မိမိကြိုက်ရာရွေးချယ်ရှာပါ

Sunday 4 November 2012

ကြေကွဲညကိုမုန်းတယ်

ကြေကွဲညတို့ ရင်မဆိုင်လို

ဟိုအရင်ကအတိတ် ရင်မှာစိုးမိုး
ချည်ထားကြိုးသို့  နှောင်ဖွဲ့ ရှည်ကြာ
ပျော်စရာအတိ ကြည်နှုးမိ၏။

တူပျော်မြူးခဲ့  ဟိုတချိန်ခါ
သတိရမိတိုင်း ရင်မှာဝမ်းနည်း
ဆွေးမိဆဲမို့  သတိရတိုင်း
ငါကြေကွဲနေ ခဲ့ ရလေပြီ။


အလွမ်းတွေကို ငါမုန်းသလို
အဆွေးတွေလည်း ငါကြောက်လာပြီ
ပျော်စရာကင်းတဲ့  မင်းမရှိတဲ့ ကမ္ဘာ
ငါတစ်ယောက်တည်း ကြေကွဲညတွေ
ရင်ဆိုင်နေရချေလေပြီ။

ချစ်မွှေး

No comments:

Post a Comment