မိမိကြိုက်ရာရွေးချယ်ရှာပါ
Showing posts with label ဗုဒ္ဒဘာသာအကြောင်းသိကောင်းစရာများ. Show all posts
Showing posts with label ဗုဒ္ဒဘာသာအကြောင်းသိကောင်းစရာများ. Show all posts
Saturday, 28 July 2012
ဘုရားဟောတရားများ
ဗုဒ္ဓမြတ်စွာ ဘုရားဟောကြားသော လူစင်မမှီသူ ၁၀ မျိုး (လူ့ဘုံမှ သုဂတိအဟိတ်ပုဂ္ဂိုလ် ၁၀မျိုး)
၁။ ဇစ္စန္ဓ = ပဋိသန္ဓေအားဖြင့် ကန်းသူ။ (စက္ခုပသာဒ ချို့သောသူ)
၂။ ဇစ္စဗဓိရ = ပဋိသန္ဓေအားဖြင့် နားထိုင်းသူ။ (သောတပသာဒ ချို့သူ)
၃။ ဇစ္စယာန = ပဋိသန္ဓေအားဖြင့် အနံ့မသိသူ။ (ဃနပသာဒ ချို့သူ)
၎။ ဇစ္စမူဂ = ပဋိသန္ဓေအားဖြင့် စကားမပီဘဲ၊ ထစ်ထစ်အအဖြစ်သူ။
၅။ ဇစ္စဧဌ = ပဋိသန္ဓေအားဖြင့် ထိုင်းမှိုင်းဖျင်းအသူ။
၆။ ဇစ္စုမ္မတ္တက = ပဋိသန္ဓေအားဖြင့် ရူးနမ်းသူ။
၇။ ပဏ္ဍက = ယုတ်ညံ့သောအမှုမျိုးကို ပြုလုပ်မှ ကာမဂုဏ်ခံစားနိုင်သူ။
၈။ ဥဘတောဗျဉ္ဇနက = မိန်းမတစ်လှည့်၊ ယောင်္ကျားတစ်လှည့်ဖြစ်သူ။
၉။ နပုံသက = (နပုံပဏ္ဍုတ်) မိန်းမအင်္ဂါလည်းမထင်ရှား၊ ယောင်္ကျားအင်္ဂါလည်း
မထင်းရှားသူ။
၁၀။ မမ္မ = မန်းစွဲသူ၊ စကားပြောလျှင် အမျှင်မပြတ်ဘဲ
တရွတ်ဆွဲပြီး ပြောရသူ။
လူစင်မမှီဟု မခေါ်ဆိုထိုက်သူများ
စက္ခုပသာဒရုပ်ဖြစ်ပြီးမှ (ပိုးကောင်ကိုက်ခြင်း၊ ဓါတ်သဘာဝ မညီညွတ်ခြင်း)စသော တစ်စုံတစ်ခုသော ဘေးရန်ကြောင့် ပျက်စီးသူများကို ဇစ္စန္ဓ (သန္ဓေကန်း) ဟု မခေါ်ဆိုအပ်ပါ။ စက္ခုမပါဘဲ မွေးဖွားလာသော်လည်း စက်မှု၊ လက်မှု၊ နှုတ်မှု စသော အတတ်ပညာကို ကျွမ်းကျင် တတ်မြောက်သဖြင့် ဒွိဟိတ်၊ တိဟိတ် ပုဂ္ဂိုလ်မျိုးဖြစ်သည်။
ယင်း ၁၀မျိုးတို့သည် ကံအကြောင်းလှသည်နှင့်တိုက်ဆိုင်၍ လူဖြစ်သော်ငြားလည်း ပဋိသန္ဓေစိတ် ညံ့သွားသောကြောင့် လူစဉ်မမှီဘဝသို့ ရောက်ရှိကြသည်။ ပဋိသန္ဓေစိတ်ဟူသည် ဘဝဟောင်းအပြတ်တွင် ဘဝဟောင်းနှင့် ဘဝသစ် ဆက်စပ်ပေးသော စိတ်ကိုဆိုလိုသည်။ မိမိပြုခဲ့သော ကံအားလျော်စွာ ထိုထိုဘဝတို့၌ စိတ်၊စေတသိတ် နှင့် ကမ္မဇရုပ်များ၏ အစဦးဆုံးဖြစ်သည်ကို ပဋိသန္ဓေနေခြင်းဟု ခေါ်ဆိုသည်။
ပဋိသန္ဓေ ၄မျိုးရှိသည်။
အပါယ်ပဋိသန္ဓေ၊ ကာမသုဂတိပဋိသန္ဓေ၊ ရူပပဋိသန္ဓေ၊ အရူပ ပဋိသန္ဓေ တို့ဖြစ်သည်။ (အကျယ်တစ်ပွင့်သိလိုလျှင် မေးမြန်းနိုင်ပါသည်။)
လူဖြစ်ရခြင်းသည် ကာမသုဂတိပဋိသန္ဓေဖြစ်ပြီး ၉မျိုးထပ်ခွဲရာ လူစဉ်မမှီရခြင်းသည် ဟိတ်တရားမယှဉ်သော ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေခြင်းဖြစ်သည်။
ဟိတ်တရားခြောက်ပါး ဖြစ်သည့် (လောဘ၊ဒေါသ၊မောဟ၊ အလောဘ၊အဒေါသ၊ အမောဟ)တရားတို့ကိုဆိုလိုသည်
လူစဉ်မမှီခြင်းသည် ထိုဟိတ်များမှ တစ်ပါးပါး (သို့မဟုတ်) အားလုံးချို့နေခြင်းဖြစ်သည်။ လူမှန်လျှင် လောဘ (အာရုံကိုတောင့်တခြင်း)၊ ဒေါသ (စိတ်၏ခက်ထန်မှုသဘော)၊ မောဟ (အာရုံ၏သဘောအမှန်ကိုဖုံးကွယ်မှုသဘော) နှင့် ၄င်းတို့ဆန့်ကျင့်ဘက် အလောဘ (အာရုံကို မတောင့်တခြင်းသဘော)၊ အဒေါသ (အာရုံကို မစွဲလမ်းခြင်းသဘော)၊ အမောဟ (အာရုံ၏ သဘောအမှန်ကို သိရှိခြင်းသဘော) စသည်တို့နှင့် ယှဉ်ရပေသည်။
ထို့ကြောင့် လူအမျိုးအစားထပ်ခွဲပြန်သည်။ တိဟိတ်ပုဂ္ဂိုလ်နှင့်၊ ဒွိဟိတ် ပုဂ္ဂိုလ်
တိဟိတ်ပုဂ္ဂိုလ်သည် အလောဘ၊ အဒေါသ၊ အမောဟ တို့ပါယှသ်သော်ငြားလည်း
ဒွိဟိတ်တွင် အမောဟ ဟူသော ဟိတ်တစ်ပါးမပါပေ။ သို့သော် ဒွိဟိတ်ပုဂ္ဂိုလ်သည် လူစဉ်မှီသည်။ လူစဉ်မှီသော်ငြားလည်း ထိုကဲ့သို့လူမျိုး နိဗ္ဗာန်ရောက်ကြောင်းတရားများ မရနိုင်ပေ။ မကြိုးစား နိုင်ပေ။ လောကီပိုင်းဆိုင်ရာ အတတ်ပညာများတွင် ထူးချွန်ကောင်းထူးချွန်ချေလိမ့်မည်။ လောကုတ္တရာပိုင်း အားမထုတ်နိုင်ချေ။ (ဥပမာ- တရားကျင့်ကြံရန် အများတိုက်တွန်းသောကြောင့် ကျင့်ကြံသော်ငြားလည်း တရားမရနိုင်သည့် ပုဂ္ဂိုလ်မျိုး)
အနှစ်ချုပ်အားဖြင့် သာမန်လူတစ်ယောက်အား အမျိုးယုတ်သည်၊ အမျိုးညံ့သည်။ လူစဉ်မှီသည်၊ မမှီသည်ကို အများသဘောအရ မဆုံးဖြတ်အပ်ချေ။ ဥပမာ- လူ.ကိုယ်ခန္ဓာတွင် အမွှေးမပေါက်သောသူအား အမျိုးယုတ်သည်ဟု မဆိုအပ်ပေ။ ၄င်းမှာယွင်းနေသောအယူအဆ ဖြစ်သည်။ အမျိုးယုတ်သည် ဟူခြင်းသည် အမျိုးညံ့သည် (လူမျိုးညံ့သည်) ကိုဆိုခြင်းဖြစ်ရာ လူစဉ်မှီသူ၊ မမှီသူ၊ ဒွိဟိတ်ဖြစ်၊ တိဟိတ်ဖြစ်တို့ဖြင့်လည်း ထောက်ပြရှင်းလင်းနိုင်ပါသည်
သတ္တဝါအပေါင်းကိုယ်စိတ်နှစ်ဖြာရွှင်လမ်းကျန်းမာသုခအပေါင်းနှင့် ပြည့်စုံကြပါစေ။
By International news for myamar
ဗုဒ္ဒ၏စွယ်တော်စစ်မှန်ပုံ
သိပ္ပံပညာရှင်များ ဗုဒ္ဓ၏စွယ်တော်(သွား)ကို စစ်ဆေးကြခြင်း
သိပ္ပံပညာရှင်များ
ဗုဒ္ဓ၏စွယ်တော်(သွား)ကို စစ်ဆေးကြခြင်း။
ဗုဒ္ဓပွင့်ပေါ်ခဲ့တာက(BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊
မိုဟာမက်ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓကမိုဟာမက်ထက်လဲနှစ်ပေါင်း (၁၁၉၃)နှစ်
ပိုစောခဲ့တော့ ၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့ဗုဒ္ဓရဲ.စွယ်တော်(သွား)ရဲ. သက်တမ်းဟာ
နှစ်ပေါင်း(၂၆၃၃)နှစ်ရှိနေပါပြီ။အဲဒီလောက်သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ
သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်းသိပ္ပံပညာရှင်တို.က အဲဒီသွားကို
Genetic Engineering နည်းနဲ. စမ်းသပ် စစ်ဆေးလိုပါတယ်လို. အကြိမ်ကြိမ်တောင်း
ဆိုလို. တရုတ်အစိုးရက ခွင့်ပြုလိုက်တော့သိပ္ပံပညာရှင်တို.စမ်းသပ်တွေ.ရှိချက်တွေ
ကတော့..........
(၁) ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၆၀၀)ခန်.ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့
(၂) လူသားတဦးရဲ့ သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့
(၃) ၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသား
တဦးရဲ့DNAနဲ.မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်)ရဲ့ DNA အဖြစ်
ကောက်ချက်ချပါတယ်တဲ့
အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတို.ရဲ.
သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို.အမိန်.ထုတ်လိုက်ပါတယ်တဲ့၊
ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။
အနောက်အုပ်စု/အမေရိကန် နှင့် တရုတ် တို. ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။
သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက်ကောင်းမွန်နေပါတယ်
သူငယ်ချင်းတို.ရေ...........
မှတ်ချက်။ ၁၉.၁.၂၀၁၀နေ.၊ ထားဝယ်မြို.တွင် ဓမ္မစေတီဆရာတော်ဟောကြားခဲ့သေ
ဒါနကထာ တရားတော်မှ ကောက်နှုတ်ဆင့်ပွားချက်လေးပါ
arkar.s@gmail.com က... ကိုထွန်းထွန်းသူ( CAFE 35 - Internet and game center)ဆီသို့
ပို့ပေးတာကို ကျွန်တော်ကကိုထွန်းထွန်းသူထံမှာ ပြန်လည်တောင်းခံပြီး မာတီရဲ့ သူငယ်ချင်းများဆီ
ဖြန့် ဝေလိုက်ရင်း ကျွန်တော်တို့ရဲ့ အတုမရှိ မြတ်ဗုဒ္ဓ အား ဒီပို့စ်လေးနဲ့ ကန်တော့လိုက်ပါတယ် ...။
လေးစားခင်မင်လျှက် ` ၀ဿန်မြေ ´
အပြည့်အစုံ သိချင်သူများ ဒီနေရာလေးကို သွားပါခင်ဗျာ ...
http://www.myanmarchatonline.org/forum/index.php?topic=33508.msg350653#msg350653
Wednesday, 6 June 2012
သိမှတ်စေရန်....သိမ်းဆည်းရန် အတွက်
ဘုရားရှင် လက်ထက်တွင် ထူးခြားသော ယောကျာ်း (၁၁)ဦး နှင့် ယောကျာ်းမြတ်တို့ သိသင့်သောအချက်များ
ဘုရားရှင် လက်ထက်တွင် ထူးခြားသော ယောကျာ်း (၁၁)ဦး
၁။ တဖုဿ - ဘုရားရှင်ကို ရှေးဦးစွာ လှူဒါန်းရသူ။
၂။ ဘလ္လိက - ဘုရားရှင်ကို ရှေးဦးစွာ လှူဒါန်းရသူ။
၃။ အနာထပိဏ်သဌေး - အလှူအများဆုံးလှူသူ။
၎။ ဟတ္ထာဠာဝက - ဝတ္ထုပစ္စည်းဖြင့် ပရိသတ်အား ဆွဲဆောင်နိုင်သူ။
၅။ စိတ္တသူကြွယ် - အလွန်တရားဟောကောင်းသူ။
၆။ မဟာနမ်သာကီဝင်မင်း - အခါမပြတ်ပေးလှူတတ်သူ။
၇။ ဝေသာလီဥဂ္ဂသူကြွယ် - နှစ်သက်ဖွယ်ရာကို ပေးလှူတတ်သူ။
၈။ ဟတ္ထဂါမဥဂ္ဂသူကြွယ် - သံဃာတော်တို့အား လုပ်ကျွေးတတ်သူ။
၉။ စူဠပန် - ဘုရားကို အလွန်ကြည်ညိုသူ။
၁၀။ ဇီဝက - ရဟန်းတော်များအား အထူးကြည်ညိုသူ။
၁၁။ နကုလပိတာသူကြွယ်- ဘုရားနှင့်အလွန် ကျွမ်းဝင်သူ။
ယောကျာ်းကောင်းတို့၏ အား(၅)ပါး
၁။ ကာယဗလ - ကိုယ်ခန္ဓာ တောင့်တင်းအင်အားကြီးမားခြင်း။
၂။ ဘောဂဗလ - ပစ္စည်းဥစ္စာ ရတနာရွှေငွေ ကြွယ်ဝခြင်း။
၃။ မိတ္တဗလ - ဆွေမျိုးကောင်း မိတ်ဆွေကောင်း ပေါများခြင်း။
၎။ ပညာဗလ - အမျိုးမျိုးသော အတတ်ကိုတတ်ခြင်း။
၅။ စာရိတ္တဗလ- ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း။
ယောကျာ်းကောင်းတို့၏ ရှိအပ်သောဂုဏ်(၆)ပါး
၁။ ခမာဂုဏ် - သည်းခံခြင်း။
၂။ ဇာဂရီနဂုဏ် - နိုးကြားခြင်း။
၃။ ဥဋ္ဌာနဂုဏ် - လုံ့လဝီရိယရှိခြင်း။
၎။ သံဝိဘာဂဂုဏ် - ဝေဖန်ပိုင်းခြားတတ်ခြင်း။
၅။ ဒယာဂုဏ် - သနားကြင်နာတတ်ခြင်း။
၆။ ဣက္ခနဂုဏ် - အရာရာ၌ ဆင်ခြေတတ်ခြင်း။
ယောကျာ်းကောင်းတို့၏ ရှောင်ရှားအပ်သောအမှု(၅)ပါး
၁။ အလုပ်လုပ်ရာတွင် ထိုင်းမှိုင်းတွေဝေပြီး နှေးကွေးစွာလုပ်ခြင်း။
၂။ သတ္တိနည်းပါး၍ ကြောက်ရွံ့စိုးရိမ်တတ်ခြင်း။
၃။ အအိပ် အလွန်ကြူးစုံမက်ခြင်း။
၎။ သည်းခံစိတ်မရှိ၊ အလွန်ဒေါသကြီးခြင်း။
၅။ လုံ့လဝီရိယ အလွန်နည်းပါးခြင်း။
ဒီစာလေးတွေကိုလည်း သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။ မှော်ဖတ်ဖူးတဲ့စာအုပ်တွေထဲက ကောက်နုတ်ပေါင်းစုတင်ပြ လိုက်တာပါ။ မှော်ဖြူ တို့ယောကျာ်းလေးတွေ ပိုသိသင့်တယ်ထင်လို့ အမျိုးသားထု အတွက် ရေးသားလိုက်တာပါ။ နောင်တစ်ချိန်မှာ ယောကျာ်းကောင်း၊ ယောကျာ်းမြတ်များ ပေါ်ထွက်ကြပါစေဗျာ။
မေတ္တာဖြင့်
မှော်ဖြူလုလင်
Saturday, 2 June 2012
အတုယူကြပါ..တို့ မြန်မာ..
