ရွှေဝါရောင်လွှမ်းပိတောက်ပန်း
သင်္ကြန်ကိုကြို...............ကိုရွှေပိတောက်
ရနံ့ ထုံသင်း.................မွှေးပျံ့ ခြင်းက
လူသားတို့ ကို..............ဆွဲဆောင်ကြ၏။
ခါတော်ချိန်မှီ..............ပွင့်တတ်သည်မို့ 
မြတ်နိုးထားကာ..........ပန်ဆင်ကြရင်း
သင်္ကြန်ချိန်ကို............လန်းဆန်းစေ၏။
ရာသီမမှန်...............စောပွင့်ပြန်သော်
သစ္စာမရှိ...............ထင်ကြဘိသော
လူအများတို့ ..........အမှန်စင်စစ်
ထိုသို့ မဟုတ်........လူတို့ လုပ်လို့ 
ရာသီမမှန်...........ဖြစ်ကြရ၏။
ချစ်မွှေး
No comments:
Post a Comment