မိမိကြိုက်ရာရွေးချယ်ရှာပါ

Wednesday 4 January 2012

ကျနော်၏ကဗျာ


       မင်းသိပါစေ
သတိရတိုင်းပဲ....လွမ်းမိတယ်
လွမ်းမိတိုင်းပဲ…မျက်ရည်လည်
ချစ်သူရယ်…မင်းကိုအမြဲ
သတိရနေ….လွမ်းနေသူကို
မင်းလေးတစ်ယောက်..မြင်ကြည့်စမ်းစေ
တွေ့ စေချင်ပေ။
ချစ်သူရယ်…မင်းလေးတစ်ယောက်
ကိုယ့်ကိုခွဲခွာ…ထားသွားပါလည်း
ကိုယ့်မှာအမြဲ…သတိရလျှက်
တမ်းတမိလျှက်..ချစ်လျှက်ပါပဲ
မင်းသိစေချင်တယ်။
ရင်ခွင်ပြောင်းသူ..ကိုယ့်ချစ်သူရေ
နောက်ရင်ခွင်က…မင်းအတွက်တကယ်
ပျော်ရွှင်မှု့ လေး…ရမယ်ဆိုရင်
အဝေးတစ်နေရာမှ..ကိုယ်ပျော်နေမိ
ဝမ်းသာမိကြောင်း…မင်းလေးတစ်ယောက်
သိစေချင်ပေ။
                                           

                    ချစ်မွှေး

6 comments: