မိမိကြိုက်ရာရွေးချယ်ရှာပါ
Showing posts with label ပညာပေး. Show all posts
Showing posts with label ပညာပေး. Show all posts
Saturday, 10 March 2012
အပျိုကြီး၊လူပျိုကြီးတို့၏ စရိုက်လက္ခဏာများ..
၁။ ဘာသာရေး ကိုင်းရှိုင်းတတ်သည်။
၂။ ဇီဇာကြောင်တတ်သည်။
၃။ တိရိစ္ဆာန်ကလေးများကို ချစ်တတ်သည်။
၎။ တူ၊တူမကလေးများကို အချစ်ကြီးတတ်ကြသည်။
၅။ တူ၊တူမကလေးများကို သူတို့လိုနေရန် တိုက်တွန်းတတ်ကြသည်။
၆။ ဆုံးဖြတ်ချက်တစ်ခုခုကျဘို့ အကြာကြီးစောင့်ရတတ်သည်။
ရ။ အမြဲလိုလို ဟိုဟာကောင်းနိုး၊ဒီဟာကောင်းနိုး
ရွေးရခက်နေတတ်သည်။
ဂ။ အဖေ၊အမေ ကို သူများထက် ပိုချစ်တတ်သည်။
၉။ ကိုယ့်ကိုကိုယ် လည်း သူများထက်ပိုချစ်တတ်သည်။
၁၀။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုသိဟန် ပြတတ်သည်။
၁၁။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုမိုစိတ်ဝင်စားတတ်သည်။
၁၂။ မိုးလေ၀သလို ခန့်မှန်းရခက်တတ်သည်။
၁၃။ လိုရင်းမရောက်ဘဲ ဝေ့လည်ကြောင်ပတ် ပြောတတ်သည်။
၁၄။ အတိတ်၊နမိတ် ၊တဘောင် တို့ကို ယုံကြည်တတ်သူများဖြစ်သည်။
၁၅။ မရွာသောမိုးကို မျှော်ကိုးတတ်သည်။
၁၆။ နှမြောတွန့်တိုသော်လည်း အလှူဒါန အပေးအကမ်း ရက်ရောတတ်သည်။
၁၇။ စိတ်ထားကောင်းသော်လည်း တဗျစ်တောက်တောက် ပြောတတ်သည်။
၁၈။ လူစိမ်းများကိုအားမကိုးဟန်ပြသော်လည်း ရင်းနှီးသူများကိုအားကိုးလွန်တတ်ကြသည်။
၁၉။ သီချင်း၊၀တ္တု၊ရုပ်ရှင် (အနုပညာ)များကို နင့်နင့်နဲနဲ ခံစားတတ်ကြသည်။
၂၀။ တစ်ခုခုကိုကြိုက်မိလျှင်ဖြစ်စေ၊မကြိုက်လျှင်ဖြစ်စေ ပြောမပြီးတတ်ကြချေ။
၂၁။ အရှက်၊အကြောက် သာမန်ထက်ပိုကြီးတတ်သည်။
၂၂။ ဒိုင်ယာရီလိုစာအုပ်မျိုးကို ရေးဖို့ထက်သိမ်းထားဖို့ စိတ်ဝင်စားသူများဖြစ်တတ်ကြသည်။
၂၃။ အသက် မေးလျှင် (စိတ်တွင်းက) စိတ်ဆိုးနေတတ်ကြသည်။
၂၅။ ဗေဒင်၊လက္ခဏာ၊နတ် တို့ကို သူများထက် စိတ်ဝင်စားတတ်ကြသည်။
၂၆။ အတိတ်အကြောင်းကို လွမ်းမောနေလေ့ရှိသော်လည်း ထုတ်ဖော်ပြလေ့မရှိကြ။
၂ရ။ အစိုးရိမ်ကြီးတတ်၊ပူပင်သောကကြီးတတ်ကြသည်။
၂ဂ။ အပျိုကြီး၊လူပျိုကြီး ဟုအပြောခံရမှာကြောက်တတ်ကြသည်။
၂၉။ သို့ရာတွင် အိမ်ထောင်ရှင်ဟုအထင်ခံရမည်ကို ပိုပြီးကြောက်တတ်ကြသည်။
၃၀။ အိမ်ထောင်ပြုချင်နေသောသူ ဟု အထင်ခံရမည်ကိုကား အကြောက်ဆုံးဖြစ်သည်။
၃၁။ သရဲ ၊တစ္ဆေ ထက် လူ ကို ပိုကြောက်တတ်ကြသည်။
၃၂။ ဆွေမျိုးသားချင်းများကို အိမ်ထောင်ချပေးရန်မှာ သူတို့တာဝန်ဟု ထင်တတ်ကြသည်။
၃၃။ အိပ် လျှင် ကျယ်ကျယ်ပြန့်ပြန့်၊လွတ်လွတ်လပ်လပ် အိပ်ချင်ကြသည်။
၃၄။ စည်းစနစ်ကြီးသူများ ဖြစ်တတ်ကြသည်။