အရှေ့တောင်အာရှရဲ့ ဒုတိယ အချမ်းသာဆုံးဖခင်ဖြစ်သူနဲ့ သားရဟန်းတို့ အကြောင်း
by Dennis Chew on Sunday, June 3, 2012 at 1:27pm ·
တစ်ကမ္ဘာလုံးက Ananda Krishnan ဆိုယင် လူတိုင်းနီးပါး သိချင်ကြမှာ မဟုတ်ပါဘူး။ တကယ်တော့ သူဟာ အရှေ့တောင် အာရှနိုင်ငံမှာ ဒုတိယ ကမ္ဘာ့အချမ်းသားဆုံးစာရင်းမှာ ၈၉ နေရာပါ။ သူ့ရှေမှာတော့ မလေးရှား တစ်နိုင်ငံထဲသား မလေးတရုတ် Robert Kuok က $12.5 billion ပိုင်ဆိုင်ပြီးတော့၊ Ananda Krishnan ကတော့ US$9.6 billion ပိုင်ဆိုင်ပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ မလေးရှားနိုင်ငံမှာလည်း အချမ်းသာဆုံးနဲ့ ဒုတိယ အချမ်းသားဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။ အခု ပြောပြမှာကတော့ မလေးရှားနဲ့ အရှေ့တောင် အာရှရဲ့ ဒုတိယ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်တဲ့ Ananda Krishnan အကြောင်းပဲ ဖြစ်ပါတယ်။ နာမည် အပြည့်အစုံကတော့ Tatparanandam Ananda Krishnan ဖြစ်ပါတယ်။ သူဟာ မလေး-သီရိလင်္ကာ-တမီးလ် လူမျိုး တစ်ဦး ဖြစ်ပါတယ်။ ကိုးကွယ်တဲ့ ဘာသာကတော့ ဗုဒ္ဓဘာသာပါ။
လက်ရှိ သူရဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ media (Astro), satellite (MEASAT), oil and gas (Bumi Armada, Pexco), telecommunications (Maxis, Aircel) ,Tanjong Public Limited Company, an investment holding company with subsidiaries involved in power generation (Powertek), gaming (Pan Malaysian Pools), leisure (Tropical Islands, TGV Cinemas) များဖြစ်ပါတယ်။ Multimedia လုပ်ငန်းနဲ့ အောင်မြင်လာတဲ့ သူဟာ ယခုလည်း အိန္ဒိယရဲ့ Sun Network နဲ့ သူပိုင်ဆိုင်တဲ့ Astro ပူးပေါင်းပြီး အိန္ဒိယ စီးပွားရေးလောကမှာ ချဲ့ထွင်ဖို့အတွက် TV channels များ ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ ဟောင်ကောင်အခြေစိုက် TVB.com နဲ့ the Shaw Brothers movie archives တို့ကိုလည်း ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။ Maxis Communications and MEASAT Broadcast Network Systems အတွက် သူ့ရဲ့ communication satellites သုံးလုံးဟာ အကာကထဲမှာ ကမ္ဘာကို ပတ်ပြီး အလုပ်လုပ်နေကြပါတယ်။
Ananda Krishnan ရဲ့ မိဘတွေဟာ သီရိလင်္ကာနိုင်ငံက တမီးလ်လူမျိုးများဖြစ်ကြပြီး မလေးရှားမှာ အခြေချနေထိုင်ခဲ့တာမို့ သူ့ကို Kuala Lumpurမြို့မှာ မွေးဖွားခဲ့တာပါ။ သြစတးလျနိုင်ငံ University of Melbourneမှာ နိုင်ငံရေး သိပ္ပံနဲ့ B.A. (Honours) ရရှိခဲ့ပြီး Harvard University မှာ Masters in Business Administration (M.B.A.) ဘွဲ့များ ရရှိခဲ့ပါတယ်။
 Ananda Krishnan မှာ သားသမီး ၃ ယောက်ရှိပါတယ်။ သမီး ၂ ယောက်နဲ့ သား ၁ ယောက်ပါ။ သားလေး တစ်ယောက်တည်း ပါလာတာမို့ သူ့သားဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သူ့အရိုက်အရာကို ဆက်ခံဖို့အတွက် မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့ပါတယ်။ သူသားကို UK သွားပြီး ပညာသင်ခိုင်းပါတယ်။ ပညာစုံလို့ ပြန်လာတော့ သူ့သားဟာ စီးပွားရေးကို စိတ်မ၀င်စားပဲ တရားစာအုပ်တွေနဲ့ပဲ အချိန်ကုန်နေခဲ့ပါတယ်။ ဘုန်းကြီးကျောင်းသွားပြီး မကြာခန တရားအားထုတ်ပါတယ်။ ဖခင်ဖြစ်သူက သားကို အာရုံပြောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ကိုယ်ပိုင် ဂျက်လေယာဉ် ၀ယ်ပေးပြီး လုံခြုံရေးအပြည့်နဲ့ အပျော်ခရီးထွက်စေခဲ့ပါတယ်။ ဘယ်လို ပုံစံပြောင်းပြောင်း သူ့သားဟာ မပြောင်းလဲခဲ့ပါဘူး။ လူတွေရဲ့ ငွေတွေအပေါ်မှာ သာယာနှစ်သက်မှုတွေကြောင့် လောဘ၊ ဒေါသ၊ မောဟ တွေ ဖြစ်နေကြတာကို ကြည့်ပြီး သူ့ဟာ စိတ်ပျက်လာခဲ့ပါတယ်။ မိသားစုဟာ ချမ်းသာနေပေမယ့် သူ့စိတ်ကတော့ မချမ်းသာခဲ့ပါဘူး။ လူတွေက ငွေတွေကို ခုံမင်နေကြပေမယ့် သူကတော့ ငွေတွေကို ရွံရှာနေပါတယ်။ နောက်ဆုံးမှာတော့ သူဟာ ထိုင်ငံနိုင်ငံ မြောက်ပိုင်းက တောရစခန်းမှာ တရားအားထုတ်ယင်း ဘုန်းကြီးဝတ်လိုက်ပါတော့တယ်။ ပြီးတော့ ဘွဲ့တော် Ajahn Siripanno ဖြစ်လာခဲ့ပါတယ်။
 Ananda Krishnan ဟာ သားဖြစ်သူ ဘုန်းကြီးဝတ်သွားလို့ စိတ်ထိခိုက်ခဲ့တာတော့ ရှိတယ်။ ဒါပေမယ့် သူ့သားကို စိတ်မဆိုးခဲ့ပါဘူး။ သူကိုယ်တိုင်ကလည်း ဗုဒ္ဓဘာသာအပေါ် လေးလေးနက် ယုံကြည်သက်ဝင်သူ တစ်ဦးပါ။ အရှေ့တောင် အာရှမှာ နဲ့ မလေးရှားမှာ ဒုတိယ အချမ်းသာဆုံးဖြစ်နေပေမယ့် သူကိုယ်သူ ထင်ထင်ပေါ်ပေါ် နေလေ့မရှိပါဘူး။ ဘုန်းကြီးကျောင်းတွေကို ထောက်ပံ့လှူဒါန်းပါတယ်။ လူမှုရေးအဖွဲ့အစည်းတွေမှာ လှူဒါန်းပါတယ်။ အထူးသဖြင့် ပညာရေးကဏ္ဍတွေမှာ လှူဒါန်းပါတယ်။ ဒီအလှူအတန်းတွေကြောင့် သူ့ကို လူတွေက လေးစားကြပါတယ်။
 တစ်နေ့မှာ Ananda Krishnan က သားဖြစ်သူ Ajahn Siripanno ကို ဖွယ်ဖွယ်ရာချက်ပြုတ်ပြီး ဆွမ်းစားပင့်ပါတယ်။ သားဖြစ်သူက ငြင်းပယ်လိုက်ပါတယ်။ သားဖြစ်သူက တစ်ခြားဘုန်းကြီးတွေလိုပဲ အ၀ါရောင် သင်္ကန်းဝတ်ပြီး သပိတ်တစ်လုံးနဲ့ ဆွမ်းခံကြွရတာကို ပိုမိုနှစ်သက်ပါတယ်တဲ့။
သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ Ananda Krishnan ဟာ သူ့သားတော် အကြောင်းကို ထည့်သွင်းပြောကြားပါတယ်။ “With all my wealth I cannot even afford to feed my own son.” ( ကျနော့် ရှိသမျှ စည်းစိမ် ဥစ္စာတွေက ကျနော်ကပ်တဲ့ ဆွမ်းကို ဘုဉ်းပေးဖို့ ကျနော့်သားရဟန်းကို မစွမ်းဆောင်နိုင်ပါဘူး) လို့ ပြောဆိုသွားခဲ့ပါတယ်။
 ဖခင်ဖြစ်သူဟာ မကြာခနဆိုသလို သူ့သားရဟန်းဆီ သွားရောက်လေ့ ရှိပြီး၊ သားဖြစ်သူရဲ့ တရားပွဲတွေကိုလည်း နောက်က တစ်ကောက်ကောက်လိုက်ယင်း ဝေရာဝစ္စ ကုသိုလ်ပြုနေသူ တစ်ဦးပါ။
ဒီသားအဖ နှစ်ယောက်ကို စံနမူထားပြီးပြောရမယ်ဆိုယင် အရာရာတိုင်းကို ငွေနဲ့ ၀ယ်ယူလို့ မရဘူးဆိုတာပဲ။ Money is God ဆိုတာလည်း ဒီသားအဖ နှစ်ယောက်အတွက်တော့ မှန်ကန်တဲ့ စကားရပ် မဟုတ်ပါဘူး။
Credit: Buddha FM
Source: Malaysia’s 2nd richest man’s s
Friday, 18 May 2012
္ဓ္ဒ္ဓ္ဓဓမ္မဂင်္ဂါဘလော့မှကူးယူဖော်ပြသည်
တရုတ်နိုင်ငံမှာ ဗုဒ္ဓဦးခေါင်းတော်တွေ့ရှိပြီ
ဦးခေါင်းရတနာဓါတ်တော်ကြုတ်
ဒီရက်ပိုင်းအတွင်းမှာ တရုတ်နိုင်ငံရဲ့ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေက အံ့မခန်းတွေ ဖြစ်နေခဲ့ပါတယ်။ ကွန်မြူနစ်ပါတီကြီးစိုးတဲ့ တရုတ်နိုင်ငံကြီးမှာ ဗုဒ္ဓဘာသာကို နေရာတစ်နေရာ အခိုင်အမာပြန်ပေးနေပြီဆိုတဲ့ သတင်းလေးကိုလည်း ဘလော့မှာ ဖော်ပြခဲ့ဖူးတာ မှတ်မိကြပါလိမ့်မယ်။ ပြီးခဲ့တဲ့လကလည်း အိန္ဒိယသမ္မတကြီး ကိုယ်တိုင် တရုတ်နိုင်ငံပြည်သူတွေအတွက် ဆန်ချီစေတီပုံတူ ဗုဒ္ဓဘုရားကျောင်းတော်တစ်ခု လက်ဆောင် နှင်းအပ်ကာ ဖွင့်လှစ်ပေးခဲ့ပါသေးတယ်။
လွန်ခဲ့တဲ့ ကြာသပတေးနေ့ကတော့ တရုတ်ပြည်သူသန်းပေါင်းများစွာဟာ တရုတ်နိုင်ငံကွန်မြူနစ်ပါတီကြီးရဲ့
ဆယ်စုနှစ်ငါးခုကြာအောင် ဘာသာမဲ့ဥပဒေနဲ့ စည်းမျဉ်းများကန့်သတ်ခဲ့ရာ တရုတ်ပါလီမန်အဆောက်အဦရဲ့ မဟာခန်းမကြီးထဲမှာ ကပြတဲ့ နိဗ္ဗာန်၊ ကံတရားနဲ့ သံသရာစတဲ့ ဗုဒ္ဓ၀င်နဲ့ ဗုဒ္ဓဓမ္မဆိုင်ရာ သရုပ်ဖော်ကကွက်တွေကို ကြည့်ရှုခွင့်ရခဲ့ကြပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှု နောက်ပိုင်းမှာ ကြီးကျယ်တဲ့ ဘာသာရေးလမ်းဖွင့်မှု အသွင်လက္ခဏာတစ်ခုပါပဲတဲ့။
တရုတ်ဗုဒ္ဓဘာသာအသင်းကြီးရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ရှူချင်းက “ ဗုဒ္ဓဘာသာဟာ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှု အစိတ် အပိုင်းတစ်ခုပါပဲ၊ တရုတ်နိုင်ငံပြည်သူတွေဟာ စီးပွားရေးပြုပြင်ပြောင်းလဲမှု နှစ်သုံးဆယ်နောက်ပိုင်းမှာ ရုပ်ပိုင်းဆိုင်ရာကြွယ်ဝမှုကို ခံစားနေကြရပါပြီ၊ အခု သူတို့လိုနေတာ ဘ၀ရဲ့ ဘာသာရေးအနှစ်သာရတွေကို ပိုင်ဆိုင်ကြဖို့ပါပဲ” လို့ ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ “ဒီကပွဲကြီးဟာ နတ်ပြည်မိုးကောင်းကင်နဲ့ မြေကြီးဆက်စပ်နေတဲ့ ဘ၀အကြောင်းအခြင်းအရာ အရှေ့တိုင်းစကြာဝဠာအယူအဆကို ပုံဖော်ခြင်းပါပဲ ” လို့ ဖော်ပြခဲ့ပါတယ်။ ထူးခြားတာက ဘေဂျင်းမြို့တော်စည်ပင်က ဒီကပွဲကို ဦးဆောင်ကျင်းပခဲ့တာဖြစ်သလို ဒီကပွဲနဲ့ ပတ်သက်ပြီးလည်း “ ဒါဟာ ကွန်ဖြူးရှပ်ဝါဒ၊ဗုဒ္ဓ၀ါဒနဲ့ တာအိုဝါဒအမြင်တွေနဲ့ လူသားပြဿနာကို အဖြေရှာခြင်း ”လို့ ဖွင့်ဟခဲ့တာပါ။ “ဒါဟာ ကွန်မြူပါတီတာဝန်ရှိသူတွေဆီက ထွက်လာဖို့ခက်တဲ့ စကားပါပဲ ”လို့ သတင်းစာတွေက အံ့သြဘနန်းရေးသားကြပါသေးတယ်။
ပိုပြီးထူးခြားတဲ့ သတင်းကတော့ တရုတ်နိုင်ငံမှာ ဗုဒ္ဓဦးခေါင်းတော်အစစ်တွေ့ရှိခြင်းပါပဲ။
၂၀၀၈ ခုနှစ်မှာ ဆုန်မင်းဆက်(အေဒီ ၉၆၀-၁၂၇၉)က ဆောက်ခဲ့တဲ့ နန်ကျင်းချန်ကင်းဘုရားကျောင်းပျက်ထဲက ဒီဗုဒ္ဓဦးခေါင်းမဏိတော်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဘုရားကျောင်းဆောင်ရဲ့ အောက်မှာ ဦးခေါင်းခွံရိုးပါရှိတဲ့ သစ်သားစေတီတော်ကြုတ်ကို တွေ့ရှိခဲ့တာပါ။ သုတေသီတွေဟာ ငွေကြုတ်ထဲမှာ မြုတ်နှံထားတဲ့ ရွှေကြုတ်တော်ပါဝင်တဲ့ “အသောကမင်းတရား၏ ရတနာ (၇)ပါးစေတီတော်” လို့ ရေးထားတဲ့ ကမ္ဗည်းစာတိုင်ကိုလည်း တွေ့ရှိခဲ့ကြပါတယ်။
ဓါတ်တော်ကြုတ်ဟာ တရုတ်နိုင်ငံမှာ တွေ့ရှိသမျှဓါတ်တော်ကြုတ်တွေထဲမှာ အကြီးဆုံးနဲ့ အကောင်းမွန်ဆုံးလို့ ဆိုပါတယ်။ ဗုဒ္ဓဘာသာပညာရှင်တစ်ယောက်က ဒီဓါတ်တော်ကြုတ်မှာ ဆန်းကြယ်ရှုပ်ထွေးတဲ့ နည်းပညာတွေကို တွေ့မြင်ရပါတယ်လို့ဆိုပါတယ် ။ ဓါတ်တော်ကြုတ်ကို ရွှေ၊ငွေ၊ စန္ဒကူးသားတွေနဲ့ ပေါင်းစပ်ပြု လုပ်ထား တာဖြစ်ပြီး ဦးခေါင်းတော်ကိုတော့ ရွှေတံတင်း(သေတ္တာ)ငယ်လေးထဲမှာ ရေမွှေးပုလင်းတစ်ခုနဲ့ အတူ ကျနသေချာစွာ သိမ်းဆည်းထားခြင်းဖြစ်ပါတယ်။ ဓါတ်တော်ကြုတ်ကို စိန်ပွင့်ပေါင်းလေးရာ့ငါးဆယ်ကျော် စီခြယ်ထားပါသေးတယ်။
နန်ကျင်းပြတိုက်ရဲ့ ရှေးဟောင်သုတေသနအကြီးအကဲနဲ့ ပညာရှင်တစ်ဦးဖြစ်သူ ချိဟိုင်နင်းကတော့ “ ဒါဟာ ကမ္ဘာမှာ တစ်ခုတည်းသာ ရှိတဲ့ သကျမုနိအရှင်ရဲ့ ဦးခေါင်းတော်မြတ်ဖြစ်ပြီး အသောကဘုရင်မင်းမြတ်က တရုတ်နိုင်ငံနဲ့ ကမ္ဘာအရပ်ရပ်ကို ပေးပို့တဲ့ ဓမ္မပဏ္ဏာဓါတ်တော်တွေထဲက အစိတ်အပိုင်းတစ်ခုပါပဲ”လို့ ဆိုပါတယ်။
တရုတ်နိုင်ငံအစိုးရဟာ တန်ဖိုးကြီးမားလှတဲ့ ဦးခေါင်းမဏိတော်ရတနာကို နန်ကျင်းအရှေ့ပိုင်းမြို့တော်၊ ချိရှာဘုရားကျောင်းမှာ ဌပနာရေးအတွက် လွှဲပြောင်းပေးအပ်ဖို့ ရှေးဟောင်းသုတေသနအရာရှိတွေကို ခွင့်ပြုခဲ့ပါတယ်။ နိုင်ငံပိုင်ရုပ်မြင်သံကြားက လွှင့်ထုတ်ပေးတဲ့အတွက် တရုတ်ပြည်သူသန်းပေါင်းများစွာဟာ ဗုဒ္ဓအရှင်ရဲ့ ဦးခေါင်းမဏိဓါတော်ကို ဖူးမျှော်ခွင့်ရခဲ့ကြပါတယ်။
တကယ်တော့ ရှေးဟောင်းသုတေသနတွေ့ရှိမှုတွေကို များသောအားဖြင့် ဘုရားကျောင်းတွေကို အစိုးရက လွှဲပြောင်းပေးလေ့မရှိဘူးလို့ဆိုပါတယ်။ ဒီဗုဒ္ဓဦးခေါင်းမဏိဓါတ်တော်ရတနာနဲ့ပတ်သက်ပြီး အစိုးရရှေးဟောင်း သုတေသနသမားအရာရှိများဟာ သုတေသနတွေ့ရှိချက်ဓါတ်ပုံပြပွဲနဲ့ ဓါတ်တော်ဌပနာပွဲများကျင်းပဖို့ သတင်းစာရှင်းလင်းပွဲ အပါအ၀င် လုပ်ငန်းအားလုံးကို တာဝန်ယူဆောင်ရွက်နေကြပါတယ်။
ဗုဒ္ဓအရှင်ရဲ့ ဦးခေါင်းတော်အစစ်ရတနာဓါတ်တော်ကို ထိမ်းသိမ်းစောင့်ရှောက်ဖို့ ချိရှာဘုရားကျောင်းမှာ သင့်လျော်တဲ့ အပူဒီဂရီပေးထားတဲ့ အထူးကြုတ်တစ်ခုမှာ ပူဇော်ထားရှိမှာ ဖြစ်ကြောင်း အစိုးရမီဒီယာက ဖော်ပြထားပါတယ်။
ဒါပေမယ့် အသောကမင်း(ဘီစီ ၂၆၉-၂၃၂)နဲ့ ဆုန်မင်းဆက်(၉၆၀-၁၂၇၉)နဲ့ကြားထဲမှာ နှစ်ပေါင်းတစ် ထောင်နှစ်ရာလောက်ကွာနေတာရယ် ၊ အဲဒီကွာဟနေတဲ့ နှစ်တွေအတွင်းမှာ ဒီဦးခေါင်းတော်မြတ်ကို ဘယ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်ဆိုတာတော့ မသဲကွဲဘူးလို့ အိန္ဒိယတိုင်းသတင်းစာက ရေးသား ထားပါကြောင်း။
