မိမိကြိုက်ရာရွေးချယ်ရှာပါ

Tuesday 3 January 2012

ကျနော်၏ကဗျာ

       ၅၂၈ထက်မပိုကြေး
ကိုယ့်ရဲ့ ရင်ခွင်--ဗလာပြင်ကို
ခိုဝင်လှုံခွင့်-----တောင်းသူလေးရေ
မင်းကိုအမြဲ-----နားခိုခွင့်လေး
ပေးချင်ပေမယ့် ---ကိုယ့်ဘ၀က
မင်းတုန်းဘုရင်---ထိုအရှင်လို
အဲလောက်ဘုန်းရှိန်--မရှိသူမို့ 
ကိုယ့်ကိုခွင့်လွတ်---နားလည်ပါနော်
မင်းကိုကိုယ်က------မချစ်လို့ လား
ထိုသို့ မဟုတ်-----ချစ်ခဲ့ ပါ၏
သံယောဇဉ်ကြိုး---ပိုမတိုးခင်
တို့ တွေခဏ-----ခွဲကြရအောင်
ဒါပေမယ့်လည်း--- ၅၂၈ဆက်လို့ ချစ်မယ်
တစ်သက်တာဝယ်--မင်းဘက်ကရော
ခွင့်လွတ်နားလည်---နိုင်ပါစေတော့ကွယ်။

No comments:

Post a Comment