၃၅။ အိမ်ထောင်ထိန်းသိမ်းမှုတာဝန်ကို ချစ်မြတ်နိုးသူများဖြစ်တတ်ကြသည်။
၃၆။ ဖြစ်ကတတ်စမ်း နေလေ့ရှိသူများ မဟုတ်တတ်ကြပါ။
၃ရ။ ဓါတ်ပုံ(အလှပုံ)ရိုက်ရန် ၀န်လေးနေတတ်သူများဖြစ်သည်။
၃၈။ သူတို့အချစ်ကို အဝေးမှcelebrities များအပေါ် ပုံအောထားဟန်ပြုတတ်ကြသည်။
၃၉။ မိမိအားနည်းချက်ဟုတွေးထင်ထားသောအရာများ များပြားနေတတ်သည်။
၄၀။ မိမိအားနည်းချက်ဟုထင်သောအရာများကို ဖုံးဖိရန်ကြိုးစားတတ်ကြသည်။
၄၁။ မိတ်ဆွေအိမ်ထောင်ရှင်များကို အိမ်ထောင်ဝန်ပိနေသူများဟုထင်တတ်ကြသည်။
၄၂။ အစား ကောင်းကောင်းလုပ်စားတတ်ကြသည်။
၄၃။ မိမိစိတ်ခံစားချက်များကို ဖုံးကွယ် ၊ဖိနှိပ်ထားတတ်သူများဖြစ်ကြသည်။
၄၄။ အများအားဖြင့် ဟန်ဆောင်ကောင်းတတ်သည်။
၄၅။ တိတ်တိတ်ကလေးကြေကွဲနေတတ်သူများဖြစ်တတ်သည်။
၄၆။ မင်္ဂလာဆောင်များကို သွားရန်ဝန်လေးတတ်ကြသည်။
၎ရ။ ပြေးကြည့်ဘို့ထက် တွေးကြည့်ဘို့ ပိုအားသန်တတ်ကြသည်။
၎ဂ။ အလုပ်တွင်စိတ်ကိုနှစ်၍ ကြိုးစားတတ်သူများဖြစ်သည်။
၄၉။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအားကြီးတတ်သည်။
၅၀။ ဘ၀တူ လူပျိုကြီး၊အပျိုကြီး စာရင်းကို ပြုစုထားရှိကာ အားတင်းထား တတ်ကြသည်။
၅၁။ ဘ၀ရည်မှန်းချက်ကြီးသူ များဖြစ်တတ်သည်။
၅၂။ ပညာရေးလိုဘကြီးတတ်ကြသည်။
၅၃။ မရေရာသော အကြောင်းပြချက်များ ဆွဲကိုင်ထားတတ်ကြသည်။
၅၄။ ထောက်ထားညှာတာစရာ များစွာ ရှိတတ်ကြသည်။
၅၅။ တစုံတခုတွင် နှစ်မြုတ်ရင်း မေ့ပင်အောက် ရောက်နေတတ်သည်။
၅၆။ ရွေးရင်းရွေးရင်းနှင့် နောက်ထပ်ရွေးစရာကိုထပ်မျှော်နေတတ်ကြသည်။
၅ရ။ မိသားစုအားလုံး၏တာဝန် ကိုယ့်တာဝန်ဟု မှတ်ယူတတ်ကြသည်။
၅၈။ ကိုယ်တိုင်သာမက အားလုံးကအကြိုက်ညီတာမျိုးကို ရှာဖွေတတ်သည်။
၅၉။ တစ်ယောက်ယောက်၏ မပေးရသေးသောမှတ်ချက်ကိုပင် ကြို၍ကြောက်တတ်သည်။
၆၀။ အပြစ်ရှာမြန်တတ်သည်။
၆၁။ တစ်နှင့်တစ်ပေါင်းလျှင် နှစ်ထက်ပိုကြီးနိုင်သည် ဟု လက်မခံလိုကြ။
၆၂။ ခံစားချက်မရှိသူ ဟုအပြောခံရမှာကြောက်တတ်ကြသည်။
၆၃။ ခံစားချက်ရှိသူ ဟုပြောလျှင်လည်း မကြိုက်တတ်ကြ။
၆၄။ ဘယ်တော့စားရမလဲ ဟုမေးလျှင် (စိတ်ထဲက) ကြေနပ် နေတတ်ကြသည်။
၆၅။ ပစ္စည်းများကို တစ်ယောက်ကိုင်အဖြစ်ပဲ သုံးချင်တတ်ကြသည်။
၆၆။ သိပ်ကြိုက်သည့်ပစ္စည်းဆိုရင် ပုံစံတူနှစ်ခုလောက်ဝယ်တတ်ကြသည်။
၆၇။ မည်သည့်အရာကိုမျှ ကိုယ် ကို တိုင်လောက် စိတ်မချချင်တတ်ကြပေ။
၆ဂ။ လူစိမ်းတွေကြားမှာ ခပ်တည်တည်ကြီးနေတတ်ကြသည်။
၆၉။ မိတ်ဆက်ပေးလျှင် ဟက်ဟက်ပက်ပက် မရှိတတ်ကြ။
၇၀။ ပထမဦးဆုံးတွေ့တာဖြစ်လျှင် ဆံပင်အစ၊ခြေသည်းအဆုံး ချက်စ်တတ်ကြသည်။