မူရင်းစာမျက်နှာ(၁)
မူရင်းစာမျက်နှာ(၂)
မူရင်းစာမျက်နှာ(၃)
မူရင်းစာမျက်နှာ(၄)
Saturday, 12 May 2012
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိ
by Htoo Tint Naing on Saturday, May 12, 2012 at 2:14pm ·
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိ
==================================================
မြန်မာနှစ် ၁၂၉၈ ခု၊ တပေါင်းလပြည့် (ခရစ်နှစ် ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်) အင်္ဂါနေ့၌ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့ဖြစ်သည်။
၁၉၄၄ ခုနှစ်တွင် သဲကုန်းမြို့၊ တပ်ရွာ အလယ်ကျောင်း၌ ဘုန်းတော်ကြီးပညာ အခြေခံများကို စတင်သင်ယူခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ရှင်သာမဏေ၊ ၁၉၅၇ ခုနှစ်တွင် ရဟန်းပြုသည်။ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် အထက်တန်း ပိဋကတ်စာပေများကို လေ့လာသင်ယူဆည်းပူးခဲ့သည်။
၁၉၆၁ တွင် ဓမ္မာစရိယ စာချတန်းအောင်မြင်၍ သာသနဓဇ ဓမ္မာစရိယဘွဲ့ ရရှိခဲ့သည်။ ၁၉၆၂ တွင် သံဃာ့တက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၆၅ တွင် ဗုဒ္ဓွသာသနာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်မှာပင် ဧရာဝတီတိုင်း လေးမျက်နှာမြို့၌ မြန်မာဗုဒ္ဓသာသနာပြုကျောင်း (B.B.M. College) ကို တည်ထောင်ခဲ့သည်။ ၁၉၆၈ မှစ၍ စစ်ကိုင်းတောင်၌ ဗုဒ္ဓစာပေများကို စတင်သင်ကြားပို့ချခဲ့သည်။ ၁၉၇၂ မှစ၍ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကျုံကရွာ သပိတ်အိုင်တောရကျောင်း၌ ၄ နှစ်ကြာ ပဋိပတ်အလုပ် အားထုတ်ခဲ့ပြီး ၁၉၇၅ မှစ၍ မြန်မာပြည်အနှံ့ ဗုဒ္ဓဒေသနာများ ဟောကြားခဲ့သည်။
၁၉၇၇ တွင် စစ်ကိုင်းတောင်၌ သီတဂူကျောင်းတိုက်၊ ၁၉၇၈ တွင် သီတဂူသာသနာပြုအဖွဲ့ကို စတင်တည်ထောင်ပြီး ၁၉၇၉ ၌ ကမ္ဘာလှည့်သာသနာပြုလုပ်ငန်းကို စတင်ခဲ့သည်။ ယနေ့အထိ နိုင်ငံပေါင်း ၄၅ နိုင်ငံကျော် လှည့်လည်ခဲ့ပြီး အစည်းအဝေးပေါင်း ၅ဝ ကျော် တက်ရောက်ခဲ့ပြီးဖြစ်သည်။
၁၉၈ဝ ပြည့်နှစ်တွင် စစ်ကိုင်းတောင် ‘သီတဂူ ရေအလှူတော်စီမံကိန်း’ကို တည်ဆောက်ခဲ့သည်။ ရေအလှူတော်စီမံကိန်းသည် ဧရာဝတီမြစ်အတွင်းမှရေကို စစ်ကိုင်းတောင်ရိုးပေါ်အရောက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ရေစက်ရုံ ၃ ရုံ၊ ရေသန့်စက်ရုံ ၂၊ ရေကန် ၁၂ လုံးဖြင့် စစ်ကိုင်းတောင် ချောင်ပေါင်း ၉ဝဝ ကျော်ရှိ ရဟန်း သာမဏေ၊ သီလရှင် ၉ဝဝဝ ကျော်တို့အား ရေပိုက်လိုင်း ပေပေါင်း ၂ သိန်းခွဲကျော်ဖြင့် တစ်နေ့လျှင် ရေဂါလံ ၅ သိန်းခန့် ပေးဝေလျက်ရှိသည်။
၁၉၈၅ တွင် ကျပ်သိန်း ၅ဝဝ ကျော် ကုန်ကျသော ခုတင် ၁ဝဝ ဆံ့ ‘သီတဂူ အာယုဒါနဆေးရုံတော်’ကို စတင်တည်ဆောက်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ထိုဆေးရုံက ကျန်းမာရေးစရိတ်မတတ်နိုင်သော ရဟန်းသံဃာတော်များသာမက ဆင်းရဲနွမ်းပါးသော ပြည်သူလူထုကို အခမဲ့ ဆေးကုသနိုင်ရန် လှူဒါန်းဒါနပြုလျက်ရှိသည်။ ပြည်ပမှ မျက်စိကုဆရာဝန်ကြီးများအား ဖိတ်ကြား၍လည်း နှစ်စဉ် မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။ ဆရာတော်သည် ရေအလှူတော်၊ အာယုဒါန အလှူတော်သာမက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ကလေးငယ်များ စောင့်ရှောက်နိုင်ရေးများအတွက်ပါ သိန်းပေါင်းများစွာ လှူဒါန်းလျက်ရှိသည်။ ဆားတောင်၊ သီပေါ၊ ကလေး၊ နတ်မောက်၊ ပန်းတနော်၊ ထားဝယ်၊ မင်းတပ် နှင့် မြိုင်ကြီးငူ တို့၌လည်း ဆေးရုံများတည်ဆောက်လျက်ရှိသည်။
၁၉၉၄ တွင် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင်မြို့တွင် သီတဂူဗုဒ္ဓဝိဟာရကျောင်းတိုက်ကို စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၆ တွင် စစ်ကိုင်းတောင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့သည်။        
ဆရာတော်အား အစိုးရက မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့ (၁၉၉၃)၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့ (၁၉၉၅)၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့ (၁၉၉၇)၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်များ ကပ်လှူပူဇော်ခဲ့ပြီး ၂ဝဝ၃ တွင် ရန်ကုန်တက္ကသိုလ်က ဒီလစ် (D. Litt.) ဘွဲ့၊ ၂ဝဝ၅ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချူလာလောင်ကွန်တက္ကသိုလ်က ပီအိပ်ခ်ျဒီ (Ph.D) ဘွဲ့ အပ်နှင်းခဲ့သည်။ မြန်မာနှစ် ၁၃၆၉-ခု၊ ခရစ်နှစ် ၂၀၀၈-ခုနှစ်တွင် အိန္ဒိယနိုင်ငံ နာလန္ဒတက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။ မြန်မာနှစ် ၁၃၇၀-ခု၊ ခရစ်နှစ် ၂၀၀၉-ခုနှစ်တွင် ထိုင်းနိုင်ငံ မဟာမကုဋ်တက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။
ဆရာတော်သည် ၂ဝဝ၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ် နှင့် ၂ဝဝ၇ ခုနှစ်တွင် တင်နက်စီ ပြည်နယ်၌ သီတဂူဗုဒ္ဓဝိဟာရကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။
ဆရာတော်သည် မြန်မာနိုင်ငံရှိအကျဉ်းထောင်တို့တွင် နှစ်စဉ် အစာအာဟာရများ ကျွေးမွေးလှူဒါန်းခြင်း၊ တရားဓမ္မချီးမြှင့်ခြင်းတို့အပြင် ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကလေးများ၊ မျက်မမြင် ဆွံ့အ နားမကြား ဝေဒနာရှင်များ၊ စစ်မှုထမ်းဟောင်းများကို ငွေကြေး၊ ဆေး အစားအစာများ မကြာခဏ လှူဒါန်းလေ့ရှိသည်။ မြို့နယ်/ ကျေးလက်ဆေးရုံများသို့ လိုအပ်သည့် အဖိုးတန်စက်ကိရိယာများ ဆေးဝါးပစ္စည်းများ လှူဒါန်းလေ့ရှိပြီး စာသင်ကျောင်းများသို့လည်း ကွန်ပျူတာများ၊ သင်ထောက်ကူပြု လျှပ်စစ်ပစ္စည်းများ လှူဒါန်းလေ့ရှိသည်။
၂ဝဝ၈ ခု မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မုန်တိုင်းသင့်ဒေသများသို့ ဆရာတော်ကိုယ်တိုင် သွားရောက်ပြီး ဒေသခံများနဲ့အတူ အပင်ပန်းအဆင်းရဲခံကာ သောက်သုံးရေသန့်များရရှိအောင် ဆောင်ရွက်ခြင်း၊ ဘုရားကျောင်းကန် နေအိမ်များ ပြုပြင်ခြင်း၊ စာသင်ကျောင်းများ ပြုပြင်ဆောက်လုပ်လှူဒါန်းခြင်းများ လုပ်ဆောင်ခဲ့သည်။ မုန်တိုင်းသင့်ဒုက္ခသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတကာ အန်ဂျီအိုများပြီးလျှင် တစ်ဦးချင်းအနေဖြင့် ငွေကြေးပမာဏအများဆုံးကို ပြည်သူလူထုထံမှ ထိထိရောက်ရောက်အလှူခံကာ ဒုက္ခသည်များအတွက်လိုအပ်သော စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်များ လှူဒါန်းခြင်းတို့ကို စနစ်တကျ ကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သည်။   
ဆရာတော် ဟောကြားခဲ့သော တရားတော်များအနက် ၁၉၈၈ တွင် ဟောကြားခဲ့သည့် ‘ရာဇောဝါဒ -မင်းကျင့်တရားဆယ်ပါး တရားတော်’၊ ၂ဝဝ၇ တွင် ဟောကြားခဲ့သော ‘ဧကရာဇ်မင်းကြီးရဲ့ ဘဝနိဂုံးတရားတော်’ နှင့် ‘လူမိုက်တို့ သွားရာလမ်း တရားတော်’တို့ ပြည်သူများအကြား အထူးပျံ့နှံ့ ကြိုက်နှစ်သက်ခဲ့သည်။
ဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရသည် သပိတ်အိုင်တောရတွင် သီတင်းသုံးခဲ့ဖူးသောကြောင့် ‘သပိတ်အိုင်ဆရာတော်’ ဟူ၍လည်းကောင်း၊ သဲကုန်းမြို့နယ် ဇာတိဖွားဖြစ်သောကြောင့် ‘သဲကုန်းဆရာတော်’ ဟူ၍လည်းကောင်း၊ သီတဂူကျောင်း သီတဂူရေအလှူ သီတဂူဆေးရုံ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သီတဂူဗုဒ္ဓဝိဟာရ(အမေရိကန်) တို့ကို တည်ထောင်တော်မူခဲ့သည်ဖြစ်ခြင်းကြောင့် ‘သီတဂူဆရာတော်’ ဟူ၍လည်းကောင်း လူသိများထင်ရှားသည်။
ဆရာတော်သည် မြန်မာဘာသာဖြင့် စာအုပ်ပေါင်း ၁ဝဝ ကျော်နှင့် အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ပေါင်း ၃ဝ ကျော်တို့ကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။     ။
http://www.citizenofburma.org နှင့် http://lapyae456.multiply.com/journal/item/1  တို့ မှ ရှာဖွေကူးယူတင်ပြပါသည်ခင်ဗျာ။
မှတ်ချက်။
ယခုအခါ ဆရာတော်ဘုရားကြီးသည် သက်တော် ၇၅ ၊ ၀ါတော် ၅၅ ဖြစ်ပါသည်။ ဆရာတော်ကြီးလို သူတော်ကောင်း ပုဂ္ဂိုလ်မျိုးဟာ အလွန်ကြည်ညို လေးစားချီးကျုးထိုက်ပါတယ်။ ဆရာတော်ကြီးဟာ ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သလို နိုင်ငံ့အရေးမှာလည်း ခေါင်းဆောင်မှုကောင်းကောင်းနဲ့ ကိုယ်တိုင်မနေ မနားပါဝင်ဦးစီးဦးဆောင်လုပ်ခဲ့တာဆိုရင်ဖြင့် နာဂစ်အပြီး ကယ်ဆယ်ရေးလုပ်ငန်းများက သက်သေခံနေပါတယ်။ ဆရာတော်ကြီးသည် မျိုးချစ်စိတ်ဓာတ်အပြည့်ရှိ၍ နိုင်ငံ့အရေးတွေမှာ ခွန်အားအပြည့်နဲ့ အင်တိုက်အားတိုက် လုပ်ဆောင်နေတာ အများမျက်မြင်ဖြစ်ပါတယ်။ ဘယ်တော့မှ နားမနေပဲ အမျိုး ဘာသာ သာသနာအတွက် ကဏ္ဍအသီးသီးမှ  တတ်စွမ်းနိုင်သလောက် အစွမ်းကုန် အများအကျိုးဆောင်ရွက်တော်မူနေပါတယ်။ ဆရာတော်ဘုရားကြီးဟာ တစ်သက်မှာ တစ်ခါ ပေါ်ထွန်းလာတဲ့ သာသနာ့အာဇာနည် ပုဂ္ဂိုလ်မျိုးပါ။
ဆရာတော်ဘုရားကြီး၏ အများအကျိုးဆောင်ရွက်မှုသည် ကမ္ဘာကပင် ချီးကျုးရလောက်အောင် အလွန်ပြောင်မြောက်ပါတယ်။ ဆရာတော်ဘုရားကြီး၏ ပရဟိတ လူမှုရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်မှုမျိုးသည် မည်သူတစ်ဦးတစ်ယောက်မျှ မလုပ်နိုင်သော ဆောင်ရွက်ချက်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများ အားထားလေးစားရသော ပုဂ္ဂိုလ်မြတ်များတွင် ဆရာတော်ဘုရားကြီးသည် တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ မြန်မာ့သမိုင်းတွင်မက ကမ္ဘာ့ သမိုင်းတွင်ပါ တွင်ကျန်၍ ဆရာတော်ဘုရားကြီး ဂုဏ်သတင်းသည် ကျော်ဇောပျံ့ နှံ့ နေမည်ဖြစ်ပါသည်။  ဆရာတော်ဘုရားကြီးလို သာသနာ့အာဇာနည်ပုဂ္ဂိုလ်များ အမိမြန်မာနိုင်ငံတွင် များများပေါ်ထွက်လာပါစေလို့ လည်း ဆုတောင်းပေးပါတယ်။
ဆရာတော်ဘုရားကြီး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နှင့် သက်တော်ရာကျော်ရှည်ပါစေ ၊ အမျိုး ဘာသာ သာသနာ အကျိုးကို ဆထက်ထပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ တပည့်တော် ဆုတောင်းမေတ္တာပို့ သရင်း  ဤ ဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိလေးကို အများသူငါ သိရှိအောင်ပြန်လည်ကုသိုလ်ပြု ဖော်ပြခြင်းဖြင့် အဝေးမှနေ၍ ရှိခိုးပူဇော် ကန်တော့လိုက်ရပါတယ် အရှင်ဘုရား။
ထူးတင့်နိုင်
၁၂-၅-၂၀၁၂
နေ့ လည်၂း၀၀            0n facebook ဖေ့ဘုတ်မှကူးယူဖော်ပြသည်။
Friday, 4 May 2012
ဗုဒ္ဓနေ့ နှင့်ကဆုန်လပြည့်နေ့ အကြောင်း
Vesak နေ. ဗုဒ္ဓနေ့အကြောင်းမှတ်သားစရာ (ကဆုန် ညောင်ရေသွန်းပွဲ)
နိုင်ငံတိုင်းတွင် မိမိတို. ၏ ရိုးရာ အစဉ်အလာ အတိုင်း နေ.၊ ရက်၊ လ၊ နှစ် အမျိုးမျိုးကို သတ်မှတ် ကြသည် ဖြစ်ရာ ပြက္ခဒိန် အမျိုးမျိုး ရှိလေသည်။ Vesak Day နေ.ကို မြန်မာ နိုင်ငံတွင် နွေဥတု၏ နောက်ဆုံးလဖြစ်သော ကဆုန်လပြည့်နေ့တွင် ကျင်းပကြပါသည်။
မည်သို.ပင် ပြက္ခဒိန် သက္ကရာဇ် တွေ ကွဲပြား သော်လည်း ဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ် အဖြစ် ကျင်းပ ပြုလုပ် ခြင်းဖြစ်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို ရည်ညွှန်းခြင်းပင် ဖြစ်ပေသည်။
မြန်မာတို. ၏ လတကာတွင် ကဆုန်လသည် အမြတ်ဆုံး ဟု အသိ အမှတ်ပြုကြသည် ။ ဤသို. အသိအမှတ် ပြုရာ၌ အကြောင်းတရား လေးပါးရှိ ပါသည်။
(၁)ပထမ အကြောင်းမှာ ဂေါတမ မြတ်စွာ ဘုရား အလောင်းတော်သည် ဘုရားစင်စစ် ဧကန် ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာ ဘုရားထံမှ နိယတ ဗျာဒိတ်ကို ခံယူသည်မှာ ကဆုန် လပြည့်နေ. ဖြစ်သည် ဟူသော အကြောင်းဖြစ်၏ ။
