ ၃ နာရီခန့်မှ စတင်ကာ မိုးရွာသွန်းခဲ့ပြီး ၃ နာရီ မိနစ် ၂၀ တွင် အသေးစား ကျောက်ခဲအရွယ် မိုးသီးများ ကျခဲ့ကာ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ထပ်မံ၍ မိုးသီးများ ကျခဲ့ကြောင်း၊ ညနေ ၅ နာရီတွင် မိုးရွာသွန်းမှု ရပ်တန့် ခဲ့ကြောင်း၊ မိုးသီးကျချိန်တွင် လမ်းမများပေါ်တွင် လူသူနည်းပါးနေချိန် ဖြစ်သဖြင့် ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း ၎င်းတို့က ပြောကြားသည်။
 
  The Voice Weekly
 
------------------------------------------------
မန္တလေး ဧပြီ ၆

ယနေ့ညနေပိုင်းတွင် ကျရောက်ခဲ့သော မိုးသက်လေပြင်းများကြောင့် ၂၆လမ်း။၆၆နှင့်၆၇ လမ်းကြား ဆီဒိုးနား ဟိုတယ် ရှေ့ ကျုံးဘေးရှိ သက်တမ်းရင့် ပေပင်ကြီးသည် ဆောက်လုပ်ဆဲ သင်္ကြန်မဏ္ဍ့ပ် ပေါ် လဲကျခဲ့ရာ မဏ္ဍ့ပ် မှာတစ်ခြမ်းခန့်ပျက်စီးသွားပြီး လမ်းပိတ်ဆို့သွားသဖြင့် စည်ပင်ဝန်ထမ်းများက ချက်ချင်းလာရောက်ရှင်းလင်းခဲ့ရပါသည်။ ထိုသို့ဖြစ်ပွား ရာတွင် ထိခိုက်ဒဏ်ရာရရှိ မှု တစ်စုံတစ်ရာမရှိကြောင်းသိရှိရသည်။
CJMyanmar

photo credit: John Major

ဖောက်ပြန်စပြုလာပြီဖြစ်သောကျနော်တို့ ၏ကမ္ဘာကြီး

ကမ္ဘာပေါ်မှာ အမြင့်ဆုံး စစ်မျက်မှာပြင် တခု အဖြစ် သတ်မှတ်ထားတဲ့ နေရာ ဖြစ်ပါတယ်
ပါကစ္စတန် နိုင်ငံ ကက်ရှ်မီးယား အငြင်းပွား ဒေသဘက်က စစ်အခြေစိုက် စခန်းတခုမှာ နှင်းတောင်ပြိုတဲ့အတွက် နှင်းတွေဖုံးအုပ် သွားတဲ့ စစ်သား ၁၀၀ ကျော်ထဲက တခိျု့အလောင်း တွေကို ရှာတွေ့ခဲ့ပြီလို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။

ဒါပမယ့်လည်း ဘယ်လောက်များများ အသက်ရှင် ကျန်နေတယ် ဆိုတာကို မပြောနိုင်သေးဘူးလို့ ပါကစ္စတန်စစ်တပ်က ပြောပါတယ်။အခု နှင်းတောင်ပိတဲ့ တပ်ရင်းဌာနချုပ်ဟာ ပင်လယ်ရေ မျက်နှာပြင်အမြင့် မီတာ ခြောက်ထောင် အထက်မှာရှိတဲ့ ဆီရန်ချန် ရေခဲတောင်ပေါ်မှာ ဖြစ်ပြီး၊ ဝေးလံခေါင်သီလှတဲ့ အတွက် ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အနံ့ခံ ခွေးတွေ ချထားရာမှာ ရဟတ်ယာဉ်တွေနဲ့ သွားရောက် ချထားခဲ့ရတယ်လို့ စစ်တပ်က ပြောပါတယ်။

ပါကစ္စတန် စစ်တပ် ပြောခွင့်ရသူ ဗိုလ်ချုပ် အက်တာ အာဘတ်စ်က အဲဒီတပ်စခန်းအပေါ် ပြိုကျခဲ့တဲ့ ဆီနှင်းထုကြီး ဟာ အလွန်ကြီးမားတဲ့အတွက် ထိခိုက်ပျက်စီးမှု အတိုင်းအတာဟာ မျှော်မှန်းမထားတဲ့ ပမာဏ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ဒါကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြည့်ပြည့်ဝဝ လုပ်ကိုင်နိုင်ဖို့ ရက်အတော်ကြာ အချိန် ယူရနိုင်တယ်လို့ ဆိုပါတယ်။

ဒီဒေသဟာ ပါကစ္စတန်ဘက်ကရော အိန္ဒိယဘက်ကပါ သူပိုင်ငါပိုင် အငြင်းပွားပြီး၊ နှစ်ဘက် စစ်တပ်က တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ချထားတဲ့နေရာ ဖြစ်တာကြောင့် ကမ္ဘာ့ အမြင့်ဆုံး စစ်မျက်နှာပြင် တခုလို့ လူသိများပါတယ်။၂၀၁၀ ခုနှစ်တွေတုန်းကလည်း ဆီးနှင်းပြိုကျမှုကြောင့် ပါကစ္စတန် စစ်သား ၂၄ ဦး သေဆုံးခဲ့ဖူး ပါတယ်။

ဘီဘီစီ