၇၁။ စားသောက်ဆိုင် တစ်ဆိုင်ရောက်လျှင် ပထမဦးဆုံးရေအိမ်ဝင်တတ်ကြသည်။
၇၂။ လူရှင်းရာနေရာ ရှာ၍ ပုဆိုး၊ထမီ ကိုဖြန့်ပြီး သေသပ်အောင်ပြင်တတ်ကြသည်။
၇၃။ နှုတ်ခမ်းနီ(သို့) ခေါင်းဘီး နေရာတကာ ယူတတ်ကြသည်။
၇၄။ အကျည်းတန်မဟုတ်သော်လည်း မှန်ကြိုက်တတ်ကြသည်။
၇၅။ မည်မျှမှန်ကြည့်ပြီးသည်ဖြစ်စေ အဆင်ပြေရဲ့လား ထပ်မေးတတ်သည်။
၇၆။ နောက်ကျောမလုံတတ်ကြချေ။
၇၇။ ထီ ကို လူမသိအောင် ထိုးတတ်ကြသည်။
၇၈။ ပိုက်ဆံ ကို လူမသိအောင် စုတတ်ကြသည်။
၇၉။ သီချင်းကို လူမကြားအောင် ဆိုတတ်ကြသည်။
၈၀။ သနပ်ခါး(မိတ်ကပ်)၊ ပေါင်ဒါ(ခေါင်းလိမ်းဆီ) မရှိမဖြစ်ဆောင်တတ်သည်။
၈၁။ အချော့ကြိုက်တတ်ကြသည်။
၈၂။ စိတ်ကောက်မြန်တတ်ကြသည်။
၈၃။ စိတ်ပြေဘို့ အချိန်တော်တော်ကြာအောင် ယူတတ်ကြသည်။
၈၄။ အားလျှင် ခြေသည်း၊လက်သည်း သနေတတ်ကြသည်။
၈၅။ စ တာ၊ နောက် တာ ကို အတည်ဟု မှတ်ယူတတ်ကြသည်။
၈၆။ ချစ်သူစုံတွဲယုယုယယနေတာကို မြင်ပြင်းကတ်တတ်ကြသည်။
၈ရ။ လိုတာမရ၍ မဟုတ်ပဲရတာမလို၍ဟူသောလက်သုံးစကားကိုတွင်တွင်သုံးတတ်သည်
၈၈။ လူပျိုကြီး၊အပျိုကြီးဖြစ်ကြောင်း မကြေညာသော်လည်း သိနေစေချင်ကြသည်။
· · Share · 23 hours ago   facebook မှသူငယ်ချင်းဝေလင်းရှိုင်း၏ပို့ စ်လေးကို ကူးယူတင်ပြပါသည်။
Monday, 5 March 2012
ဝက်ခြံပြောက်ဆေးတဲ့ နော်
သူငယ်ချင်းတို့ကို ဒုက္ခပေးနေတဲ့ဝက်ခြံတွေကို နှိမ်နင်းပေးဖို့နည်းလမ်းတွေ ကြိုးစားပမ်းစားရှာထားပေးပါတယ်။ ဈေးကြီးကြီးပေးရတဲ့ အလှကုန်တွေကို လှည့်မကြည့်ပါနဲ့တော့။ သူငယ်ချင်းတို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ စားစရာလေးတွေရဲ့ ပဉ္စလက်ဆန်တဲ့အစွမ်းတွေကပဲ သူငယ်ချင်းတို့ကိုလှအောင် ကူညီပေးမှာပါ။ အကုန်အကျလည်းအများ၊ ဓာတ်မတည့်မှာလဲမပူရ၊ လွယ်လည်းလွယ်၊ ထိလည်းထိရောက် ဘယ်လောက်ကောင်းလဲနော်။ စမ်းကြည့်ကြပါအုံး။
ပန်းသီး
ပန်းသီးလေးရဲ့အစွမ်းနဲ့ သင့်အသားအရေကို ပြောင်းလဲရအောင်။ ပန်းသီးလေးကို ပါးပါးလှီးပြီး ရေနွေးပူလောင်းလိုက်ပါ။ ရေတွေကိုစုပ်ပြီး ပန်းသီးအသားလေးပိုနူးညံ့သွားပါစေ။ ပြီးရင် ခဏအအေးခံထားပြီး ၀က်ခြံရှိတဲ့နေရာတွေပေါ်မှာ ကပ်ထားလိုက်နော်။ ဒီနည်းလေးက အရေပြားအထူးကုဆရာဝန်ကြီးတွေ ထောက်ခံထားတဲ့ အကောင်းဆုံးနည်းတွေထဲက တစ်ခုပါ။ ၀က်ခြံကို မြန်မြန်ပျောက်ကင်းစေတဲ့ ပန်းသီးအက်ဆစ်ရဲ့နူးညံ့ချောမွတ်စေတဲ့အစွမ်းကို သူငယ်ချင်းအရမ်းကြိုက်သွားမှာ သေချာတယ်နော်။
သရက်သီး
