မိမိကြိုက်ရာရွေးချယ်ရှာပါ

Friday, 2 March 2012

မြန်မာ့အားကစားကမ္ဘာကိုလွှမ်းတော့မည်

လာအိုအား အနိုင်ရကာ အုပ်စု ပထမဖြင့် ဆီမီးတက်ရန် သေချာသွားသည့် မြန်မာလူငယ် PDF Print E-mail
Written by Admin Team   
Friday, 02 March 2012 20:54
ယနေ့ ညပိုင်းက ဘရူနိုင်း နိုင်ငံတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်တွင် မြန်မာ ယူ-၂၁ လူငယ် အသင်းသည် လာအို လူငယ်အသင်းအား (၂-၀)ဂိုးဖြင့် အနိုင်ရကာ အုပ်စုဗိုလ် အဖြစ် ဆီမီးဖိုင်နယ် တက်ရောက်ရန် သေချာ သွားခဲ့ပြီ ဖြစ်သည်။

မြန်မာအသင်းသည် ယခု ပွဲစဉ်တွင် အဓိက တိုက်စစ်မှူး ကျော်ကိုကိုအား ပြန်လည် ပွဲထုတ်ခဲ့ကာ ကောင်းစည်သူနှင့် တွဲဖက် ကစားစေခဲ့သည်။ ပတ်ဆောင်ဟွာ အနေဖြင့် ယနေ့ ကစားကွက်အား ၄-၄-၂ ဖြင့် ကစားစေခဲ့ကာ ကွင်းလယ်တွင် သက်နိုင်၊ ကျော်ဇေယျာဝင်း၊ ရန်အောင်ဝင်း၊ ကြည်လင်းတို့ဖြင့် ပွဲထုတ်ခဲ့သည်။ နောက်တန်းတွင်မူ ရဲဇော်ထက်အောင်၊ ညီညီအောင်၊ ဇော်မင်းထွန်း၊ နန္ဒကျော်တို့ဖြင့် ပွဲထွက်ခဲ့ပြီး ဂိုးသမားအဖြစ် ပြည့်ဖြိုးအောင်ပင် တာဝန် ယူခဲ့သည်။

ယနေ့ပွဲတွင် မြန်မာအသင်း အနေဖြင့် လာအို အသင်းအား အလွယ်တကူ အနိုင်ရခဲ့ခြင်း မဟုတ်ဘဲ ဦးဆောင်ဂိုး ရရှိရန်ပင် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသည်။ သို့သော် ပထမပိုင်း (၃၈)မိနစ် အရောက်တွင် မြန်မာတို့ အဖွင့်ဂိုး ရရှိခဲ့ပြီး အဆိုပါ ဂိုးအား မြန်မာလူငယ် အဓိက တိုက်စစ်မှူး ကျော်ကိုကိုက သွင်းယူ ပေးခဲ့သည်။ ထို့ကြောင့် ပထမပိုင်း အပြီးတွင် မြန်မာလူငယ်တို့ တစ်ဂိုး အသာဖြင့် ဦးဆောင် ထားနိုင်ခဲ့ကာ ဒုတိယပိုင်းတွင် နောက်ထပ် ဂိုးရရှိရေး ကြိုးပမ်းခဲ့သည်။

လာအို အသင်းမှာလည်း ယနေ့ပွဲတွင် အရေးကြီးသည့် ရမှတ်များ ရရှိနိုင်ရန် အတွက် ဖောင်ဖျက် ကစားခဲ့ပြီး မြန်မာအသင်း ဂိုးပေါက်အား ခြိမ်းခြောက်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ မြန်မာအသင်း အတွက် ဒုတိယ ဂိုးအား ဒုတိယပိုင်း ပွဲချိန် (၈၇)မိနစ် အရောက်တွင်မှ ပင်နယ်တီမှ တစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်ပြီး ကျော်ဇေယျာဝင်းက အမှားအယွင်း မရှိ ကန်သွင်းကာ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုဂိုးသည် ကျော်ဇေယျာဝင်း၏ ပြိုင်ပွဲတစ်လျှောက် (၅)ဂိုးမြောက် ဂိုးလည်း ဖြစ်ပြီး ဂိုးသွင်း ဘုရင်ဆု အတွက် ပို၍ အခြေအနေ ကောင်းစေခဲ့သည်။ ထို့အပြင် ကျော်ဇေယျာဝင်း အနေဖြင့် ပွဲစဉ်တိုင်း ဂိုးသွင်းယူ နိုင်သည့် စံချိန်ကိုပါ ဆက်ထိန်းထားနိုင် ခဲ့ခြင်းလည်း ဖြစ်သည်။ ထို့နောက်တွင် လာအို အသင်း အနေဖြင့် မြန်မာအသင်း ဘက်သို့ ပြန်လည် ချေပနိုင်ခြင်း မရှိတော့ဘဲ မြန်မာလူငယ်တို့ (၂-၀)ဖြင့် နိုင်ပွဲ ရရှိခဲ့ခြင်း ဖြစ်သည်။

ယခုရလဒ်ကြောင့် မြန်မာလူငယ် အသင်းသည် စင်ကာပူနှင့် တစ်ပွဲ ကစားရန် ကျန်သေးသည့်တိုင် အုပ်စုဗိုလ် အဖြစ် ဆီမီးဖိုင်နယ် တက်ရောက်ရန် သေချာ သွားခဲ့ပြီ ဖြစ်ကာ လာမည့် မတ်လ ၄ရက်နေ့တွင် နောက်ပွဲအဖြစ် ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ယခုရလဒ်ကြောင့် မြန်မာလူငယ် အသင်းသည် စင်ကာပူနှင့် တစ်ပွဲ ကစားရန် ကျန်သေးသည့်တိုင် အုပ်စုဗိုလ် အဖြစ် ဆီမီးဖိုင်နယ် တက်ရောက်ရန် သေချာ သွားခဲ့ပြီ ဖြစ်ကာ လာမည့် မတ်လ ၄ရက်နေ့တွင် နောက်ပွဲအဖြစ် ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်...

Tags:
 

logo sponsors


CB BANK Co-operative Bank Ltd.
Rich Coffee











Ordos Toothbrush


Official Website of KBZ Football Club

No comments:

Post a Comment