(၂)ဒုတိယ အကြောင်းမှာ နိယတ ဗျာဒိတ်ကို ခံယူ ခဲ့ပြီးနောက် ဤဘဒ္ဒ ကမ္ဘာတွင် မဟာ သက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ၌ ဂေါတမ မြတ်စွာဘုရား အလောင်း သိဒ္ဓတ္ထ မင်းသားကို ဖွားမြင်တော် မူ၏ ။
(၃)တတိယ အကြောင်းမှာ မဟာ သက္ကရာဇ် ၁၀၃ ခု ကဆုန် လပြည့် နေ.တွင် ဂေါတမ မြတ်စွာ ဘုရားလောင်း တော်သည် ဗောဓိ မဏ္ဍိုင်၌ သဗ္ဗညုတ ဥာဏ်တော် ကိုရ၍ ဘုရားဖြစ်တော် မူ၏ ။
(၄)စတုတ္ထ အကြောင်းကား မဟာ သက္ကရာဇ် ၁၄၈ ခု ကဆုန် လပြည့်နေ.တွင် မလ္လာမင်း တို.၏ အင်ကြင်း ဥယျဉ်ဝယ် ဘုရားရှင် ပရိနိဗ္ဗာန် စံတော် မူခြင်း အကြောင်းဖြစ်၏။
ဤကဲ.သို. ကဆုန်လ၌ ထူးကဲသော အဖြစ်တို.ကို ဖြစ်တော်မူခြင်းကြောင့် ကဆုန်လကို အမြတ်ဆုံးလဟု မှတ်ယူ ကြပြီးလျှင် ကဆုန် လပြည့်နေ.၌ ညောင် ရေသွန်း ပွဲတော်ကို ခြိမ့်ခြိမ့် သဲသဲ ကျင်းပကြသည်။
ညောင်ရေ သွန်းလောင်းခြင်းကား မြတ်စွာဘုရား သဗ္ဗညုတ ဥာဏ်တော်ရရာ ဗောဓိ ညောင်ပင်ကို ရည်စူး၍ ပူဇော်ခြင်း ဖြစ်သည်။ ထိုဗောဓိ ညောင်ပင်ရှိရာ ဌာနကို ဗောဓိ မဏ္ဍလ ဗောဓိ မဏ္ဍိုင် ဟုခေါ်ဆိုပါသည်။
“ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်” အစချီသော စာဆိုတော်ကြီး လက်ဝဲသုန္ဒ၏ ရတုကဗျာ ရှိလေသည်။
“တန်ခူးကဆုန် ဆွေ့ဆွေ့ခုန်” ဟူသော စကားနှင့်အညီ ကဆုန်လသည် နွေရာသီ၏ အပူပြင်းဆုံး ကာလ၊ ရေအခန်း ခြောက်ဆုံး အချိန်၊ ရေပြတ်လပ် သော ကာလဖြစ်သည်။
ထို.ကြောင့် သစ်ပင် ပန်းမန် တို.သည် ညိုးနွမ်း ကြကုန်သည် ဖြစ်၏ ။ ဗောဓိ ပင်သည်လျှင် ရေရှား ပြတ်လပ် ညိုးလျော် သော်ကြောင့်
ယင်းကို လန်းဆန်း စိုပြည် လေအောင် ရေသွန်းလောင်း ကြသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ အမှီသဟဲ ပြု၍ ပွင့်တော်မူရာ ဗောဓိ ညောင်ပင်ကို ရေသွန်းလောင်း ခြင်းဖြင့် ညောင်ရေ သွန်းပွဲတော် ပေါ်ပေါက်လာရသည်။
လက်ဝဲသုန္ဒရ အမတ်ကြီးသည် မင်းမျက် သင့်၍ မဲဇာသို. ရောက်နေခိုက်ဝယ် “ မဲဇာတောင်ခြေ၊ ပွဲခါညောင်ရေ၊ သဲသာသောင်မြေ” အစချီသော ရတုပိုဒ်စုံဖြင့် နေပြည်တော်ကို တမ်းတ ခဲ့ဖူးသည်။
Vesak နေ. တည်းဟူသော နေ.ထူးနေ.မြတ်ကို ဗုဒ္ဓဘာသာဝင် အပေါင်းတို.က ကဆုန်လပြည့်နေ. ဗုဒ္ဓနေ. ဟူ၍ အထိမ်း အမှတ်ကို ကျင်းပခဲ့ကြသည်မှာ မြန်မာ နိုင်ငံ၌သာမက စင်္ကာပူ၊ အိန္ဒိယ၊ သိရိလင်္ကာ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန် နိုင်ငံ တို.၌ လည်း ယင်းတို. ၏ သဘာဝ နှင့် အညီ စည်ကားစွာ ကျင်းပခဲ့ ကြပါသည်။
ထိုနေ့သည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ပရိနိဗ္ဖာန် စံဝင် တော်မူခဲ့သည်။ ဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ လူမျိုးတို့ အမွန်အမြတ် ထားသော ပွဲတော် တစ်ရပ် ဖြစ်ပါသည်။
Vesak နေ. ဗုဒ္ဓနေ. ဆိုတဲ့ အကြောင်းလေးကို ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ Clementi ဆရာတော် ဒေါက်တာ အရှင်ဝိစိတ္တ၊ ၏ ကျောင်း တော် ၌ ( Vesak Day )နေ. တွင် ကျင်းပ ပြုလုပ်မည့် မြတ်ဗုဒ္ဓ၏ မွေးနေ. မင်္ဂလာ အတွက် လှူဒါန်းရေးသား ကုသိုလ်ပြု ပါသည်။
ကျန်းကိုး - မောင်ထင်၏ မြန်.မာ့ ဆယ့်နှစ်လရာသီ
Friday, 17 February 2012
မြတ်ဘုရားဂေါတမအကြောင်း
Moe Moe Lwin's Photos
ဗုဒ္ဓ၀င်အကျဉ်း
၁။ လူအမည် .. သိဒ္ဓတ္ထ
၂။ ဘုရားအနွယ် ... ဂေါတမ
၃။ ဘုရားအမည် ... ဗုဒ္ဓ
၎။ မိဘအမည် ... သုဒ္ဓေါဒန + မာယာဒေ၀ီ
၅။ ကြင်ယာတော် ... ယသော်ဓရာ
၆။ ရင်သွေးတော် ... ရာဟုလာ
၇။ ယောက်ဖတော် ... ဒေ၀ဒတ်
၈။ နေပြည်တော် ... ကပိလ၀တ်ပြည်
၉။ ဖွားရာဋ္ဌာန ... လုမ္ဗိနီ
၁၀။ နန်းစံနှစ် ... ၁၃ နှစ် ( ၁၆ - ၂၉ )
၁၁။ နိမိတ်ကြီးများ ... သူအို၊ သူနာ၊ သူသေ၊ ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘ၀ ... သုမေဓာရသေ့ဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့ ... ကဆုန်လပြည့်နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား ... ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဖက် ... သုမိတ္တာအမျိုးသမီး
၁၆။ ပါရမီဖြည့်ရာကာလ ... လေးအသင်္ချေနှင့် ကမ္ထာတစ်သိန်း
၁၇။ ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် ... သတ္တ၀ါအကျိုးသယ်ပိုးရန်
၁၈။ ဒုက္ကစရိယာကျင့်ရသောကာလ ... ၆ နှစ်ကြာ ( ၉၇ _ ၁၀၃ )
၁၉။ ဒုက္ကစရိယာကျင့်သည့်နေရာ ... ဥရုဝေဠတော
၂၀။ ဘုရားဖြစ်ချိန်သက်တော် ... ၃၅ နှစ်အရွယ်
၂၁။ ဘုရားပွင့်ရာသက်တမ်း ... ၁၀၀ တမ်း
၂၂။ တရားဦးဟောသည့်နေရာ ... ဗာရာဏသီ၊ မိဂဒါဝုန်တော
၂၃။ ပထမဆံုးသာ၀က ... ပၪၥ၀ဂ္ဂီငါးဦး
၂၄။ နောက်ဆုံးကျွတ်သောသာဝက ... သုဘဒ္စပရိဗိုဇ်
၂၅။ လက္ယာရံအဂ္ဂသာ၀က ... အရွင္သာရိပုတၱရာ
၂၆။ လက်ဝဲရံအဂ်ဂသာဝက ... အရှင်မဟာမောဂ္ဂလန်
၂ရ။ အဆုံးအမသာသနာ .. ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ
၂၈။ ကျင့်စဉ်သိက္ခာ ... သီလ၊ သမာဓိ၊ ပညာ
၂၉။ ချမှတ်သောလမ်းစဉ် ... မဇ္ဈိမပဋိပဒါ
၃၀။ ပဋိသန္စေယူသောနေ့ ... မဟာသက္ကရာဇ် ၆၇၊ ၀ါဆိုလပြည့်၊ ကြာသာပတေးနေ့
၃၁။ ဖွားမြင်သောနေ့ ... မဟာသက္ကရာဇ် ၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့
၃၂။ တောထွက်သောနေ့ ... မဟာသက္ကရာဇ် ၉၇၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့
၃၃။ ဘုရားဖြစ်သောနေ့ ... မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့
၃၄။ ဓမ္မစကြာဟောသောနေ့ ... မဟာသက္ကရာဇ် ၁၀၃၊၀ါဆိုလပြည့်၊ စနေနေ့
၃၅။ ပရိနိဗ္ဗာန်စံသောနေ့ ... မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လပြည့်၊ အင်္ဂါနေ့
၃၆။ တေဇောဓါတ်လောင်သောနေ့ ... မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လဆုတ် ၁၂၊ တနင်္ဂနွေနေ
Friday, 3 February 2012
ယောက်ကော်ဆရာတော်ပျံလွန်တော်မူ
ယောက်ကော်ဆရာတော် ရုပ်ကလာပ်တော်ကို ဖန်သား အခေါင်းနှင့် နဂါးမောက်တောင်တွင် ဆက်လက်ထားရှိ
ယောက်ကော်အဖေကြီး ဈာပနအခမ်းအနားသို့ လာရောက်ဖူးကြသူများကို တွေ့ရစဉ်။
ဓာတ်ပုံ - စည်သူလွင်
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် နဂါးမောက်တောင် နယ်လှည့် သာသနာ ပြု ယောက်ကော်ကျွန်းမြတ်ဆရာတော်၊ သို့မဟုတ် ယောက်ကော်အဖေကြီးသည် ယခုလ ၂၁ ရက် စနေနေ့ နံနက် ၄ နာရီ အချိန်တွင် မဟာဂန္ဓာရီ ထွက်ရာ စခန်းသို့ ကူးပြောင်းကြွမြန်းသွားရာ ၎င်း၏ ရုပ်ကလာပ်အား နဂါးမောက်တောင် ဗိမာန်အဆောင်တွင် ဖန်သားအခေါင်းဖြင့် ထားရှိထားကြောင်းသိရသည်။
ယောက်ကော် အဖေကြီး၏ ရုပ် ကလာပ်အား နဂါးမောက်တောင်ရှိ ယာယီစံကျောင်းတော်တွင် ထားရှိစဉ် ထူးဆန်းမှုများလည်း ဖြစ်ပေါ် လျက်ရှိ ကြောင်းသိရသည်။
"ခုတောင်တော်မှာ ရုပ်ကလာပ်ကို ထားတာ ခြောက်ရက်လောက် ရှိပြီ။ထူးခြားတာကတော့ ဆံပင်တွေနဲ့ မျက်ခုံးမွေးတွေကတော့ သိသိသာသာ ရှည်လာတယ်။ မျက်နှာပြင်မှာလည်း ချွေးထွက်တယ်။ တစ်ရက်နဲ့တစ်ရက် မျက်လုံးပိတ်တဲ့ အနေအထားကလည်း မတူဘူး။ "အဖေကြီး ဆုံးပြီဆိုကတည်းက သူ့ရဲ့တပည့်တွေက တောင်တော်ကို လာကြတယ်။ ရပ်ဝေးကသူတွေလည်း လာကြတယ်။ အဖေကြီးရဲ့ အဓိဋ္ဌာန်ကလည်း ဘယ်လိုရှိမှန်း မသိဘူးလေ။ အားလုံးတိုင်ပင်ပြီး ရုပ်ကလပ်ကို ဗိမာန်မှာ မှန်သားအခေါင်းနဲ့ပဲထားဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်းအခြေအနေ ကြည့်ပြီးမှ ဂူသွင်းမှဖြစ်မယ်ဆိုရင်လည်း ဂူသွင်းမှာပါ"ဟု ယောက်ကော် အဖေကြီး၏ မွေးစားသား ဖြစ်သူ ဦးကျော်ဇောအောင်က ပြောသည်။
ယောက်ကော် အဖေကြီးသည် ကျန်းမာရေး အခြေအနေအရ ရန်ကုန်ရှိ ဆေးရုံတွင် ဆေးကုသမှုခံယူစဉ် နဂါးမောက်တောင်တော်သို့ ပြန်လည် အနားယူချင်သဖြင့် ရန်ကုန်မှ မန္တလေးသို့ အပြန် လေးဆယ့်ကိုးမိုင် ခြောက်ဖာလုံ တွင် မဟာဂန္ဓာရီထွက်ရာစခန်းသို့ ကူးပြောင်းကြွမြန်းသွားကြောင်း ဆေး ကုသမှုခံယူရန် လိုက်ပါသွားသူများထံမှ သိရသည်။
"အဖေကြီးက ရန်ကုန်ဆေးရုံကနေ နဂါးမောက်တောင်ကို ပြန်ချင်တယ်ဆို လို့ပြန်ခေါ်တာ၊ လမ်းမှာတင် ဆုံးသွားတယ်။ ဆေးရုံမှာကို ထူးဆန်းတာတွေ ဖြစ်တယ်။ ဆေးရုံမှာ အဖေကြီးရဲ့ သွေး ပေါင်ချိန်က သုညထိကျသွားတယ်။ သွေးပေါင်ချိန်က အရမ်းကျသွားတော့ ဆရာဝန်တွေက ဆင်းခွင့်ပြုမှာမဟုတ် ဘူးလို့ အဖေကြီးကိုပြောတော့ နာရီပိုင်း အတွင်းမှာကို သွေးပေါင်ချိန်က ရှစ်ဆယ်နဲ့ တစ်ရာ လောက်ကိုဖြစ်သွားတာ၊ အရမ်းထူးဆန်းတယ်။ဆရာဝန်တွေကလည်းပြောတယ်။သာမန်လူဆိုရင် သွေးပေါင်ချိန်က သုံးဆယ် လောက် ဆိုရင်ကို နေလို့မရတော့ဘူးလေ။ဆင်းခွင့်ရလို့ ပြန်လာရင်း လမ်းကျမှပဲ ဆုံးတာ"ဟု ဆေးကုသရာသို့ လိုက်ပါသွား သူ မမီးမီးက မြန်မာတိုင်း(မ်)ကို ပြောသည်။
ယောက်ကော် ဆရာတော်သည် ယက္ကန်းစင်တောင် ဆရာတော် ဥူးဩဘာသ၏ တပည့်အရင်းဖြစ်ပြီး ယောက်ကော်ကျွန်း တစ်ခုလုံးကို သာသနာပြုခဲ့သောကြောင့် ယောက်ကော်ကျွန်းမြတ် ဆရာတော် ဥူးသဒ္ဓမ္မသိဒ္ဓိဟု အမည် တွင်ခဲ့ပြီး မြန်မာပြည် တစ်ပြည်လုံးရှိ ထူးခြားသော နေရာများကိုလည်း သာသနာပြုခဲ့သော ရဟန်းတစ်ပါးလည်း ဖြစ်သည်။
၁၉၈၁ ခုနှစ်တွင် မဟာဂန္ဓာရီအရိယာ ၀ိဇ္ဇာလမ်းစဉ်ကို ပိုမိုအားစိုက် ထုတ်နိုင်ရန် ရဟန်းဘ၀မှ ယောဂီဘ၀သို့ ကူးပြောင်းကာ ၀ိဇ္ဇာလမ်းစဉ်များကို ကျင့်ကြံအားထုတ်ခဲ့သည်။
ယောက်ကော်အဖေကြီး၏ မိဘများမှာ ရန်ကုန်မြို့နေ ကွယ်လွန်သူ အဖ (ဦးအေးမောင်)၊ အမိ (ထိပ်တင်ထွန်း) တို့ဖြစ်ပြီး ၁၃၀၂ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မိခင် ဒေါ်အမိ(ထိပ်တင်ထွန်း)က မွေးဖွားခဲ့သည်။
စည်သူလွင်(မြန်မာ့တိုမ်းစ်)
Thursday, 2 February 2012
ကုသိုလ်လုပ်မှကုသိုလ်ရမှာပါ
Mayco Latt's Photos
ရက်ရာဇာနေ့မှာ ငရုတ်သီးစားရင် မစပ်ဘူးလား "
" စပ်ပါတယ်ဘုရား.."
" ရက်ရာဇာနေ့မှာလုပ်သော အကုသိုလ်သည် မကောင်းကျိုးကိုမပေးပဲနေပါ့မလား..."
" မနေပါဘုရား.."
" ကံမကောင်းသောသူသည် ရက်ရာဇာနေ့မှာအိမ်တိုင်ထူခြင်းကြောင့် ချမ်းသာပါ့မလား "
" မချမ်းသာပါဘုရား..."
" မောင်စိန်တို့ရွာမှာ အိမ်ခြေဘယ်လောက်ရှိသလဲ "
" ၁၀၀ ရှိပါတယ်ဘုရား..."
" ၄င်း အိမ်ခြေ ၁၀၀ မှာ ရက်မရွေးဘဲ ဆောက်တဲ့အိမ် ပါရဲ့လား "
" မပါ ပါဘုရား "
" ရက်ရွေးပြီးဆောက်တဲ့အိမ်တွေသည် ချမ်းသာတဲ့အိမ်တွေ ချည်းပဲလား "
" မွဲသော အိမ်တွေသာ များပါတယ်ဘုရား "
" ဒီလိုဆိုရင် ရက်ကောင်းတွေက ကောင်းကျိုးပေးနိုင်ပါသလား..."
" မပေးနိုင်ပါဘုရား "
" ရက်မရွေးဘဲ မဂ်လာဆောင်တဲ့ လင်မယားရှိရဲ့လား "
" မရှိပါဘုရား "
" လင်မယားတိုင်း မကွဲမကွာနှင့် ချမ်းသာတာချည်းပဲလား "
" မဟုတ်ပါဘုရား..."
" ရက်ကောင်းတွေကိုအားကိုးရတာ အလကားပေါ့ .. "
" အလကားပါဘုရား.."
" ကုသိုလ်ကိုအားကိုးမှ ဗုဒ္ဓ’ဘာသာကွယ့် မောင်စိန်ရဲ့..."
" မှန်ပါ့ဘုရား.."
************** &&&&&&&********************
" ပြဿဒါးနေ့မှာ ထန်းလျက်ခဲကို စားရင်မချိုဘူးလား "
" ချိုပါတယ်ဘုရား.."
" ကုသိုလ်လုပ်ရင် ကုသိုလ်မဖြစ်ဘူးလား "
" ဖြစ်ပါတယ်ဘုရား "
" ကုသိုလ်ကံသည် အကျိုးပေးခွင့်ရသော်လည်း ပြဿဒါးနေ့မှာ အကျိုးမပေးသေးဘဲ ဆိုင်းငံ့နေတယ်လို့ဘုရားဟောပါသလား "
" မဟောပါဘုရား "
" ဒီလိုဆိုရင် ကံကောင်းထောက်ပံ့နေသောသူသည် ပြဿဒါးနေ့မှာ အိမ်တိုင်ထူခြင်းကြောင့် မကောင်းကျိုးကို ရဦးမှာလား "
" မရပါဘုရား "
" ကြောက်စရာမဟုတ် အကုသိုလ်ကိုသာ ကြောက်ရမယ်မဟုတ်လား "
" မှန်ပါ့ဘုရား "
" ဒီလိုဆိုရင် ပြဿဒါးနေ့က ကြောက်စရာမဟုတ် ... အကုသိုလ်သာကြောက်ရမယ်မဟုတ်လား ...အဲ့တာကြောင့် အကုသိုလ်ကိုမကြောက်ပဲ ပြဿဒါးကိုကြောက်နေလျှင် ဗြာဟ္မဏ ဘာသာ ..ပြဿဒါးကိုမကြောက် အကုသိုလ်ကိုကြောက် မှ
ှဗုဒ္ဓဘာသာ လို့မှတ်ကွဲ့ ..."
**************&&&&&&&&&&&&&&***********************
" ဗေဒင်တိုင်းသာ သတ္တ၀ါတွေဖြစ်နေကြရင် သိဒ္ဓတ္ထမင်းသား ဖွားမြင်သောအခါ ဖွားဖက်တော် ခုနှစ်ယောက် လည်း တစ်ချိန်တည်း မွေးဖွားကြတယ် ... ဖွားဖက်တော်တို့ရဲ့ ဇာတာခွင် နှင့် သိဒ္ဓတ္ထမင်းသားဧ။် ဇာတာခွင် သည်အတူတူပဲ ...သိဒ္ဓတ္ထမင်းသား.ဘုရားဖြစ်လျှင
ဖွားဖက်တော်တွေလည်း ဖြစ်သင့်တယ် ... အခုတော့ သတ္တ၀ါတွေ ဖြစ်ကြရတာက ဗေဒင် ဇာတာခွင်အတိုင်းမဟုတ်...ကံကြမ္မာအတိုင်း
သာဖြစ်ကြရသောကြောင့်.သိဒ္ဓတ္ထမင်းသား.့် က ဘုရားဖြစ် ...ကာဠုဒါယီတို့က ရဟန္တာ ဖြစ်ကြရတယ် မဟုတ်လား "
" မှန်ပါ့ဘုရား "
" အဲ့ဒါကြောင့် ဗေဒင်အခေါ်ဖြစ်သော ပြဿဒါး...ရက်ရာဇာ...ရှမ်းရက် ...တာနောရက်...ကမ္ဘာပျက်ရက်တို့သည် ပညတ်တွေဟုမှတ်...ကောင်းကျိုးဆိုးကျိုးမပေးနိုင် ...ဗေဒင်ဆရာတွေကို ထမင်းအိုးခွဲတာမဟုတ်ဘူးကွဲ့ ...ပညတ်စွဲကွာအောင် ခွာရတာပဲကွယ့် မောင်စိန်ရဲ့...."
" မှန်ပါ့ဘုရား .."
*******************&&&&&&&&&&&&&********************
ဘုရားဟောထက် ဗေဒင်ကို ယုံသူတွေ နမန္တာကျမ်းကို ယုံသူတွေ များပါတယ်....တနှစ်ခေါက် ထုတ်တဲ့ သက်ြန်စာမှာဗြဟ္မာမင်းကြီးက
ှုဦးခေါင်းပြတ်ကြီးကို နတ်သမီးများတစ်ယောက် လက်က တစ်ယောက်ကမ်းနေတာ မြင်တယ်မဟုတ်လား ...မြတ်စွာဘုရားက နတ်ဗြဟ္မာတို့ဧ။် ခန္ဓာကိုယ်သည် ကမ္မဇ ရုပ်တွေချည်းမို့ သေလျှင် မီးတောက် သဖွယ် ပျောက်ကွယ်တတ်တာလို့ ဟောတယ် ....
ဗေဒင်က ယခုအထိ ခေါင်းပြတ်ကြီးဟာ မပုပ်သေးဘူး...မြန်မာပြည်ကယုံကြည်လက်ခံနေသမျှ ပုပ်မှာမဟုတ်ဘူးကွယ့်....
ဗေဒင်က ရက်ရာဇာနဲ့ ပြဿဒါးကို ပဓာန ထားသကွဲ့ ....
မြတ်စွာဘုရားက ကုသိုလ် အကုသိုလ်ကို ပဓာန ထားသကွဲ့ ....
ဗေဒင်က မဟာဘုတ်ကို အဓိကထား ၍ထူသကွယ့်....
မြတ်စွာဘုရားက သမ္ပတ္တိလေးပါးကို အဓိကထား၍ ထူသကွယ့် ....
ကဲ ...မဆန့်ကျင်ပါလား ...မြတ်စွာဘုရားနှင့် ဆန့်ကျင်တာကို ယုံလျှင် ဘုရားတရားကို မယုံရာကျတာပေါ့....
မြတ်စွာဘုရားဟောက " သဗ္ဗေကမ္မသကာသတ္တာ ၊ ကမ္မံသတ္တေ ၀ိဘဇ္ဖတိ " တဲ့....
ကဲ...ဘယ်မှာလဲကွယ်....နဂါးခံတွင်း ကျရင် ပျက်စီးတတ်တယ်လို့လဲမပါ....မသာကိုစုန်ချရင် တစ်လောင်းနဲ့ ကိစ္စမပြီးတတ်ဘူးလို့လဲ
မပါ.....အိမ်တိုင်ထူတာ နက္ခတ်မကောင်းရင်ပျက်ဆီးတတ်တယ်လို့လဲမပါ....ဓမ္မာ..သောက...အင်းဝ..ရာဇာ ကျလို့ပျက်ဆီးတာလည်းမပါ....တနဂ်နွေ...တနလာ်..အဂ်ါ...ဆိုတာတွေဟာ ပညတ်သက်ေတတွေပဲ...လူကို ကောင်းအောင် ဆိုးအောင် မလုပ်နိုင်ပါဘူး...အကုသိုလ်ကံကသာ မကောင်းအောင်လုပ်နိုင်တယ်
ဒီတော့ အကုသိုလ် ဆိုရင် မြွေဆိုး ကင်းဆိုးကဲ့သို့ ကြောက်လန့်ပြီး ကုသိုလ်ကံကို က္ကုစ္ဆာသယပတ္တမြားကဲ့သို့ သဘောထား
ကာ အားကိုးကြမှ ဓမ္မံသရဏံ ဂစ္ဆာမိမှာ မဟုတ်လား......
(ကျေးဇူးရှင် နမ္မားဆရာတော်ကြီး အရှင်ဥာဏ)
Thursday, 26 January 2012
ထူးခြားဆန်းပြားဖြစ်ရပ်များ
အင်းတော်၊ ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်နေ အိမ်တစ်အိမ်မှ ဝါးပျံဖြင့် ထွင်းထုထားသော ဉာဏ်တော် ငါးလက်မ အမြင့်ရှိ ရဟန္တာရုပ်တု တစ်ဆူသည် ဒီဇင်ဘာ ၂၇ ရက် နံနက် ၆ နာရီမှ စတင်ကာ ဘယ်ညာလှည့်ကာ သက်ဝင်ဈာန်ကြွမှုစခဲ့ကြောင်း သိရသည်။ အဆိုပါ ရဟန္တာရုပ်တု သက်ဝင်ဈာန်ကြွချီမှုကို လာရောက်ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရဟန္တာရုပ်တုကို ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်နေ ကိုနေမင်းထွန်းက လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်တွင် ခမိုးကျေးရွာ ကျောက်မဲတောင်မှ သစ်ပင် တစ်ပင်ပေါ်ပေါက်နေသော ဝါးပျံသားဖြင့် ခမိုးရွာရှိ ပန်းပုဆရာ ကိုပုထံတွင် ဉာဏ်တော်ငါးလက်မခန့်ရှိ ရဟန္တာလေးဆူကို ထွင်းထုခဲ့ကာ အိမ်တွင် ကိုးကွယ်ခဲ့ကြောင်း၊ အဆိုပါရုပ်တုမှာ ဒီဇင်ဘာ ၂၇ ရက်တွင် ဘယ်ညာလှည့်ခြင်းကို စတင်တွေ့ရှိခဲ့ကြောင်း၊ ထို့နောက် အရှေ့ဘက်ကို မျက်နှာပြုပြီး ကိုးကွယ်ထားရာမှ မြောက်ဘက်ကိုလှည့်နေခြင်းကို တွေ့မြင်ရကြောင်း၊ ထို့နောက် ကြွက်တိုးသောကြောင့် လှည့်နေသည်ဟု အထင်ဖြင့် အရှေ့ဘက်ကို ပြန်လှည့်ပြီး ထိုင်စကားပြောနေစဉ် ၁၅ မိနစ်ခန့်အကြာတွင် ပြန်ကြည့်လိုက်ရာ ရဟန္တာရုပ်တုမှာ တောင်ဘက်သို့ မျက်နှာမူလျက် ထပ်မံတွေ့ရှိရကြောင်း ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်နေ ကိုနေမင်းထွန်း၏ ဇနီးက ပြောသည်။
“ရဟန္တာရုပ်တုက ဒီဇင်ဘာ ၃၀ ရက်မှာဘုရားစင်ပေါ်က အလယ်ဘုရားပန်းအိုးကို မွန်းလွဲ ၃ နာရီလောက်မှာ ကြွချီတော်မူတယ်။ ဒီဇင်ဘာ ၃၁ ရက် မနက် ၇ နာရီမှာတော့ အလယ်ဘုရားပန်းအိုးကနေ မြောက်ဘက်မှာရှိတဲ့ ဘုရားပန်းအိုးကို ပြန်ကြွချီခဲ့တယ်။ လွတ်လပ်ရေးနေ့ မနက် ၇ နာရီမှာတော့ မြောက်ဘက် ဘုရားပန်းအိုးကနေ အလယ် ဘုရားပန်းအိုးကို ပြန်ကြွခဲ့တယ်။ ကျွန်မတို့ ကိုယ်တိုင် မြင်တွေ့နေကြရတာပါ” ဟု ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်မှ ဒေါ်စောပိုက ပြောသည်။ “အခု မနက် ၁၀ နာရီမှာ ကျွန်မလာဖူးတော့ ရဟန္တာက အလယ်ဘုရားပန်းအိုးက တောင်ဘက်ဘုရားပန်းအိုးကို ရောက်နေတာတွေ့ရတယ်။ မွန်းလွဲ ၁ နာရီလောက်မှာ ပြန်လာဖူးတော့ အလယ်ဘုရားပန်းအိုးမှာ ရောက်နေတာတွေ့ရပါတယ်” ဟု ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်နေ ဒေါ်ကြည်မြင့်က ပြောသည်။ ယခင်က အဆိုပါ ဝါးပျံသားဖြင့် ရဟန္တာလေးဆူ ထွင်းထုခဲ့သော်လည်း ကျန်ရဟန္တာသုံးဆူမှာ မည်သည့်နေရာတွင် ရောက်နေမှန်း မသိရ၊ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက် ကိုနေမင်းထွန်း၏ နေအိမ်ရှိ ဘုရားစင်ပေါ်၌ ပန်းအိုးများပေါ်တွင် ဝါးပျံဖြင့် ထွင်းထုထားသော ငါးလက်မရှိ ရဟန္တာတစ်ဆူသည် သက်ဝင်ဈာန်ကြွမှု ရှိနေသည့်အတွက်ကြောင့် ရဟန္တာဖူးလာသူများ နေ့စဉ် တဖွဲဖွဲရောက်ရှိနေကြကြောင်း သိရသည်။
By Yangon Times Journal
Wednesday, 25 January 2012
ပီနန်းမြို့ သို့ အလည်တစ်ခေါက်
သို့ အလည်တစ်ခေါက်တွင်ရိုက်ကူးယူခဲ့ သောပုံများကိုသူငယ်ချင်းများအတွက်တင်ပေးထားပါသည်။အောက်မှာပါ---
Thursday, 22 December 2011
မေတ္တာရှင်၏ကုသိုလ်အလှု
ဖိလစ်ပိုင်မုန်တိုင်းဒဏ်ခံရတဲ့ဒုက္ခသည်များအတွက် မေတ္တာရှင်မှ အကျီ င်္နှင့်တတ်နိုင်သလောက်လှူဒါန်းရန်ပြင်ဆင်နေ
သူငယ်ချင်းများ....
မိမိတို့သည် ယခုအချိန်တွင်သင်သည် နေရာကောင်းတွင်နေထိုင်နေရသော်ငြားလည်း မမျှော်လင့်သောနေ့တစ်နေ့ သင့်ထံရောက်လာခဲ့ပါလျှင် သင်သည်အဘယ်သို့တတ်နိုင်မည်နည်း။အချိန်ရှိခိုက်လုံလစိုက်ဆိုသလို မိမိ အသက်ရှိစဉ်ကာလ အချိန်တိုလေးအတွင်းမှာ ဘာသာတရားနှင့် အလှူတန်းများကို မိမိတို့တတ်စွမ်းသလောက်ပြုလုပ်ကြခြင်းဖြင့် မိမိတို့ထက် နိမ့်ကျဆင်းရဲ။ ဒုက္ခရောက်နေသူများကို တတ်စွမ်းတလောက်ကူညီလိုက်ကြရအောင်လားဗျာ.....။
စင်ကာပူမှာနေထိုင်ကြသောမိတ်ဆွေများက အ၀တ်ထည်ဟောင်းများနှင့် ဖိနပ် Slipper အဟောင်းများ စောင်အဟောင်းများ လှူဒါန်းလိုပါက ကျနော့်ထံဆက်သွယ်နိုင်ပါသည်။ ၂၄ ရက် ဒီဇင်ဘာလတွင် သက်မှတ်နေရာအလှူခံအဖွဲ့ စည်းသို့ ကျွန်ုပ်ကိုယ်တိုင်သွားေ၇ာက်လွှဲပြောင်းလှူဒါန်းပါမည်ဖြစ် ကြောင်း နှိုးဆော်အသိပေးအပ်ပါသည်။
*** အလှူတခုပြုလုပ်သည်ဆိုသည်မှာ မိမိတွင် ငွေမချမ်းသာ ငွေမရှိသော်ငြားလည်း မိမိရဲ့ ပွားများနိုင်သည့် သဒ္ဒါတရားနှင့် ဆန္ဒသာရှိနေခဲ့ပါလျှင် သင်သည် ကုသိုလ်ရရှိနေပြီးဖြစ်ပါသည်။ထို့အတွက် အလှူတန်းတို့တွင်မိမိ တွင် မတတ်စွမ်းနိုင်ပါက ဒါနဘာဝနာ များဖြင့် အဝေးမှ ကုသိုလ်ယူနိုင်ကြပါစေ***
သဗ္ဗေသတ္တာ ကမ္မဿကာ
မေတ္တာရှင် (ကျော်မြတ်သူ)
www.myittarshin.com
Email : mts@myittarshin.com
Phone :+65 93669711
Saturday, 17 December 2011
မေတ္တာရှင်၏ကုသိုလ်အလှု
Buddhafm ရဲ့  ၂ နှစ်မြောက်အထိမ်းအမှတ်ပွဲကိုစင်္ကာပူနိုင်ငံတွင်အောင်မြင်စွာကျင်းပခဲ့။
မင်္ဂလာပါ ....
ယနေ့ ၁ရ ရက် -ဒီဇင်ဘာလ-၂၀၁၁တွင် စင်ကာပူနိုင်ငံ တိုပါးယိုး ဘုန်းတော်ကြီးကျောင်းတွင် Buddhafm ( www.buddhafm.net ,www.buddhafm.tv,www.buddhafm.info) ၏ ၂နှစ်မြောက်အထိမ်းအမှတ်အတွက် ကျနော်မေတ္တာရှင်နှင့်တစ်ကွ Buddhafm အဖွဲ ၀င်အဖွဲ့ သားများတက်ရောက်ပီး ဘုန်းတော်ကြီးများအား ကြက်သားပလာတာနှင့် မနက်အာရုံဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပါသည်။
နတ်လူသာဓုခေါ်စေသော်ဝ်။
ဓာတ်ပုံများကြည့်ရန် >>>>> ဒီမှာနှိပ်ပါ <<<<<<
မေတ္တာရှင်                                     
အားလုံးမျှဝေသာဓုခေါ်နိုင်ကြပါစေခင်ဗျာ............သာဓု.....သာဓု......သာဓု..