“အသီးမှာသရက်”တဲ့။ သရက်သီးလေးကတော့ အကောင်းဆုံးအရသာကိုပေးသလို အသားအရေအတွက်လဲ အရမ်းကောင်းပါတယ်။ မျက်နှာအသားအရေကို ထိန်းသိမ်းတာကို ဆိုင်မှာအကုန်အကျခံပြီး သွားလုပ်စရာမလိုပဲ အိမ်မှာပဲလုပ်နိုင်မယ့် နည်းလေးပဲလေ။ သရက်သီးကို အခွံခွာပြီး သရက်သီးအသားတွေကို ခရင်းနဲ့ ကြေညက်အောင် ချေပေးပါ။ ပြီးတော့ ရလာတဲ့အနှစ်ကို မျက်နှာအနှံ့လိမ်းပြီး စက်ဝိုင်းသဏ္ဍာန်သေချာလေးနှိပ်ပေးနော်။ ၅-၁၀မိနစ်ကြာရင် ရေနဲ့သေချာဆေးချလိုက်ရုံပါပဲ။ မျက်နှာလေးက သန့်စင်ချောမွတ်ပြီး ချွေးပေါက်တွေပါ ကျဉ်းသွားပါလိမ့်မယ်။
သံပုရာသီးနဲ့ ဒိန်ခဲ
ဒီနှစ်မျိုးကလည်း သင့်ရဲ့ဝက်ခြံပြသနာကို ကူညီပေးနိုင်တယ်နော်။ ဒိန်ခဲနဲ့သံပုရာရည်လက်ဘက်ရည်ဇွန်း ၂ ဇွန်းစာစီကို ရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်လေးတွေကို ၀ါဂွမ်းနဲ့ဆွတ်ပြီး ၀က်ခြံပေါ်ကပ်ထားလိုက်ပါ။ မျက်နှာတပြင်လုံး မလုပ်ရဘူးနော်။ ဒီနည်းလေးကို တစ်ပတ်တစ်ခါလုပ်ရင် ၀က်ခြံတွေ တဖြည်ဖြည်းပျောက်သွားပါလိမ့်မယ်
ရေနွေးကြမ်းနဲ့ မုန်လာဥနီ
ဒီနှစ်မျိုးအတွဲက နည်းနည်းတော့ထူးဆန်းမှာပဲနော်။ ဒါပေမဲ့ အရေပြားအထူးကုဆရာဝန်ကြီးတွေရဲ့ ထောက်ခံချက်ရထားတဲ့နည်းလေးပါ။ အနေတော်မုန်လာဥနီတစ်လုံးကို ရေစင်အောင်ဆေးပြီး ပြုတ်လိုက်ပါ။ ပြီးရင် ရေနွေးကြမ်းနဲနဲနဲ့ရောပြီး ညက်အောင်ချေပေးပါ။ သေချာကျေညက်တဲ့ အနှစ်လေးတွေ ရပြီဆိုရင်တော့ ၀က်ခြံတွေပေါ်အုံလိုက်ပါ။ ၁၅မိနစ်လောက်နေရင် ရေနွေးလေးနဲ့ဆေးချလိုက်ရုံပါပဲ။
လိမ္မော်သီးနဲ့ကြက်ဥ
အရွယ်တော်လိမ္မော်သီးတစ်လုံးကို အရေညှစ်ပြီး ကြက်ဥအကာနဲ့ ရောမွှေလိုက်နော်။ ရလာတဲ့အနှစ်ကို ၀က်ခြံပေါ်အုံပြီး ၁၅ မိနစ်ထားပါ။ ပြီးတော့ ရေဆေးချတာနဲ့ ၀က်ခြံက ရောင်တာရော နာတာပါ သက်သာသွားစေတဲ့အတွဲလေးပါ။
ခု ဒီနည်းလေး ၅ မျိုးကို အရင်စမ်းကြည့်အုံးနော်။ ဒီလို စားကောင်းသောက်ဖွယ်လေးတွေ.. အဲလေ.. နည်းကောင်းလေးတွေ အများကြီးရှိသေးတယ်နော်။ ၀က်ခြံပျောက်ကင်းစေတဲ့ သဘာဝရဲ့ပဉ္စလက်စွမ်းအားများ (၂) ကို နောက်နေ့မှ ဆက်တင်ပေးမယ်။ ကွန်နက်ရှင်နဲ့ နပန်းလုံးပြီး တင်ရတာဆိုတော့လေ။ :D အော်.. လောကြီးပြီး မျက်နှာမသစ်ပဲ မလုပ်လိုက်နဲ့နော်။ အပေါ်က နည်းတွေအားလုံးကို မျက်နှာသစ်ပြီးမှ လုပ်ရမှာပါ။ သဘာဝသစ်သီးတွေရဲ့ အစွမ်းကို သူငယ်ချင်းတို့ ကျေးဇူးတင်ရမှာပါ။ “မသိသူကျော်သွား သိသူဖော်စား” တဲ့။ တကယ်လည်း စားလို့ရတာတွေပါပဲ။ :P ၀က်ခြံရဲ့ သားကောင်အဖြစ်က အမြန်လွတ်နိုင်ပါစေ သူငယ်ချင်းတို့။
Future World (အနာဂါတ်ကမ္ဘာ)
By: Tayar Soethuaung              facebook  မှသူငယ်ချင်းတစ်ဦး၏ပို့ စ်လေးပါ။
Wednesday, 15 February 2012
ရန်ကုန်မြို့ မှာဖြစ်ပျက်သွားသောအဖြစ်အပျက်ကလေးကနေသင်ခန်းစာယူကြပါ.........
