မိမိကြိုက်ရာရွေးချယ်ရှာပါ

Wednesday 4 January 2012

ကျနော်၏ကဗျာ



မမေ့သင့်သောကျေးဇူးဆိုတာ                       
ကျနော်ငယ်စဉ်….ကလေးဘဝ
အမေ့နို့ ချို…..စို့ ပြီးကြီးလာ
ယခုအချိန်…လူလားမြောက်လို့ 
လူပျိုအရွယ်…ရောက်ခဲ့ လေပြီ။
ငယ်စဉ်ကလေး…ဘာမတွေးပဲ
နေခဲ့ ပေမယ့်…. ကြီးပြင်းလာတော့
မိဘကျေးဇူး….အထူးကြီးကြောင်း
ဆရာသမား…ပေါင်းသင်းများနှင့်
ဘိုးဘွားဖေမေ…သင်ပြပေလို့ 
သိနားလည်ကာ…တနေ့ ပြန်လည်
ဆပ်နိုင်မည်ဟု…စိတ်မှာအစဉ်
တွေးတောမြင်ခဲ့ ။
လူငယ်ဆိုပြီး..သောက်စားပျော်ပါး
လောင်းကစားကာ..အမှောင်မိုက်ကို
မကြောက်မရွံ့ ….ကြူးလွန်ခဲ့ လျှင်
သူငယ်ချင်းရေ…မင်းပြန်လည်ပြီး
စဉ်းစားလိုက်ပါ။
အဖေအမေ…ကျေးဇူးဆိုတာ
ဘယ်လောက်မြင့်မြတ်..ကြီးမားလှကြောင်း
လူတိုင်းလူတိုင်း…သိပါပေတယ်
ဆင်ခြင်ကြပါ…ပြုပြင်ကြပါ
ချစ်သူငယ်ချင်း…အပေါင်းတို့ ရေ။
                 
                                           ချစ်မွှေး

1 comment:

  1. ကောင်းပါတယ်သူငယ်ချင်း ကြိုစာပါ....

    ReplyDelete