Monday, 12 December 2011
ဗုဒ္ဓ ဘာသာဆိုင်ရာ
မိုးပြာဂိုဏ်းအား အဓမ္မ၀ါဒအဖြစ် ဆုံးဖြတ် ၊ မိုးပြာဂိုဏ်းဆိုသည်မှာ ဒီလိုပါ။
by Ye Thurein Min on Thursday, December 8, 2011 at 2:26am
 by ချယ်ရီသိန်း-မြန်မာတိုင်း(မ်)
အတွဲ ၂၈ ၊ အမှတ် ၅၄၆ ( ၂ - ၈ ၊ ၁၂ ၊ ၂၀၁၁)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ဖွဲ့စည်းပေးအပ်သော နိုင်ငံတော် သီးခြား ၀ိနည်းဓိုရ် အဖွဲ့ အမှတ် (၁၇။ ၂၀၁၁) မှ ရှင်ဉာဏ ဦးဆောင်သော မိုးပြာဂိုဏ်းသားတို့၏ အယူဝါဒအပေါ် အဓမ္မ၀ါဒများအဖြစ် ဆုံးဖြတ်ကြေညာ ခဲ့ကြောင်းအဖွဲ့၏ သတင်းထုတ်ပြန်ချက် အရသိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ နိုင်ငံတော် ၀ိနိစ္ဆယအဖွဲ့ရုံးတွင် မိုးပြာ ဂိုဏ်းသားတို့၏ အယူဝါဒအပေါ် ဓမ္မ-အဓမ္မ အငြင်းပွားခြင်းကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။
ထေရ၀ါဒဗုဒ္ဓဒေသနာတော် အဆုံးအမများကိုမလိုက်နာဘဲ အတိတ်ဘ၀၊ အနာဂတ်ဘ၀၊ ၃၁ ဘုံနှင့် သံသရာမရှိ ဟူသော ရုပ်ဝါဒအယူ ကိုယူကာ ပိဋကတ်တော်သုံးရပ်နှင့် အဋ္ဌကထာ၊ ဋီကာတို့ကို ဆန့်ကျင်ဝေဖန်ပြီး ပစ္စုပ္ပန် ကမ္မ၀ါဒကို တီထွင်ဟောကြားသော ဓမ္မ ၀ိဟာရီ အမည်ခံ ရှင်မိုးပြာ (ခေါ်) ရှင်ဉာဏ၏ ဟောပြောချက်များ၊ ရေးသားချက်များ၊ အင်တာနက်ပေါ်တွင် တင်ပြချက်များသည် အဓမ္မ၀ါဒများဖြစ်ကြောင်း နိုင်ငံတော် ၀ိနည်းဓိုရ်ဆရာ တော်ကြီးများက ဆုံးဖြတ်ခဲ့ကြသည်။
ထိုသို့ဆုံးဖြတ်တော်မူရာတွင် စောဒက ဆရာတော်များက တင်ပြထားသော စောဒကလွှာ ၅၂ ချက်နှင့်တကွ ဆုံးဖြတ်ပြီး အဓမ္မ၀ါဒ အဟောင်းများ ဖြစ်ကြသော သျှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒါနု ၀ါဒ၀ိနိစ္ဆယ၊ ဓမ္မနီတိဝါဒ၀ိနိစ္ဆယ၊ မြစ်ကြီးနား ၀ိစိတ္တသာရ၀ါဒ၀ိ နိစ္ဆယ၊ မိုးညှင်း ဦးခေမိန္ဒနှင့် ဦးဝိစိတ္တသာရ၀ါဒ ၀ိနိစ္ဆယ၊ အနုဝါဒါမိကရုဏ်း ၀ိနိစ္ဆယနှင့် ကျောက်သင်္ဘောဝါဒ၀ိနိစ္ဆယ အဓမ္မ၀ါဒ ဆုံးဖြတ် ချက်များ စာအုပ်များပါ အဓမ္မ၀ါဒများနှင့် ထပ်တူဖြစ်သော အချက် ၂၅ ချက်ကိုလည်း အဓမ္မ၀ါဒများအဖြစ် စိစစ်ကြေညာခဲ့ကြသည်ဟု သိရသည်။
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးများက အဆိုပါဆုံးဖြတ်ချက်အား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ ဆက်ကပ် အပ်နှံခဲ့သည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှလည်း သံဃာတော်များ၏ ဓမ္မစက် သာမက နိုင်ငံတော် အစိုးရအဖွဲ့မှလည်း အဓမ္မ၀ါဒများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် ထပ်ဆင့် တိုက်တွန်းပါကြောင်း ဩ၀ါဒမိန့်ကြားပြီး ဆုံးဖြတ်ချက်မှတ်တမ်းတွင် လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။
မိုးပြာဆိုသည်မှာ ဒီလိုပါ။
  Posted by ashinariya on Sep 25, 2011
  လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ – ကျော်က ဗုဒ္ဓမြတ်စွာ ဟောကြား တော်မူခဲ့သည့် တရားဓမ္မအပေါ် ကာလ၊ ဒေသ၊ အခြေအနေများအလိုက် သဘောပေါက်သိမြင်မှုများ ကွဲပြားလာခဲ့ရာ ယနေ့အခါ ဗုဒ္ဓဘာ သာလောကတွင် မဟာယာနဗုဒ္ဓဘာသာ၊ ထေရ၀ါဒဗုဒ္ဓ ဘာသာ၊ ဇင်ဗုဒ္ဓဘာသာ၊ တိဗက်လားမား ဗုဒ္ဓဘာ သာနှင့် ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ စသော ဗုဒ္ဓဘာသာအယူဝါဒကွဲများစွာ နိုင်ငံ အလိုက်၊ လူမျိုးအလိုက် အသီးသီး ဖြစ်ပေါ်လာကြပါသည်။
အားလုံးသော ဗုဒ္ဓဘာသာဝါဒကွဲတို့သည် ဗုဒ္ဓဘုရားနှင့် ဗုဒ္ဓဟော ကြားတော်မူခဲ့သည့် တရားဓမ္မ များကို မိမိတို့ သဘောပေါက် သိမြင် မှုများအလိုက် ကျင့်သုံး၊ ဟောပြော၊ ပြသနေလျက် ရှိနေကြ ပါသည်။
             ဗုဒ္ဓ၏တပည့်ရဟန်းသံဃာများသည် ဗုဒ္ဓသတ်မှတ်ခဲ့သော အဆင်းဖျက် သင်္ကန်းအရောင်များကို လည်း ကာလ၊ ဒေသအလိုက်  အ၀ါ၊ နီညို၊ အပြာ၊ အနက် စသည်ဖြင့် ဆိုးခြယ်၍ 
 မြန်မာ၊ ယိုးဒယား၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီယားစသော ထေရ၀ါဒရဟန်းတော်များနှင့်  
တိဗက် ရဟန်းတော်တို့သည် အ၀ါ၊ နီညို စသည့်အရောင် သင်္ကန်းများဝတ်ဆင်ပြီး၊ 
  တရုတ်မဟာယာန ရဟန်းတော်တို့သည် အ၀ါရောင်၊ အပြာရောင်သင်္ကန်းတို့ကို ၀တ်ဆင်ကြ ပါသည်။ 
  ဂျပန် နိုင်ငံ ဇင်ဗုဒ္ဓ ဘာသာ ရဟန်းတော်တို့သည် အပြာရောင်နှင့် အနက်ရောင် သင်္ကန်းတို့ကို ၀တ်ဆင်ကြပြီး  
ကိုးရီးယားမဟာယာန ရဟန်းတော်တို့က အပြာရောင်သင်္ကန်းကို ၀တ်ဆင်ကြပါသည်။
                  ဗုဒ္ဓမြတ်စွာ၏ အရိယသစ္စာ ကံအမြင်ကို ပြန်လည်ဖော်ထုတ်ဟောကြားကြသော မြန်မာနိုင်ငံရှိ ပစ္စုပ္ပန် ကမ္မ၀ါဒဗုဒ္ဓဘာသာရဟန်း တော်တို့သည်လည်း အပြာရောင် သင်္ကန်းကို ၀တ်ဆင်ခဲ့ကြပါသည်။
                    ယခုအခါ မြန်မာနိုင်ငံတွင် ထေရ၀ါဒဗုဒ္ဓဘာသာ မဟာယာနဗုဒ္ဓဘာသာနှင့် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ စသော ဗုဒ္ဓဘာသာဝါဒကွဲများဖြင့် ဗုဒ္ဓသာသနာ ထွန်းလင်းလျက်ရှိနေပါသည်။  ၎င်းဗုဒ္ဓဘာသာ ၀ါဒကွဲများထဲမှ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာက ၀တ်ဆင်သော အပြာရောင်သင်္ကန်းဝတ်ဆင်မှုကို ရည်ညွှန်းပြီး မိုးပြာဟု ၀ါဒကွဲများမှ ခေါ်ဆို သမုတ်ကြခြင်းဖြစ်သည်။
အဆိုပါ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ (မိုးပြာ) ၏ တရားများကို လေ့လာလိုပါက
  • http://www.dhammaviharri.org/
  • http://sites.google.com/site/sayamvasi/t…
  • http://ariyadhamma.multiply.com/
  • http://buddhismabc.blogspot.com/
  • http://human-buddha.blogspot.com/ နှင့်
  • http://www.facebook.com/profile.php?id=1…   တို့တွင် လေ့လာနိုင်ပါသည်။
(ဗုဒ္ဓဘာသာဝါဒကွဲများနှိုင်းယှဉ်လေ့လာမှုစာတမ်းမှ)
မိုးပြာ
Posted by ဆူး on Apr 12, 2011
မိုးပြာဂိုဏ်းချူပ် ဦးဥာဏနှင့် အပေါင်းအပါ(၅)ဦးကိုသက်ဆိုင်ရာမှ ဖမ်းဆီးလိုက်ကြောင်း ခိုင်လုံသော သတင်း
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ (၁၂) ရက် (သောကြာ)နေ့က
မန္တလေးတိုင်း ရန်ကင်းတောင်ခြေရှိ
ပစ္စုပ္ပန်ကမ္မ၀ါဒ(မိုးပြာခြံ) အဆောက်အအုံတွင်
မိုးပြာဂိုဏ်းချူပ် ဦးဥာဏနှင့် ပေါင်းအပါ(၅)ဦးကိုသက်ဆိုင်ရာမှ ဖမ်းဆီးလိုက်ကြောင်း ခိုင်လုံသော သတင်းတစ်ရပ်မှ သိရှိခဲ့ရပါသည်။
လည်းကောင်းတို့၏ ပစ္စုပ္ပန်ကမ္မ၀ါဒ မိုးပြာသာသနာ (၂၇) နှစ်ပြည့်အထိမ်းအမှတ်အား အရေးပါသူတစ်ချို့နှင့် အကျဉ်းချုံးကျင်းပခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်းလည်းသိရသည်။
ဦးဥာဏနှင့် အတူဖမ်းဆီးခံခဲ့ရသူများ၏ အမည်များမှာ…
ဦးတင်ငွေ (စစ်ကိုင်း)
ဦးထွန်းရီ (လှိုင်)
ဦးစု (စစ်ကိုင်း)
ဦးကျော်မြင့် (ချောင်းရိုး)
အောင်သီဟ (စစ်ကိုင်း) တို့ဖြစ်ကြောင်းဆက်ရပ်သတင်းတစ်ခုအနေနှင့်
သိရှိခဲ့ရပြီးလတ်တလောတွင်မူ သာသနာတော်အား ညှိုးနွမ်းစေမူ ပုဒ်မ ၂၉၅ (က)အရ
အမှုဖွင့်ထားကြောင်းလည်း သိရပါသည်။
သာသနာဖျက် မိစ္ဆာဒိဌိများ
ဦးအေးမောင်(စာပေဗိမာန်) ဦးဆောင်ခဲ့သည့် အဓမ္မ၀ါဒ
ဦးအေးမောင်၏ ‘ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ’ အမည်ရှိစာအုပ်ကြီးသည် ပိဋကတ်သုံးပုံတို့ကို အကုန်နီးပါးမျှ ပယ်ချထားသည့် စာအုပ်ကြီးဖြစ်၍ ၁၉၆၄ ခုနှစ်နောက်ပိုင်းတစ်လျှောက်လုံးအပိတ်ခံထားရပါသည်။
သို့သော်လည်း ၂၀၀၄ ခုနှစ်တွင် ပါရမီစာပေမှ
ပြန်လည်ထွက်ပေါ်လာရာ တစ်အုပ်လျှင် ကျပ် ၆၀၀၀ ဖြင့် ဈေးကွက်ဝင်လာပါသည်။
ယခုအထိ ရောင်းချနေဆဲပင် ရှိပါသေးသည်။
၎င်းစာအုပ်ကြီး၏ အကျိုးဆက်အနေဖြင့် ပိဋကတ်တော်တို့ကို တစ်အုပ်၊ တစ်သုတ် ပြည့်ပြည့်စုံစုံ မဖတ်ဖူးကြဘဲ ပိဋကတ်တွေကအမှားတွေဖြစ်မှာပါဟု ပြောဆိုတတ်သူများ တိုးပွားလာကြပါသည်။
အဘိဓမ္မာပယ်ဝါဒများလည်း အားကြီးလာကြပါသည်။
၎င်းစာအုပ်ကြီး၏ ခေတ်အဆက်ဆက်သံဃာတော်တို့အား စော်ကားထားမှုတို့နှင့်
မူလဗုဒ္ဓ၀င်ဒေသနာတော်ကိုဖျက်ဆီးထားမှု၊
ပိဋကတ်တော်ကို ချေဖျက်ထားမှုစသည်တို့ကို
အရှင်ကောဝိဒ(ယော)က ပြုစုစိစစ်ပြ၍ ‘ဗုဒ္ဓ၏ဗုဒ္ဓ’ စာအုပ်တွင် ဖော်ပြထားပါသည်။
ဆရာကြီးပါရဂူ၏ဘာသာမဲ့ရုပ်ဝါဒ
စာရေးဆရာကြီးပါရဂူ၏ဘာသာမဲ့ရုပ်ဝါဒသဘောများသည်ကားအထင်အရှားပင် ဆက်တိုက်ကြီးထွားလာကြောင်း တွေ့ရပါသည်။
ယင်းတို့နှင့် စပ်လျဉ်း၍ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ သတိထားနိုင်စိမ့်သောငှာ
ဆောင်းပါးရှင်ပညာဏကာရီနှင့်
သောတောဒကတို့က ဓမ္မရံသီ၊ ဓမ္မရတနာမဂ္ဂဇင်းတို့တွင် သိဒ္ဓတ္ထ၀တ္ထု(ဆောင်းပါးတစ်ပုဒ်)၊
စိတြလေခါ (ဆောင်းပါးတစ်ပုဒ်)၊
ဗုဒ္ဓဒိုင်ယာရီ (ဆောင်းပါးလေးပုဒ်)၊
နိဗ္ဗာန်ဝတ္ထု (ဆောင်းပါးတစ်ပုဒ်)၊
ကံဝတ္ထု (ဆောင်းပါးတစ်ပုဒ်)၊
ဒိဗျာဝတ္ထု(ဆောင်းပါးတစ်ပုဒ်)တို့ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း တွေ့သိရပါသည်။
ဆရာပါရဂူ၏ ၀တ္ထုကြီးများတွင် ရုပ်ဝါဒလည်း လွှမ်းမိုး၍ ဟိန္ဒူဝါဒ (အတ္တ-အတ္တမာ)လည်း လွှမ်းမိုးနေလေရာ ဗုဒ္ဓဘာသာလာ ကံနှင့်ကံ၏အကျိုးသဘောတို့နှင့် မညီပုံတို့ကို ဇောင်းပေးတင်ပြထားကြောင်း သိရပါသည်။
တန့်ကြည်တောင်ဦးသောမဗုဒ္ဓိဦးဆောင်သည့် အဓမ္မ၀ါဒ
ပစ္စုပ္ပန်ကမ္မ၀ါဒဂိုဏ်း၏ အဘိဉာဏ်ဆိုင်ရာယူပုံတို့သည် တန့်ကြည်တောင် ဆရာတော်ဦးသောမဗုဒ္ဓိ၏ ၂၀၀၁ ခုနှစ် ၀န်းကျင်က အမှုဖြစ်ခဲ့သော အဓမ္မ၀ါဒဟောင်းကြီးနှင့် တူညီနေကြပါသည်။ ယင်းဂိုဏ်းကြီးသည် ယခုအခါ ပုဂံနယ်တွင် အလွန်စည်ပင်ကြီးထွားလျက်ရှိကြောင်း သိရပါသည်။
ဦးကျော်ဟိန်း၏ ဖြစ်လာတော့မည့် အဓမ္မ၀ါဒ
ပစ္စုပ္ပန်ကမ္မ၀ါဒီတို့သည်ဘုရားဟောဒေသနာတို့ကို ယူ၍ ဗုဒ္ဓဘာသာဝင်တို့အား လှည့်စားဖျက်ဆီးနေကြသကဲ့သို့ ဗုဒ္ဓဘာသာယောင်ဆောင်လျက် ဗုဒ္ဓတရားယောင်ဖြင့် မိမိ၏၀ါဒသစ်ကို ထူထောင်စပြုနေသည့် ပုဂ္ဂိုလ်၊
အကြောင်းအရာတစ်ခုလည်း ယခုအခါတွင် စတင်ဖြစ်ပေါ်နေကြောင်း သိရပါသည်။
ယင်းပုဂ္ဂိုလ်သည်ကား ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းပင်ဖြစ်ပါသည်။
ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းနှင့် ပတ်သက်၍
ဆောင်းပါးရှင်ဒေါက်တာခင်ဇော်လွင်(သုခချမ်းသာ)က
‘ဦးကျော်(သို့မဟုတ်)အ၀ိဇ္ဇာလောင်းရိပ်အောက်ကလူ’ ဆောင်းပါးကို
ဓမ္မရံသီမဂ္ဂဇင်းတွင် ‘လောင်းရိပ်အောက်က ထွက်ခဲ့ပါ’ အမည်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
(မေတ္တာတံခွန်အသင်းက မူရင်းဆောင်းပါးကို ထေရ၀ါဒဓမ္မဒါနအဖြစ် ဖတ်ရှုလိုသူများကို ဒါနပြုပါသည်။)
ထို့ပြင် မေတ္တာတံခွန်အသင်းက ဦးကျော်ဟိန်းဝါဒနှင့်ပတ်သက်၍
စစ်ကိုင်းခင်မကန်ဆရာတော် အရှင်ခေမိန္ဒထံသို့ သွားရောက်လျှောက်ထားခဲ့ရာ ဆရာတော်က စာရေး၍ ဖြေကြားပေးသည့်အပြင် တရားပွဲများတွင်လည်း
‘သာသနာပြုမှာလား၊
သာသနာဖျက်မှာလား’ အမည်ဖြင့် လှည့်လည်ဟောပြောပေးခဲ့ပါသည်။
ချစ်ငယ်(ဒဿန)(ဗုဒ္ဓစာပေဆု)၏ အဓမ္မ၀ါဒ