သူ့ နေရာနဲ့ သူမှအဆင်ပြေမှာပါ
အရိုအသေခံ ထိုက်သူများ အနေဖြင့် သိက္ခာ ရှိရှိ နေသင့်ပါတယ်...
ဗုဒ္ဒသာသာနာတော်တွင် အဓမ္မ၀ါဒ တချို့ မသိမသာ ခေါင်းပြူ လာသည်ကို တွေ့ရှိရကြောင်းနှင့် သံဃာတော်များ၏ ညီညွတ်မှု၊ ဒါယကာ ဒါယိကာမများ၏ ညီညွတ်မှုဖြင့် ဆရာဒကာလက်တွဲ၍ ကာကွယ်သွားရန် လိုအပ်ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရဦးမြင့်မောင်က ပြောကြားသည်။
ဇန်န၀ါရီလ ၃၁ ရက်နေ့က မှော်ဘီ မြို့နယ်၊ ဓမ္မဒူတဇေတ၀န်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ကျင်းပခဲ့သည့် (၁၈) ကြိမ် မြောက် ဗုဒ္ဓ သာသနာတော်လုံးဆိုင်ရာ ရွှေကျင် နိကာယ သံဃာ့အစည်းအဝေးဖွင့်ပွဲ လျှောက်ထားလွှာတွင် ၀န်ကြီးက ယင်းသို့ ထည့်သွင်းလျှောက်ထားခြင်း ဖြစ်သည်။
သာသနာရေးဝန်ကြီးဌာနသည် ဗုဒ္ဓသာသနာနှင့်ပတ်သက်၍ မကြာ သေးမီက မိုးပြာဂိုဏ်းအမည်ဖြင့် ပေါ်ပေါက်ခဲ့သည့် ဂိုဏ်း၏ အယူ အဆများကို ဖြေရှင်းခဲ့သည်။
ရွှေကျင်နိကာယအစည်းအဝေးတွင် သီရိလင်္ကာနိုင်ငံမှ အင်္ဂရုဝတ္တေပိယာ နန္ဒထေရ်ဖတ်ကြားသည့် သီရိလင်္ကာ ရွှေကျင်နိကာယ၏ လျှောက်ထား လွှာ၌လည်း ဘာသာပြန်ဆိုမှားယွင်းမှုကြောင့် အနောက်နိုင်ငံများသို့ ပိဋကတ် တော်၏ မူလဆိုလိုချက်မှ သွေဖည်ကာ ပြန့်ပွားနေမှုများ ရှိကြောင်း လျှောက်ထားသည်။
ယင်းလျှောက်ထားချက်ကို သီတဂူ ဆရာတော်အရှင်ဉာဏိဿရက ဘာသာပြန်ဆိုဖတ်ကြားရာ၌ အနောက်နိုင်ငံမှ တက္ကသိုလ် များတွင် သာမက သီရိလင်္ကာ မှ တက္ကသိုလ်များတွင်ပါ ယင်းသို့ အဓိပ္ပာယ်မှားယွင်းသည့် စာပေတချို့ကို ပြဋ္ဌာန်းပို့ချမှုများ ရှိလာ သည့်အတွက် ယင်းနှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရန်လည်း အစည်းအဝေးသို့ တက်ရောက်လာသည့် သံဃာတော်များအား လျှောက်ထား တိုက်တွန်းခဲ့သည်။
သာသနာတော်ဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင် ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်က မိန့်ကြားရာတွင် သာသနာတော်ပြဿနာများနှင့် ပတ်သက်၍ နိုင်ငံတော် ဂိုဏ်းပေါင်းစုံ သံဃာ့မဟာနာယကအဖွဲ့က ဓမ္မ၊ အဓမ္မ ၀ိနိစ္ဆယသီးခြားဖွဲ့စည်းဖြေရှင်းလျက်ရှိကြောင်းနှင့် အဓိပ္ပာယ်ကောက် ယူမှုလွဲမှားမှုများအတွက် အဓိပ္ပာယ် အမှန်ကို မကြာ မကြာ သံဃာများစုဝေး ဆုံးဖြတ်ဖြေရှင်းရန် လိုအပ်ကြောင်း မိန့်ကြားသည်။
ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကို ဇန်န၀ါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ သုံးရက်ကြာကျင်းပခဲ့ရာ ပြည်တွင်းပြည်ပ ရွှေကျင်နိကာယ၀င် သံဃာတော် ၈၉၁ ပါးတက်ရောက်ခဲ့သည်။
facebookမှကူးယူဖော်ပြသည်။
Sunday, 15 January 2012
မကောင်းမှု့ ကိုရှောင်ကြဉ်ကြပါ
                    လွှတ်ချလိုက်ပါမကောင်းတာကို
သူငယ်ချင်းရေ…လောကကြီးထဲမှာမကောင်းသောအပြုအမှုများစွာရှိပါတယ်။အဲဒီမကောင်းတာတွေကိုခုံမင်တပ်မက်မနေပဲကိုယ့်အသိစိတ်လေးနဲ့ ပဲပြုပြင်ကြည့်လိုက်ပါ။ကောင်းတာတွေအများကြီးပဲရရှိလာပါလိမ့်မယ်။
ဥမာအနေနဲ့ ပြောရရင်လူတော်တော်များများသောက်လေ့ ရှိတဲ့ အရက်ကိုအရင်ကြည့်ရအောင်….
