မိမိကြိုက်ရာရွေးချယ်ရှာပါ

Saturday 5 November 2011

ချစ်သမီး

ချစ်သမီး
မွေးသည့်မီခင် ကျေးဇူးရှင်၏
မြင့်မြတ်လှသော ကျေးဇူးများစွာ
မိမိအပေါ်၌ တင်၍ကျန်ရစ်
မဖြစ်ရအောင် လိမ္မာယဉ်ကျေး
ချစ်သမီးလေး ဘ၀တခု
ထူထောင်ပြုလော့။
ငယ်စဉ်တောင်ကျေး ကလေးဘဝ
မိဘနှစ်ပါး ကျေးဇူးများကို
မသိတတ်၍ ကိစ္စမရှိမဖြစ်လင့်နှင့်
မိခင်ဖခင် ကျေးဇူးရှင်ကို
ရင်၌လွယ်ထား စိတ်အားမှတ်လျှင်
ဘယ်လိုခဲခက် မရှိကဲ့သို့
ဖြစ်ချေလိမ့်မည်။
မိဘကျေးဇူး ကြီးမြတ်ချင်းကို
ယခုမသိ ရှိခဲ့ဘိသော်
နောင်တချိန်တွင် ကိုယ်လည်းဧကန်
မိဘဘ၀ ဖြစ်ရချင်းနှင့်
ကြုံကြိုက်ခဲ့သော် မိမိသမီး/သား
ထိုသို့ရှိသော် နောင်မှရသည့်
နောင်တတရား မရှိငြားအောင်
ယခုကာလ နောက်မကြခင်
ဆင်ခြင်သုံးသပ် ဆုံးဖြတ်ပါလော့
ချစ်သမီးလေး။
                        ချစ်မွှေး
 

No comments:

Post a Comment