ချစ်ငယ် (ဒဿန) (ဗုဒ္ဓစာပေဆု)၏
ဂိုဏ်းကြီးသည်လည်းတစ်နေ့တစ်ခြားကြီးထွားလာနေကြောင်းသိရပါသည်။
ယင်းဂိုဏ်း၏ဌာနချုပ်မှာ အမရပူရမြို့ဟောင်းတွင် တည်ရှိပါသည်။
၎င်းတို့သည် နိဗ္ဗာန်၊ ရဟန္တာ၊ ၀ိပဿနာစသည်ဖြင့် နာမည်ကြီးကြီး စာလုံးကြီးကြီးများ တွင်တွင်သုံးလျက် သူတို့သည်သာလျှင်
မြန်မာပြည်သာသနာတော်ကြီး၏ ဂုဏ်ဆောင် အရိယာ ဆရာ၊ တပည့်များဖြစ်ကြောင်း တွင်တွင်ကြီး ကြေညာနေကြပါသည်။
သို့ရာတွင် ဆရာက မည်သူမည်ဝါဟူ၍ပင် ဖော်ထုတ်နိုင်ခြင်းမရှိကြချေ။
အဘယ့်ကြောင့်နည်းဟူမူ အကြောင်းအခိုင်အမာရှိပါသည်။
၎င်းတို့၏ စာအုပ်များကို အကြောင်းညီညွတ်သောအခါတွင် ကြည့်ရှုသုံးသပ်ကြလိမ့်မည်သာ ဖြစ်ပါသည်။ ဆောင်းပါးတစ်ပုဒ်မျှကိုမူ ၂၀၀၇ ခုနှစ်၊ သြဂုတ်လထုတ်၊ ဓမ္မရံသီမဂ္ဂဇင်းတွင် ပြည်သူများ သတိထားနိုင်ကြရန် အမြည်းသဘောအဖြစ် တင်ပြပေးခဲ့ပြီး ဖြစ်ပါသည်။
ချစ်ငယ်(ဒဿန)သည် ၂၀၀၈ ခုနှစ်တွင် မြန်မာ့ရုပ်မြင်သံကြား MRTV-4 မှနေ၍ ဗုဒ္ဓစာပေဆိုင်ရာများကို ဟောပြောပြသသည်အထိ အောင်မြင်ပေါက်မြောက်ခဲ့ပါသည်။
(ယခုအခါ ယင်းအစီအစဉ်များကို ထုတ်လွှင့်ခြင်းကို မတွေ့ရတော့ပေ။)
မိစ္ဆာဝါဒ ကွင်းဆက်များ (ရေးသားသူ-အရှင်ကောဝိဒ (ယော))
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့မှ အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချ၊ ဆုံးဖြတ်ပြီးသော မိစ္ဆာဝါဒများကို လေ့လာကြည့်သောအခါ အချို့သော မိစ္ဆာဝါဒများသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်မှုရှိနေသည်ကို တွေ့ရ၏။ ဥပမာ- ရှင်ဥက္ကဋ္ဌ-၏ မိစ္ဆာဝါဒအချို့နှင့် ရေတာရှည် ဦးမာလာဝရ၏ ၀ါဒ၊ ဦးပညာဝံသ၏ ဓမ္မနီတိဝါဒ-တို့မှ အချို့သော မိစ္ဆာဝါဒများ တူညီနေမှု။ တဖန် ယခုနောက်ပေါ် မိုးပြာဂိုဏ်း၏ ပစ္စုပ္ပန်ကမ္မ၀ါဒ-နှင့် ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒစာအုပ်မှ ရေးသားချက်များသည် အထက်ပါ ရှင်ဥက္ကဋ္ဌစသော အဓမ္မ၀ါဒများနှင့် ထပ်တူနီးပါး တူညီနေသည်ကို တွေ့ရ၏။
မိုးပြာဂိုဏ်းသည် လျှို့ဝှက်သောနည်းဖြင့် စည်းရုံးဟောပြောမှု ဖြန့်ချိမှု ပြုသဖြင့် သာမန်လူထု သိပ်မသိ၊ သိသောအချိန်တွင်လည်း မိစ္ဆာဝါဒ-ဟု တပြိုင်နက် သိလိုက်ရ၏။ ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒပါ အယူဝါဒများကို ကား တရားဝင်ဖြန့်ချိထားသော စာအုပ်ဖြစ်သဖြင့် မိစ္ဆာဝါဒများဟု မထင်ကြ။ ဟိုကဒီက ပြောကြသည့်တိုင် အနည်းအကျဉ်း လွဲချော်မှု-ဟု ထင်ကြ၏။ ထိုသို့ထင်သူများအတွက် ထိုစာအုပ်ပါ ၀ါဒများသည် အနည်းအကျဉ်း မှားယွင်းချွတ်ချော်မှုသက်သက် မဟုတ်ကြောင်း၊ မြန်မာပြည်ရှိ ဗုဒ္ဓ၀ါဒီ ပညာရှိများ နှစ်လုံးစိတ်ဝမ်း မအေးချမ်းနိုင်ဘဲ စိတ်ဆင်းရဲခဲ့ရ၊ အော့နှလုံးနာခဲ့ရသော မိစ္ဆာဝါဒများကို ပြန်လည်ဖော်ထုတ်ထားခြင်းဖြစ်ကြောင်း သိသာအောင် နှိုင်းယှဉ်ပြဖို့ လိုမည်ထင်ပါသည်။ လူသိများ ထင်ရှားသော ရှင်ဥက္ကဋ္ဌ၏ ၀ါဒနှင့် နှိုင်းယှဉ်ပြပါမည်။
(၁) လူသေလျှင်လူသာဖြစ်သည်ဟူသော ၀ါဒ
တောင်တွင်းကြီး ရှင်ဥက္ကဋ္ဌ-၏ လူသေလူဖြစ်စာအုပ်မှ-
(က) လူသားဆိုတဲ့ သတ္တ၀ါ သေဆုံးသွားပြီးတဲ့နောက် အကယ်စင်စစ် ဖြစ်ခွင့် ဖြစ်စရာ ဖြစ်ဖို့အလားအလာများ ရှိခဲ့သေးလျှင် လူမှတစ်ပါး အခြားဘာမှ ဖြစ်စရာ မရှိ။ (လူသေလူဖြစ်စာအုပ် – ၄)
(ခ) လက်ရှိကမ္ဘာလောကတွင် အထွတ်အထိပ်ဖြစ်သော အန္တိမအခြေအနေသို့ ရောက်၍နေသော လူသားသည် နောက်သို့ ပြန်ဆုတ်၍ ဖုတ်နှင့်ပြိတ္တာ၊ တစ္ဆေနှင့်မင်စာ၊ ငရဲကောင်နှင့် တိရစ္ဆာန်သတ္တ၀ါများ ဖြစ်ရန်အကြောင်း လုံးဝ မရှိတော့ချေ။ (လူသေလူဖြစ်- ၃၃၁)
ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ- စာအုပ်မှ–
(က) တိရစ္ဆာန်ဘုံသည် မကောင်းမှုပြုသော သူတို့၏ လားရာ အပါယ်ဘုံတစ်ခု ဖြစ်သည်ဟု ဗုဒ္ဓစာပေများ၌ ပြဆိုထားရကား ဗုဒ္ဓသည် ဘုရားမဖြစ်မီက ဘ၀ပေါင်းများစွာ တိရိစ္ဆာန်ဖြစ်ခဲ့သည် ဆိုခြင်းမှာ အကြောင်းယုတ္တိမရှိချေ။ ဤနေရာ၌ အောက်ပါ ဗုဒ္ဓဒေသနာကိုလည်း ကျွန်ုပ်တို့ ဆင်ခြင်သုံးသပ်ရန် လိုအပ်၏။
“ရဟန်းတို့၊ မဟာသမုဒ္ဒရာ၌ မျက်စိကန်းသော လိပ်တစ်ကောင်သည် ရှိ၏။ ထိုလိပ်ကန်းသည် အနှစ်တရာလွန်မှ တစ်ကြိမ်သာလျှင် ရေပေါ်သို့ ပေါ်တက်၏။ ထိုလိပ်ကန်းသည် လေတိုက်သောကြောင့် ထိုမှဤမှ လွင့်မျောနေသော ထမ်းပိုး၌ လည်ပင်းကို လျှင်မြန်စွာ စွပ်မိရာသေး၏။ အပါယ်ဘုံရှိ သတ္တ၀ါတို့သည် လူ၏အဖြစ်ကို ရခြင်းငှါ အလွန်ခဲယဉ်း၏။ အကြောင်းမူ အပါယ်ဘုံတို့၌ တရားကျင့်ခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်း တို့သည် မရှိကုန်။ တိရစ္ဆာန်တို့သည် အချင်းချင်း စားကြကုန်၏။ အားနည်းသော သတ္တ၀ါကို အားကြီးသော သတ္တ၀ါက စားလေ့ရှိ၏။” (မဇ္ဈိမနိကာယ်၊ ဗာလပဏ္ဍိတသုတ်)
ဤဒေသနာအရ တိရစ္ဆာန်သည် လူ့ဘ၀သို့ ကူးပြောင်းရန် ထိုမျှခဲယဉ်းပါက ဗုဒ္ဓသည် ဘ၀ပေါင်းများစွာ တိရစ္ဆာန်အဖြစ်ဖြင့် ပါရမီဖြည့်ခဲ့သည်ဆိုသော စကားမှာ အခြေအမြစ် မရှိလှချေ။ (စာ-၁၅၇-၈)
(ခ) စင်စစ် သေပြီးနောက် လူကတိရစ္ဆာန်အဖြစ်သို့သော်လည်းကောင်း၊ တိရစ္ဆာန်က လူအဖြစ်သို့သော် လည်းကောင်း ပြောင်းလဲသည်ဆိုခြင်းမှာ သဘာဝနိယာမနှင့် ဖီလာဖြစ်၏။ (စာ-၁၅၈)
(၂) အဘိဓမ္မာ ဘုရားဟောမဟုတ်
အဘိဓမ္မာကိုလည်း ဘုရားဟောမဟုတ်ကြောင်း ရှင်ဥက္ကဋ္ဌတို့ အဖွဲ့က အောက်ပါအတိုင်း ဆိုကြ၏။
(က) တစ်နည်းကြည့်ပြန်လျှင် ပထမသံဂါယနာတင်တွင် ဓမ္မနှင့်ဝိနယကို အာဂုံရွတ်ဆိုကြသည်။ ဒုတိယ တတိယတို့သည်လည်း အလားတူပင် အာဂုံရွတ်ဆိုကြသည်။ အဘိဓမ္မာ မပါဝင်သေးပေ၊ စတုတ္ထသံဂါယနာ တင်၏ နောက်ပိုင်းကျမှ အဘိဓမ္မာဟူ၍ ပေါ်လာခြင်းဖြစ်သည်။ (ဗုဒ္ဓ၀ါဒအခြေခံသင်တန်း၊ ၇၀)
(ခ) သီဟိုဠ်ခေတ် စောစောပိုင်းကပင် အဘိဓမ္မာပိဋကမှာ ထင်ရှားပြီးဖြစ်သည်။ ဤသို့ဖြင့် ထေရ၀ါဒီတို့၏ အဘိဓမ္မာစာပေစုသည် ပိဋကတစ်ဆူအဖြစ် စုစည်းတည်တန့်နေချိန်မှာ တတိယသံဂါယနာ တင်ချိန် (ဘီစီ-၂၄၄)ထက် နောက်မကျနိုင်ချေ၊ သို့စင်လျက် ရှင်မဟာဗုဒ္ဓဃောသမထေရ်သည် ဗုဒ္ဓဘုရားသခင် တာဝတိံသာနတ်ပြည်၌ ၀ါတွင်သုံးလတိုင် ဟောကြားခဲ့သော အဘိဓမ္မာ ၇-ကျမ်းကို (ဗုဒ္ဓမတညူ) ဘုရားဉာဏ်ဆောင်၍ ရေးသားသည်ဟု ယုံကြည်လက်ခံထားကြခြင်းမှာ ထားသူတို့၏ သက္ကာယအစွဲမျှသာ ဖြစ်ရချေမည်။ (၎င်းစာ- ၇၈)
(ဂ) ယင်းအဘိဓမ္မာ ၇-ကျမ်းကို ဗုဒ္ဓဘုရားသခင် တာဝတိံသာနတ်ပြည်၌ ဟောသည်ဟူသော အချက်မှာ အဋ္ဌကထာဆရာ ရှင်ဗုဒ္ဓဃောသ၏ ထွင်လုံးပုံပြင်မျှသာဖြစ်ကြောင်း ထင်ရှားလှပေသည်။
ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒကျမ်းပြု ဦးအေးမောင်ကလည်း အောက်ပါအတိုင်း သံယောင်လိုက်ကာ ထောက်ခံရေးသားခဲ့၏။
(က) အဘိဓမ္မာကျမ်းများသည် ပိဋကတ်သမိုင်း၌ နောက်ဆုံးပေါ်ပေါက်လာသော ကျမ်းများဖြစ်ကြောင်း ယူဆရန်အထောက်အထားများ ရှိ၏။ ပထမနှစ်ကြိမ် သင်္ဂါယနာတင်သော ပါဠိတော်များတွင် အဘိဓမ္မာ ပါဝင်သည်ဟု ၀ိနည်းစူဠ၀ါနှင့် မဟာဝင်၊ ဒီပ၀င်ကျမ်းများ၌ ပြဆိုမထားချေ။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ-နှာ-၁၉)
(ခ) အချို့သောပါဠိတော်တို့၌ အဘိဓမ္မာဟူသော ပုဒ်ကို တွေ့ရ၏။ သို့ရာတွင် သုတ္တန်ပိဋကတ်၌လာသော ထို“အဘိဓမ္မာ”သည် လက်ရှိအဘိဓမ္မာ ခုနစ်ကျမ်းကို မရည်ညွှန်းဘဲ သုတ္တန်ဒေသနာ များမှ နက်နဲသော တရားကို ဆိုလိုဟန်ရှိ၏။ ဗုဒ္ဓဒေသနာများကို သုတ္တ-ဂေယျ-ဂါထာ-ဇာတက စသည်ဖြင့် အင်္ဂုတ္တရနိကာယ်၌ ကိုးမျိုးခွဲခြားထားရာ ဥပမာ- ဇာတကသည် လက်ရှိ ၅၅၀- ဇာတ်နိပါတ်ကို ဆိုလိုခြင်း မဟုတ်ဘဲ နိကာယ်များမှ အချို့ဝတ္ထုများကို ရည်ညွှန်း၏။ ထိုနည်းအတူ သုတ္တန်ပိဋကတ်၌ တွေ့ရသော အဘိဓမ္မာ သည် သုတ္တန်ဒေသနာတော်များကို အမျိုးအစားခွဲခြားရန် သုံးစွဲသော စကားဖြစ်ပေလိမ့်မည်။ (နှာ-၁၉)
(ဥပမာ- ဇာတကသည် လက်ရှိ ၅၅၀- ဇာတ်နိပါတ်ကို ဆိုလိုခြင်း မဟုတ်ဘဲ နိကာယ်များမှ အချို့ဝတ္ထုများကို ရည်ညွှန်း၏။-ဟု ဘယ်ပထွေးက ပြောသည်မသိ၊ “အပဏ္ဏကဇာတကာဒီနိ ပညာသာဓိကာနိ ပဉ္စဇာတကသတာနိ `ဇာတက`န္တိ ဝေဒိတဗ္ဗံ။ -“အပဏ္ဏဇာတ်အစရှိကုန်သော ငါးဆယ်အလွန်ရှိကုန်သော ငါးရာသောဇာတ်တော်တို့ကို ဇာတက-ဟူ၍ သိအပ်၏။”ဟု အဋ္ဌကထာတွင် ဆို၏။ ဥပမာပေးတာတောင် တလွဲ)
ဤသို့လျှင် ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒစာအုပ်သည် ရှင်ဥက္ကဋ္ဌ၏ ၀ါဒများနှင့် တူညီနေပုံ၊ လူသေလူဖြစ်ဝါဒကို ပြန်လည်ဖော်ထုတ်နေပုံကို မှန်းဆနိုင်လောက်ပါပြီ။ ဆက်လက်နှိုင်းယှဉ်ပြပါဦးမည်–
(၃) သံဂါယနာခြောက်တန်ကို ပေါ့တန်သေးသိမ်စေမှု
မိမိတို့ ထေရ၀ါဒဗုဒ္ဓဘာသာသမိုင်းတွင် သံဂါယနာ- တင်ခြင်းကိစ္စသည် အထူးအရေးပါလှ၏။ သံဂါယနာ များမရှိခဲ့လျှင် ထေရ၀ါဒ-ဟူ၍လည်း ရှိမည်မဟုတ်ပါ။ မှန်၏၊ ထေရ၀ါဒဟူသည် ပထမသံဂါယနာ တင်တော်မူသော အရှင်မဟာကဿပ-စသော မထေရ်ကြီးများ၏ လက်ခံသတ်မှတ်အတည်ပြု ထားသည့်အတိုင်း မဖြုတ်မနှုတ် မဖြည့်မစွက်ဘဲ လိုက်နာကျင့်သုံးသော ၀ါဒဖြစ်၏။
သို့ရာတွင် ရှင်ဥက္ကဋ္ဌ၊ ဦးအေးမောင်-စသော မိစ္ဆာဝါဒီတို့သည် သူတို့၏ ၀ါဒနှင့် ထေရ၀ါဒပိဋကတ်သည် ကျောချင်းကပ် ဖြောင့်ဖြောင့်ဆန့်ကျင်နေရကား ထေရ၀ါဒပိဋကတ်သည် ပထမသံဂါယနာတင်စဉ်ကအတိုင်း မပြုမပြင် စင်စင်ကြယ်ကြယ်ရှိသည်ဟု လက်မခံနိုင်ကြဘဲ ဗုဒ္ဓဓမ္မကို ထိခိုက်စေနိုင်သော မိစ္ဆာဝါဒများ အနှောက်အယှက်များ ပေါ်ပေါက်လာတိုင်း ဗုဒ္ဓဓမ္မကို ကာကွယ်ရန် သံဂါယနာတင်တော်မူကြသော အရိယာမထေရ်ကြီးများကိုမှ အားမနာဘဲ မိုက်ရိုင်းသူများပီပီ သံဂါယနာ-ဟူသည် ဘာမျှအရေးမပါလေဟန် အောက်ပါအတိုင်း လုပ်ကြံရေးသားကြကုန်၏။
(က) တတိယသံဂါယနာတင်ပွဲ၌ ပိဋကတ်သုံးပုံဟူ၍ ဖြစ်လာသည်မှာ ရှင်မောဂ္ဂလိပုတ္တတိဿမထေရ် သည် သူရေးသားသော ကထာဝတ္ထုကျမ်းကို ထည့်လို၍ အဘိဓမ္မာ ၇-ကျမ်းဟု တင်သွင်း သံဂါယနာတင်ခဲ့ကြဟန် ရှိလေသည်။
ဤတတိယသံဂါယနာ၌ အပြိုင်ဟူ၍ ထင်ရှားတင်ရန်အကြောင်း မပေါ်ပေါက်တော့ချေ၊ အဘယ်ကြောင့် ဆိုသော် အသောကမင်းကြီးက အကွဲကွဲသော သံဃာများ၏ အလိုသို့လိုက်၍ အများကြိုက်ဖြစ်စေရန် စုပေါင်းပြီး တင်လိုက်သောကြောင့် ဖြစ်သည်။ ပိဋကတ်မှာ ဤသံဂါယနာမှစ၍ ဗြဟ္မဏဟောနှင့် ဗုဒ္ဓဟောတို့ အတိအလင်း တရားဝင် ရောထွေးလာတော့၏။ ထေရ၀ါဒီဂိုဏ်းတို့က မကျေနပ်သော်လည်း မင်း၏အာဏာကို မဆန့်ကျင်လိုသဖြင့် လိုက်လျောခဲ့ရ၏။ ဤအမှား၏ ဒဏ်ကို အစဉ်အဆက် သာသနာသမိုင်းတစ်လျောက် အမွေခံခဲ့ရ၏။ (နိကာယ်၏ နိကာယ်သမိုင်းကျောက်တိုင်မှ)
ဦးအေးမောင်၏ ပရမ်းပတာ ရေးသားချက်များကိုလည်း ရှုပါဦး။
(က) သုတ္တန်နှင့် ၀ိနည်းပိဋကတ်များသည် မြန်မာနိုင်ငံသို့ မရောက်မီက လေးကြိမ်တိတိ သင်္ဂါယနာတင်ပြီး ဖြစ်သည်မှန်၏။ သို့ဖြစ်စေကာမူ ထေရ၀ါဒသမိုင်း၌ ထင်ရှားသော သင်္ဂါယနာလေးခုသည် ပါဠိပိဋကတ်ကို လေ့လာစိစစ်သော သုတေသီပညာရှင်တို့၏ အမြင်အားဖြင့် များစွာအရေးပါလှသည် မဟုတ်ချေ။