  အရက်သောက်ခြင်းမှရရှိသောဆိုးကျိုးများ
၁။အရက်သောက်တဲ့ အတွက်အဲဒီအရက်အတွက်အဖိုးအခကုန်ပါမည်။
၂။အရက်ကိုသောက်ပြီးတဲ့ အချိန်မှာမဟုတ်၊ဟုတ်ဟုတ်ဘေးပတ်ဝန်းကျင်ကနေငြူစူတာခံရပါမယ်။
၃။အရက်သောက်တဲ့ အတွက်မိမိဆွေမျိုးသားချင်း၊အပေါင်းအသင်းအားလုံးအပေါ်မှာအမြင်ပြောင်းလာမယ်။
၎။အရက်သောက်လို့ ဂုဏ်သိက္ခာကျဆင်းခြင်း၊လူအများအထင်သေးခြင်းခံရပါမယ်။
၅။အရက်ကနေဖြစ်ပေါ်လာမယ့်ရောဂါတွေ၊အဲရောဂါကိုခံစားရခြင်း၊ကုသရခြင်းအဲဒီအရာအားလုံးအတွက်
   ကုန်ကျမည့်ငွေဆုံးရှုံးခြင်းတွေဖြစ်လာပါလိမ့်မယ်။အများကြီးပဲရှိပါတယ်။
မကောင်းတဲ့ အဲဒီအရက်ကိုသောက်သုံးတာကိုမိဘကလည်းခွင့်မပြုပါဘူး။ဘုရားကလည်းခွင့်မပြုပါဘူး။
ဆက်ဆံရေးမတူပါဘူး၊အရမ်းကွာခြားပါတယ်။မသောက်နဲ့ လို့ မပြောချင်ပေမယ့်မသောက်မိအောင်မိမိ
အသိစိတ်ကပြုပြင်သွားမယ်ဆိုရင်အရမ်းကိုကောင်းပါတယ်။
                         ဆက်လက်ဖော်ပြပေးသွားပါမည်။
Tuesday, 3 January 2012
ရွေမြို့ တော်မှသူငယ်ချင်း elistzon ၏ဘလော့ပို့ စ်လေးကိုကူးယူဖော်ပြပေးပါသည်
ပါရာစီတမောလ် နဲ့ ပက်ပစီ ( ဖတ်ဖြစ်အောင်ဖတ်ပါ )
အားလုံးသိအောင်ဖော်ပြပေးလိုက်ပါတယ်။အားလုံးသတိထားနိုင်အောင်လို့ ပါ။
ကိုကာကိုလာ-ပက်စီ-ကုတ် တွေအကြောင်းကိုလူတိုင်းနှီးပါးသိပြီးကြမယ်လို့ထင်ပါတယ်။
မသိသေးတဲ့သူတွေအတွက်ကတော့သတင်းထူးပါဘဲဗျာ-
ဒီကနေ့ ဂျစ်တူးအကိုရဲ
့သူငယ်ချင်းတစ်ယောက်စင်္ကာပူကိုရောက်လာခဲ့ပါတယ်။အပျော်ထွက်-ဈေးဝယ်လာ
တာတော့မဟုတ်ပါဘူး။သူမရဲ့ ချစ်ဆုံးယောက်ျားဆုံးသွားလို့ အပူနဲ့ လာခဲ့ ရသူပါ။
လက်ထပ်ထားတာမှတစ်နှစ်တောင်မပြည့်သေးပါဘူးတဲ့ ။သူကကျောင်းဆရာမဆိုတော့ခွင့်ယူဖို
့-
အလုပ်ထွက်ဖို့ ဆိုတာတော်တော်ခက်လို
့ယောက်ျားရှိတဲ့နေရာမှာလည်းမလိုက်လာနိုင်။ယောက်ျားကလည်း
သူမနှင့်အတူလိုက်မနေနိုင်ဆိုတော့ မယ်တစ်ရွာမောင်တစ်မြို
့အနေဝေးနေကြတာပေါ့။နောက်နှစ်ဆိုရင်
တော့အတူတူနေလို့ ရပါပြီ။(ဒီလိုအတွေးကလေးတွေနဲ့ ဆရာမလေးတစ်ယောက်ပျော်နေခဲ
့တာပေါ့)
ဒါပေမဲ့အခုတော့သူမအပျော်တွေဘယ်တွေရောက်နေကုန်ပြီမသိတော့ပါဘူး။
ဆရာမလေးယောက်ျားတစ်ယောက်မြန်မာနိုင်ငံထုတ်အကြောဖြေဆေးနဲ့ ပက်စီသောက်မိလို
့သေဆုံးသွား
ပါတယ်။မနက်ဖြန်ဆိုရက်လည်နေ့ ပေါ့။
