ကြောက်တတ်ပေါင်ကွာ
ဖိုးတာ။ ။ မျက်ပြူးဟေ့ ကောင်ဟိုရှေ့ ကညောင်ပင်ကြီးမှာသရဲရှိတယ်တဲ့ ငါ့ အကိုကပြောတယ်။
မျက်ပြူး။ ။ ဟေ့ ကောင်ဖိုးတာငါကမကြောက်တတ်ဘူးကွ။
ဖိုးတာ။ ။ တစ်ကယ်ပြောတာလားမျက်ပြူး။
မျက်ပြူး။ ။ တစ်ကယ်ပြောတာပေါ့ ကွ။
ဖိုးတာ။ ။ အေးအဲတာဆိုမင်းနဲ့ ငါလောင်းမလား။
မျက်ပြူး။ ။ လောင်းမယ်ကွာ။ဘာကြေးလဲမုန့် ကျွေးကြေးလား။
ဖိုးတာ။ ။ အေး။
မျက်ပြူး။ ။ လောင်းတယ်ကွာဒါဆိုရင်။
အဲလိုနဲ့ ဖိုးတာနဲ့ မျက်ပြူးတို့ နှစ်ယောက်ဟာညောင်ပင်ကြီးဆီကိုသွားကြတယ်။အဲဒီအချိန်မှာပဲရွာထဲက
စိန်တိုးဆိုတဲ့ အကိုကြီးတစ်ယောက်ကညောင်ပင်ကြီးပေါ်မှာငှက်ပစ်ရင်းနဲ့ အပင်ပေါ်ကပြုတ်ကြပြီးတွဲလောင်း
ကြီးဖြစ်နေတာကိုလဲမြင်ေ၇ာ
မျက်ပြူး။ ။ ဖိုးတာဟေ့ကောင်ဟိုမှာ သရဲ၊ သရဲ၊ သရဲ၊ သရဲကြီးဆိုပြီးပြေးလိုက်တာလိမ့် နေတာပဲ။
အဲအချိန်မှာဖိုးတာပြောလိုက်တဲ့ စကားကတော့
ဖိုးတာ။ ။ အော်မျက်ပြူး၊မျက်ပြူးပြောတော့ကြောက်တတ်ပေါင်ကွာတဲ့ ၊အခုကြတော့လည်းပြေးလိုက်
တာလိမ့် နေတာပဲ၊ဟားဟားဟားဟား..........။
ချစ်မွှေး( မလက္ကာမြို့ )

No comments:
Post a Comment