(ခ) အခြားစဉ်းစားရန်ရှိသည်ကား သင်္ဂါယနာတင်သော ပုဂ္ဂိုလ်တို့သည် ရဟန်းသံဃာ တစ်စုတစ်ဖွဲ့မျှသာဖြစ်၍ သူတို့အတည်ပြုသော ဗုဒ္ဓဒေသနာများကို အခြားရဟန်းသံဃာတို့က မည်မျှလက်ခံ အသိအမှတ်ပြုပါသနည်းဟူသော အချက်ဖြစ်၏။
(ဂ) ထို့အပြင် သင်္ဂါယနာတင်သော ရဟန်းသံဃာသည် ဒေသနာများကို စုပေါင်းရွတ်ဆိုရုံမှတစ်ပါး စေ့ငုသေချာစွာ လေ့လာဆန်းစစ်မှု၊ ဝေဖန်သုံးသပ်မှုပြုသော လက္ခဏာမရှိချေ။ သို့ဖြစ်၍ အနောက်နိုင်ငံ ပါဠိသုတေသီပညာရှင်တို့က ယခုလက်ရှိ ပါဠိပိဋကတ်၏ တစ်စိတ်တစ်ဒေသမျှသာ ပထမသင်္ဂါယနာ၌ အတည်ပြုသော ပါဠိတော်များ ဖြစ်တန်ရာသည်။ ထိုတစ်စိတ်တစ်ဒေသသည်ပင် ထိုသင်္ဂါယနာတင် ပါဠိတော်များနှင့် ထပ်တူဖြစ်သည်ဟုဆိုရန် ခိုင်မာလုံလောက်သော အထောက်အထားမရှိဟု ယူဆကြ၏။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ- ၂၂-၂၃)
(၄) ဗုဒ္ဓမြတ်စွာ၏ သဗ္ဗညုတဉာဏ်တော်ကို မယုံကြည်မှု
ရှင်ဥက္ကဋ္ဌနှင့် အပေါင်းအပါတစ်စုသည် မြတ်ဗုဒ္ဓသည် သိစရာမှန်သမျှ တစ်စမကျန် သယမ္ဘူဉာဏ်ဖြင့် အမှန်အတိုင်း သိတော်မူသည်ဟု လက်မခံနိုင်ကြ။ သာမန်ဉာဏ်ကြီးရှင်တစ်ယောက်အဖြစ်သာ လက်ခံလိုကြ၏။ သာဝကတို့နှင့် ခေါင်းဆောင်နှင့်နောက်လိုက်အနေအထားမျိုးသာ ဖြစ်၏။ ထို့ထက်မပို-ဟု ဆိုကြ၏။ သူတို့၏ ရေးသားချက်အချို့ကို ကြည့်ပါဦး။
(က) အဋ္ဌကထာဆရာတို့သည် ဗုဒ္ဓ၏ ဂုဏ်အကြောင်းအရာများကို ချီးမြှောက်ရေးသားရာ၌ ထိုသဗ္ဗညုတဉာဏ် ရရှိသည်ဆိုသော တိတ္ထိဆရာကြီးတို့ကို အညံ့မခံလိုသည်ကတစ်ကြောင်း၊ ဗုဒ္ဓကို အခြားအရိယာပုဂ္ဂိုလ်တို့နှင့် ခွဲခြားထားလိုသောကြောင့် ဗုဒ္ဓသည် ဘာမဆို အကြားအမြင် အသိရှိသော သဗ္ဗညုတဉာဏ် ရရှိသည်ဟု ပြဆိုကြဟန်တူ၏။
(ခ) ၀ိဇ္ဇာသုံးပါးသည် ရဟန္တာတိုင်း ရရှိသော အသိဉာဏ် ဖြစ်၏။ ဤသို့ ဆိုပါမူ ဗုဒ္ဓနှင့် ရဟန္တာပုဂ္ဂိုလ် တို့သည် မည်သို့ ခြားနားပါသနည်း။ (အမှန်တရား သုတေသန အမှတ် (၁) စာစောင်)
ဦးအေးမောင်ကလည်း အလားတူ ယူဆ၏။ သူ၏ ရေးသားချက်များကိုလည်း ရှုပါဦး။
(က) အဋ္ဌကထာ၌ အထူးပြဆိုထားသော ဗုဒ္ဓဂုဏ်တော်မှာ သဗ္ဗညုတဉာဏ်ဖြစ်၏။ သံယုတ္တနိကာယ်၌ ကောသလမင်းက မေးလျှောက်၍ ဗုဒ္ဓက မိမိ၌ သဗ္ဗညုတဉာဏ်ရှိသည်ဟု မိန့်ကြား၏။ သို့ရာတွင် ထိုသဗ္ဗညုတဉာဏ်သည် မည်သို့သော ဉာဏ်မျိုးဖြစ်ကြောင်း ရှင်းပြတော်မမူချေ။ အဋ္ဌကထာဆရာတို့ကမူ အမြဲထာဝရ ဘာမဆို ကြားမြင်သိရှိသော ဉာဏ်မျိုးဖြစ်သည် ဆို၏။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ-၃၃၁)
(ခ) ဤဗုဒ္ဓဒေသနာအရ သဗ္ဗညုတဉာဏ်မှာ သိသင့်သိအပ်သော တရားအားလုံးကို ထိုးထွင်းသိမြင်မှု၊ (၀ါ) ၀ိဇ္ဇာသုံးပါးကို ထိုးထွင်းသိသော ဉာဏ်အမြင်ဖြစ်ကြောင်း ထင်ရှား၏။ ၀ိဇ္ဇာသုံးပါးသည် ရဟန္တာပုဂ္ဂိုလ်တိုင်း ရရှိသော ဉာဏ်ဖြစ်၏။ အဋ္ဌကထာဆရာတို့သည် ဗုဒ္ဓကို ရဟန္တာပုဂ္ဂိုလ်တို့နှင့် ခွဲခြားလိုသောကြောင့် ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်ကို ထာဝရ အကြားအမြင်အဖြစ်ဖြင့် ဖွင့်ဆိုရေးသားခဲ့ကြခြင်း ဖြစ်ပေမည်။ (စာ- ၃၃၂)
(ဂ) ဤသို့ဖြင့် ဗုဒ္ဓနှင့် ရဟန္တာတို့တွင် ဆရာနှင့်တပည့်၊ (၀ါ) ခေါင်းဆောင်နှင့် နောက်လိုက်တို့၏ နေရာကဏ္ဍ ခြားနားမှုမျိုးမှတစ်ပါး အခြားခြားနားမှုများ ရှိကြောင်း ယူဆရန် ဒေသနာအထောက်အထား မရှိချေ။ (စာ-၃၃၃)
(၅) စေတီရုပ်ပွား ကိုးကွယ်မှု
ဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုစရာ အမှတ်လက္ခဏာ မကျန်တော့လောက်အောင် ပရမ်းပတာ ပြောဆိုချက်များကို ရှုပါဦး။
(က) ၀တ်ထည်ဖျင်ခင်းကို သင်္ကန်းဟူ၍ မခွဲခြားတော့ဘဲ အ၀တ်ဟူ၍ တသားတည်း မြင်ကြလေပြီ၊ သူတော်ကောင်းတို့ရဲ့ ဆံပင်တည်းဟူသော အမွေးသည် မြင်းမြီးထက်ပို၍ အနာရောဂါကို ပျောက်စေနိုင်သည်ဟူသော ဥပါဒါန်ကိုလည်း ယခုခေတ်၌ တော်လှန်ကြလေပြီ၊ ယခုအခါ၌ မြင့်မြတ်သော ဓာတ်တော် မွေတော်-စသည်တို့ကို ဘာသာရေးအမှိုက်သရိုက်များ ဖြစ်သည်ဟု ကျွန်ုပ်တို့ သေချာထင်ထင် သိမြင်ကြကုန်ပြီ။ (လူသေလူဖြစ်-၈၁)
(ခ) ဆီမီးအခိုးတိုင် ထွန်းညှိခြင်း၊ ပူဇော်ခြင်း၊ ဒူးထောက်ရိုကျိုး ရှိခိုးခြင်း၊ ကြေးစည်ခေါင်းလောင်း ထိုးခြင်း၊ ဓမ္မသီချင်း ကျူးရင့်ခြင်း၊ ဂုဏ်တော် ရွတ်ဖတ်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ ဆုတောင်း ပတ္ထနာပြုခြင်းဖြင့် ချဉ်းကပ်ရသော နတ်တို့ ဘုရားတို့ကို ကျွန်ုပ်တို့ ယုံကြည်ရန် မဖြစ်နိုင်တော့ချေ။ (လူသေလူဖြစ်-၁၂၇)
(က) မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓဓာတ်တော်များကို စေတီတည်ထိုက်ကြောင်း ၊ ဗုဒ္ဓဖွားရာ၊ ဘုရားဖြစ်ရာနှင့် ပရိနိဗ္ဗာန်ပြုရာဌာနများသို့ ဘုရားဖူးသွားသော သူတို့သည် နတ်ပြည်သို့ ရောက်မည်ဖြစ်ကြောင်း ဖော်ပြထား၏။ ဤစကားမှာ မိမိအား ပုဂ္ဂိုလ်စွဲကြည်ညိုမှုကို ဆန့်ကျင်သော ဗုဒ္ဓ၏စကား သို့မဟုတ် သင်္ဂါယနာတင် ရဟန်းသံဃာ၏ စကားမဖြစ်နိုင်ချေ။ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်းနှစ်ရာကျော်လောက်မှ သုတ္တန်ပိဋကတ်ကို ပြင်ဆင်တည်းဖြတ်သော ဆရာတို့၏ စကားဖြစ်ရပေမည်။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ- ၃၃၄)
(ခ) ယနေ့ မြန်မာဗုဒ္ဓ၀ါဒီ လူထု၏ ဘာသာရေးနယ်ပယ်၌ အကျူံးဝင်သော သရဏဂုံသုံးပါး၊ ဂါထာပရိတ် ရွတ်ဖတ်မှု၊ နှစ်ကျိပ်ရှစ်ဆူ ပူဇော်မှု၊ ဘုရားစေတီ မွမ်းမံပြင်ဆင်မှု စသည်တို့သည် မူလဗုဒ္ဓ၀ါဒနှင့် အံမ၀င်ဘဲ မဟာယာန၀ါဒနှင့် ပိုမိုနီးစပ်ကြောင်း သတိပြုသင့်ပေသည်။ (စာ- ၃၆၇)
ဤမျှဆိုလျှင်ပင် ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ-စာအုပ်ကြီးသည် အဓမ္မ၀ါဒများကို ပြန်လည်ဖော်ထုတ်ထားသော စာအုပ်ကြီးဖြစ်ကြောင်း ပေါ်လွင်လောက်ပြီဟု ယူဆပါသည်။
(သူတို့၏ ရေးသားချက်များ မဟုတ်မမှန်ကြောင်း၊ ဘက်လိုက်သော အမြင်များ၊ အလျင်စလို ကောက်ချက်ချမှုများသာဖြစ်ကြောင်း သိလိုပါက “လူသေလူဖြစ် ၀ါဒါနုဝါဒ၀ိနိစ္ဆယ- (ထေရ၀ါဒစွယ်စုံကျမ်း)” စာအုပ်ကြီးကို ဖတ်ရှုပါဟု ညွှန်းလိုပါသည်။)
“ရဟန်းတို့၊ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ “ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းရမည်။” (ဒီ။ မြန်၊ ၁။၁၁။)
ပထမဦးဆုံး အွန်လိုင်းမှ မြန်မာနိုင်ငံသာသနာကို ဖျက်ဆီးနေသော ဆိုက်များ
၁။ ။ http://sayamvasi.googlepages.com/ ပစ္စုပ္ပန်ကမ္မ၀ါဒ
၂။ ။ http://www.yatanar.co.cc/ ရတနာ
၃။ ။ http://human-buddha.blogspot.com/ လူသားဗုဒ္ဓ
၎။ ။ http://buddhismabc.blogspot.com/ ဗုဒ္ဓဘာသာကကြီးကခွေး
၅။ ။ http://toiletwall.ning.com/ ဘာသာရေးဆွေးနွေးခန်း
၆။ ။ http://forums.myanmarcommunity.com/ ဆွေးနွေးခန်း
၇။ ။ http://www.mandalaygazette.net/ မန္တလေးဂေဇက်မဂ္ဂဇင်း
၈။ ။ http://azai.mmgenius.com/ အပါယ်ရတနာ
၉။ ။http://www.dhammaviharri.org/ဓမ္မ၀ိဟာရီ
ဖော်ပြပါဆိုဒ်များသည် အဓမ္မ၀ါဒ အဖြစ်သတ်မှတ်ထားသော
မိုးပြာဝါဒများကို ဖြန့်ဝေနေသော ဆိုဒ်များဖြစ်ပါသည်။
မိုးပြာဂိုဏ်း၏ ဟောပြောချက်အချို့ နှင့် သူတို့၏ ထုတ်ဝေပြီးသော စာအုပ်များ
မိုးပြာဂိုဏ်း၏ ဟောပြောချက်အချို့
၁) ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် တစ်ခါလုပ်မိရင် ထပ်ထပ်လုပ်ချင်တယ်။ ဒီကံကြီးက ကိုယ့်ကို ရစ်ပတ်နေပြီ။ ဒီလူမလွတ်လပ်တော့ဘူး။
(၂) ဘုရားရဲ့ နတ်အရကောက်ဟာ မိုးပေါ်ကသူတွေ မဟုတ်ဘူးဆိုတာ ပေါ်လွင်တယ်။
၃) ဒီလောက်တန်ဖိုးများ ဒါနကြီးအတွက် ဘုရားဟောတဲ့ တစ်ဂါထာတည်းမှာ နတ်ပြည်လည်း မပါဘူး။ လူ့ ပြည်လည်း မပါဘူး။ ငရဲလည်း မပါဘူး။ နောင်ဘ၀လည်း မပါဘူး။ ဒါနအကျိုးကို ဘုရားက နတ်ပြည်လို့ မဟောဘူး။
၎) ဘုရားက လူကိုသတ်မှ ပါဏာတိပါတလို့ ဟောတယ်။ တိရစ္ဆာန်သတ်ရင် ကံမထိုက်ပါဘူး။ အစိုးရပစ္စည်းဟာ လူ့ပစ္စည်းမဟုတ်ပါဘူး။ အဲဒါကို ခိုးလို့ ကံမထိုက်ဘူး။ ကာမဂုဏ်မှားယွင်းကျက်စားမှုဟာ ကိုယ့်ကာမပိုင်မဟုတ်သူကို မေထုန်ပြုမှုလို့ အဓိပ္ပာယ်ရမှာ မဟုတ်ဘူး။ ကိုယ့်ဘ၀မဟုတ်တဲ့အရာတွေကို မမှန်တာပြောလည်း လိမ်ရာမကျဘူး။ မုသာဝါဒမဖြစ်ဘူး။ လိမ်ကောင်းတယ်။ မူးအောင်မသောက်ရင် အရက်သောက်တာက မိတ်ဆွေပေါလို့ စီးပွားဖြစ်တော့ အကျိုးတောင် ရှိပါသေးတယ်။ ဒီလိုသောက်တာကို ဘုရားက သုရာမေရယလို့ ဟောတာမဟုတ်ဘူး။
၅) နတ်ပြည်ရဲ့ တည်ရာက မြင်းမိုရ်တောင်ပဲ။ သည်တောင်ဟာ ကမ္ဘာ့ပထ၀ီမှာ တကယ်မရှိတဲ့တောင်ပဲ။ ဒါ့ကြောင့် သည်လောက် ယုတ္တိမဲ့တဲ့အရာလို့ပဲ ပြောပါရစေ။
၆) ဘယ်တရားမှ မရချင်နေ။ ရှေ့ဘ၀၊ နောက်ဘ၀ကိုတော့ မတွေးရဘူး။ ရှေးဘ၀၊ နောက်ဘ၀ တွေးတဲ့သူဆိုရင် မိစ္ဆာဒိဋ္ဌိလို့ ဆိုပြီးသကာလ ကျုပ်တို့နဲ့ ပဋိပက္ခအရာမှာ ရှိတယ်။
၇) ဆဋ္ဌသံဂါယနာတင်ပွဲဟာ ဦးနုနဲ့ ဖဆပလအဖွဲ့တို့၊ ဦးဝိစိတ္တတို့၊ မဟာစည်တို့၊ ညောင်ရမ်းတို့ ဂုဏ်သိက္ခာတွေရတာကလွဲလို့ တခြားအကျိုးကတော့ မပြောလောက်ပဲ ဖြစ်တယ်။
၈) အရဟံဆိုပါတော့။ အေး သည်စာတွေက သိပ်မြင့်တယ်။ တို့လူတွေနဲ့ မတန်ဘူး။ မတန်မရာတွေကို တို့လူတွေက ရွတ်ဆိုနေမိကြတာပဲ။ သည်စာတွေဟာ စိတ္တဇအပြစ်ဖြစ်တယ်။ ဘုရားကို အထင်ရောက်သွားတော့ စိတ္တဇအပြစ်ဖြစ်စေတယ်။ အပြစ်ကကြီးတယ်။ ဗုဒ္ဓဘာသာမဟုတ်တော့ဘူးလို့ ဖြစ်တယ်။
၉) တရားဓမ္မဆွေးနွေးတဲ့အခါ ပရမတ်တွေအကြောင်း မပြောစေချင်ပါဘူး။ ပရမတ်တွေဟာ တရားမဟုတ်လို့ပါပဲ။
၁၀) သည်လိုဆိုရင် သည်စာသင်တိုက်ကြီးတွေက တလွဲဖြစ်ထွန်းနေတာမို့ ဗုဒ္ဓဘာသာတရားဓမ္မအရ လိုလားစရာမဟုတ်ဘူး။
၁၁) လူသားလျှောက်ရမည့်လမ်းဟူသည် ဘုရားသခင်၏ အစေအပါးအဖြစ် ကိုယ့်ကိုယ်ကို ယဇ်ပူဇော်ခြင်းမဟုတ်။ မိမိကိုယ်ကို မိမိကပင် ဘုရားသခင်အဖြစ် ခန့်အပ်လိုက်ခြင်းပင်ဖြစ်သည်။
၁၂) လေးသင်္ချေ၊ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ပြီးမှ ပေါ်ထွန်းလာသော ဗုဒ္ဓသည် မှားယွင်းသောကြောင့် မိစ္ဆာသမ္မာသမ္ဗုဒ္ဓဖြစ်သည်။ လက်ရှိ ပစ္စုပ္ပန်ဘ၀တစ်ခုတည်း၌ ဉာဏ်ဖြင့် ဖောက်ထွင်းသိမြင်သော ဗုဒ္ဓသာလျှင် သမ္မာသမ္ဗုဒ္ဓဖြစ်သည်။ ဘ၀သံသရာဟူသည်မရှိ။ ပစ္စုပ္ပန်ဘ၀တစ်ခုသာ ရှိသည်။
၁၃) ဂေါတမဘုရားရှင်သည် ဆွမ်းဘုဉ်းပေးခြင်း၊ ရေဘုဉ်းပေးခြင်းကြောင့် ကိလေသာမကုန်သေး။ လောဘ။ တဏှာ၊ ကိလေသာရှိသေးသည်။
၁၄) ဗုဒ္ဓသည် မာရ်နတ်၏ သမီး နတ်သမီးသုံးယောက်နှင့် ပျော်ပါးစံစားရန် စိတ်ကူးမိကြောင်း ဖော်ပြထားသဖြင့် ကိလေသာ မကုန်သေးဟု ဆိုရမည်။
၁၅) ပါဏာတိပါတသိက္ခာပုဒ်အရ လူ့အသက်သတ်မှ အပြစ်ရှိသည်။ တိရစ္ဆာန်များအသက်ကိုသတ်လျှင် ငရဲမကြီးချေ။
*အသေးစိတ်ကို အောက်ကလင့်မှာ ဖတ်ပါ။
http://mandalaygazette.com/46380/uncategorized-other/copypaste
ချမ်းမြေ့ ဆရာတော်၏ ၁၄ရက်တရားစခန်းကို ၀င်လိုသူများအ...
 ချမ်းမြေ့ ဆရာတော်၏ ၁၄ရက်တရားစခန်းကို ၀င်လိုသူများအ...: ချမ်းမြေ့ ဆရာတော်၏ ၁၄ ရက်တရားစခန်းကို စင်ကာပူနိုင်ငံတွင် ၁၃ရက်-ဒီဇင်ဘာ-၂၀၁၁ မှ ၂၆...