ဒီလိုသတင်းတွေကြားနေရတာတော်တော်များနေပါပြီ။
ပြီးခဲ့တဲ့သုံးပတ်လောက်ကလည်းပါတာစီတစ်မော့နဲ့ကိုကာကိုလာသောက်မိလို
့သေသွားတဲ့ မြန်မာအမျိုးသား
တစ်ယောက်လည်းဆုံးပါးသွားပါပြီ။
သူ့ခေါင်းတွေကိုက်လွန်းလို
့ပါတာစိတစ်မော့ကိုသောက်တယ်တဲ့(ဆေးရက်စွဲမကုန်သေးပါဘူး)
နဲနဲကြာတော့ရင်တွေပူလွန်းလို
့ဆိုပြီးကိုကာကိုလာသောက်လိုက်တယ်(သူ့အမျိုးသမီးကိုယ်တိုင်ရေခဲသတ္တာ
ထဲကယူပေးလိုက်တာပါ)။ ခဏနေတော့ပါးစပ်ထဲကအမြုတ်တွေထပြီးမူးလဲသွားလို
့ဆေးရုံကိုပို့လိုက်ရပါတယ်
အဲဒီဆေးရုံသွားတဲ့လမ်းမှာဘဲအသက်ဆုံးသွားခဲ့ပါတယ်။
အရင်ဆုံးကြားရတဲ့သတင်းကတော့
ဂျစ်တူးတို့သူငယ်ချင်းအရင်းခေါက်ခေါက်ကိုယ်တိုင်ပါဘဲ။
ကုန်လွန်ခဲ့တဲ့သုံးလလောက်ကဖြစ်ခဲ့တာပါ။
မြန်မာနိုင်ငံထုတ်ညော်ထွက်တဲ့ဆေးတစ်မျိုးကိုသောက်ပြီးတော်တော်ကလေးကြာမှပက်စီကိုသောက်လိုက်တာ
တခါတည်းအသက်ပါ ပါသွားလိုက်တာပါ။
ကြားခါစမယုံမကြည်ဖြစ်မိပါတယ်။ဒီလောက်သန်သန်မာမာကျန်းမာရေးအထူးဂရုစိုက်တဲ့သူတစ်ယောက်သေ
တယ်ဆိုတော့ဘယ်လိုမှမယုံကြည်မိပါဘူး။တကယ်တန်းမီးခိုးငွေ့တွေအဖြစ်ကြုံရတော့မယုံကြည်လို့မရတော့
ပါဘူး။
နီးစပ်ရာသက်ဆိုင်ရာသူငယ်ချင်းအပေါင်းတသင်းများကိုစကားတိုးတိုးပြောပေးပါ။
အထက်ပါအကြောင်းအရာတွေကိုပါ။မဖြစ်အောင်တားလို့ ရပါတယ်။တစ်ယောက်ကြည့်လို
့တစ်ယောက်သိ
ရင်တစ်ယောက်အသက်ကိုကယ်တင်ရာရောက်ပါတယ်။ဘလော့တွေအားလုံးကဖြစ်ဖြစ် - ပြန်
့ပွားအောင်
သိသူများအောင်ဖေါ်ထုတ်ပေးကြပါ။
လူအသက်တစ်ချောင်းကယ်ကောင်းပါတယ်ဗျာ-
တစ်ယောက်အားနဲ့မရပါဘူးအများသိဖို့ အများမှာတာဝန်ရှိပါတယ်။
သင်သိတာကလေးကိုမျှဝေသိစေခြင်းဖြင့်ကုသိုလ်ယူကြပါ။
Thursday, 22 December 2011
တရားစာအုပ်ထဲမှကောက်နှုတ်ဖော်ပြသည်
Happiness breeds friendliness.
Happy people are friendly people.
Whoever is happy will make others happy,too.
ပျော်နေတဲ့ သူဟာသူများကိုလည်းပျော်အောင်လုပ်မှာပဲ။
Saying thank you is more than good manners,it is good spirituality.
Happiness is my fundamental desire.
More  likely to love longer.
ပျော်ပျော်နေတတ်တဲ့ သူဟာအသက်ပိုရှည်တယ်။
Education is creative thinking.
