မိမိကြိုက်ရာရွေးချယ်ရှာပါ

Wednesday 6 June 2012

သိမှတ်စေရန်....သိမ်းဆည်းရန် အတွက်


ဘုရားရှင် လက်ထက်တွင် ထူးခြားသော ယောကျာ်း (၁၁)ဦး နှင့် ယောကျာ်းမြတ်တို့ သိသင့်သောအချက်များ


ဘုရားရှင် လက်ထက်တွင် ထူးခြားသော ယောကျာ်း (၁၁)ဦး

၁။ တဖုဿ - ဘုရားရှင်ကို ရှေးဦးစွာ လှူဒါန်းရသူ။

၂။ ဘလ္လိက - ဘုရားရှင်ကို ရှေးဦးစွာ လှူဒါန်းရသူ။

၃။ အနာထပိဏ်သဌေး - အလှူအများဆုံးလှူသူ။

၎။ ဟတ္ထာဠာဝက - ဝတ္ထုပစ္စည်းဖြင့် ပရိသတ်အား ဆွဲဆောင်နိုင်သူ။

၅။ စိတ္တသူကြွယ် - အလွန်တရားဟောကောင်းသူ။

၆။ မဟာနမ်သာကီဝင်မင်း - အခါမပြတ်ပေးလှူတတ်သူ။

၇။ ဝေသာလီဥဂ္ဂသူကြွယ် - နှစ်သက်ဖွယ်ရာကို ပေးလှူတတ်သူ။

၈။ ဟတ္ထဂါမဥဂ္ဂသူကြွယ် - သံဃာတော်တို့အား လုပ်ကျွေးတတ်သူ။

၉။ စူဠပန် - ဘုရားကို အလွန်ကြည်ညိုသူ။

၁၀။ ဇီဝက - ရဟန်းတော်များအား အထူးကြည်ညိုသူ။

၁၁။ နကုလပိတာသူကြွယ်- ဘုရားနှင့်အလွန် ကျွမ်းဝင်သူ။



ယောကျာ်းကောင်းတို့၏ အား(၅)ပါး



၁။ ကာယဗလ - ကိုယ်ခန္ဓာ တောင့်တင်းအင်အားကြီးမားခြင်း။

၂။ ဘောဂဗလ - ပစ္စည်းဥစ္စာ ရတနာရွှေငွေ ကြွယ်ဝခြင်း။

၃။ မိတ္တဗလ - ဆွေမျိုးကောင်း မိတ်ဆွေကောင်း ပေါများခြင်း။

၎။ ပညာဗလ - အမျိုးမျိုးသော အတတ်ကိုတတ်ခြင်း။

၅။ စာရိတ္တဗလ- ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း။



ယောကျာ်းကောင်းတို့၏ ရှိအပ်သောဂုဏ်(၆)ပါး



၁။ ခမာဂုဏ် - သည်းခံခြင်း။

၂။ ဇာဂရီနဂုဏ် - နိုးကြားခြင်း။

၃။ ဥဋ္ဌာနဂုဏ် - လုံ့လဝီရိယရှိခြင်း။

၎။ သံဝိဘာဂဂုဏ် - ဝေဖန်ပိုင်းခြားတတ်ခြင်း။

၅။ ဒယာဂုဏ် - သနားကြင်နာတတ်ခြင်း။

၆။ ဣက္ခနဂုဏ် - အရာရာ၌ ဆင်ခြေတတ်ခြင်း။



ယောကျာ်းကောင်းတို့၏ ရှောင်ရှားအပ်သောအမှု(၅)ပါး

၁။ အလုပ်လုပ်ရာတွင် ထိုင်းမှိုင်းတွေဝေပြီး နှေးကွေးစွာလုပ်ခြင်း။

၂။ သတ္တိနည်းပါး၍ ကြောက်ရွံ့စိုးရိမ်တတ်ခြင်း။

၃။ အအိပ် အလွန်ကြူးစုံမက်ခြင်း။

၎။ သည်းခံစိတ်မရှိ၊ အလွန်ဒေါသကြီးခြင်း။

၅။ လုံ့လဝီရိယ အလွန်နည်းပါးခြင်း။

ဒီစာလေးတွေကိုလည်း သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။ မှော်ဖတ်ဖူးတဲ့စာအုပ်တွေထဲက ကောက်နုတ်ပေါင်းစုတင်ပြ လိုက်တာပါ။ မှော်ဖြူ တို့ယောကျာ်းလေးတွေ ပိုသိသင့်တယ်ထင်လို့ အမျိုးသားထု အတွက် ရေးသားလိုက်တာပါ။ နောင်တစ်ချိန်မှာ ယောကျာ်းကောင်း၊ ယောကျာ်းမြတ်များ ပေါ်ထွက်ကြပါစေဗျာ။

မေတ္တာဖြင့်

မှော်ဖြူလုလင်

No comments:

Post a Comment