တီထွင်စဉ်းစားတာဟာပညာရေးဖြစ်တယ်။
Tuesday, 20 December 2011
အကိုကြီးမေတ္တာရှင်ရဲ့ ပို့ စ်လေးကိုကူးယူဖော်ပြပါသည်
Posted: 19 Dec 2011 10:16 PM PST
ကျွန်တော့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ မောင်နှမ၊ ဆရာ ၊ တပည့်…… များ
အခု တလော online ပေါ်မှာ အမျိုးသမီးများနဲ့ ပတ်သက်ပြီး မဖြစ်သင့်တာတွေ မလုပ်သင့် တာတွေ အများကြီးတွေ့ လာရတဲ့ အတွက် အမျိုးသမီးများ သတိထားဖို့ ရန် ဆော်သြချင်ပါတယ်
ဘာပဲ လုပ်လုပ်သတိထားစေချင်ပါတယ်၊ ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာ အခုမှပဲ ရေးဖြစ်လိုက်ပါတယ်
(၁) ဈေးဝယ်ထွက်ခြင်း
Shopping ထွက်တဲ့ အခါ Shopping Centre မှာ ရှိတဲ့ အဝတ်လဲ ခန်းတွေမှာ အဝတ် စမ်းဝတ်တဲ့ အခါ သတိထားစေချင်တယ်၊ အဝတ်တွေ ချွတ်ပြီး လဲတဲ့ အခါ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ ဝတ်လစ်စလစ် ဓာတ်ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ
(၂) အိမ်သာသွားခြင်း
အများသုံးအိမ်သာ( ဘယ်အိမ်သာပဲ ဖြစ်ဖြစ်) တွေမှာ အညစ်အကြေး (အပေါ့အလေး) စွန့် တဲ့ အခါ သတိထားစေချင်ပါတယ်။ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ ဝတ်လစ်စလစ် ဓာတ်ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ
(၃) ရေချိုးခြင်း
ဘယ်မှာပဲ ရေချိုးချိုး (မိမိအိမ်၊ သူငယ်ချင်းအိမ်၊……..) ရေချိုးတဲ့အခါ သတိထားစေချင်ပါတယ်။ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ ဝတ်လစ်စလစ် ဓာတ်ပုံတွေ၊ ရေချိုးတဲ့ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ
(၄) ခရီးသွားခြင်း
ဘယ်ကိုပဲ ခရီးသွားသွား၊ ညဖက်ဖြစ်စေ၊ နေ့ဖက်ဖြစ်စေ၊ Bus ပဲစီးစီး သတိထားစေချင်ပါတယ်။ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ အမျိုးမျိုး ဖြစ်ပျက်နေတဲ့ ဓာတ်ပုံတွေ၊ ကားစီးရင်း အိပ်ပျော်နေတဲ့ ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ
(၅) ဓာတ်ပုံ ရိုက်ခြင်း
သူငယ်ချင်းနဲ့ဖြစ်ဖြစ်၊ ဓာတ်ပုံ ဆရာတွေနဲ့ ပဲဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ် ဓာတ်ပုံတွေ ရိုက်တဲ့ အခါ သတိထားစေချင်ပါတယ်။ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ အမျိုးမျိုး ဖြစ်ပျက်နေတဲ့ ဓာတ်ပုံတွေ၊ အပျော်သဘော စနောက်ပြီးရိုက်တဲ့ ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ
(၆) အပျော်ခရီးသွားခြင်း
မိသားစုနဲ့ ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေနဲ့ပဲဖြစ်ဖြစ် အပျော်ခရီးသွားတဲ့အခါ သတိထားစေချင်ပါတယ်။ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ အမျိုးမျိုး ချောင်းမြောင်းရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ အပျော်သဘော စနောက်ပြီးရိုက်တဲ့ ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ
(၇) ဓာတ်ပုံများကူးခြင်း
မိမိဘာသာ အပျော်ရိုက်တဲ့ ဓာတ်ပုံတွေ ဆိုင်မှာ သွားကူးတဲ့အခါ သတိထားကြပါ၊ တချို့သော ဓာတ်ပုံဆိုင်မှာ အလှပုံ တွေ online ပေါ်ကို photoshop နဲ့ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ
(၈) သမီးရည်းစားများချိန်းတွေ့ခြင်း
အချို့သော သမီးရည်းစားများ ချိန်းတွေ တဲ့ အခါ အမျိုးမျိုးနေကြထိုင်ကြတဲ့ပုံတွေ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ အမျိုးမျိုး ချောင်းမြောင်းရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ အပျော်သဘော စနောက်ပြီးရိုက်တဲ့ ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ
(၉) မိမိဘာသာ တစ်ယောက်ထဲ ပုံစံ အမျိုးမျိုးဓာတ်ပုံ ရိုက်ခြင်း
မိမိဘာသာ ပုံစံ အမျိုးမျိုးနဲ့ တစ်ယောက်ထဲ ဓာတ်ပုံရိုက်ထားတဲ့ ပုံတွေ online ပေါ်ကို ရောက်နေကြတယ် ဘာကြောင့်ပဲဖြစ်ဖြစ် မိမိဘာသာ ရိုက်ထားတဲ့ ပျော်ရိုက်တဲ့ပုံတွေကို သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ
(၁၀) Online မှာ ချိန်းတွေ့ခြင်း
Online ပေါ်မှာ မိမိချစ်သူနဲ့ဖြစ်စေ၊ လင်ယောက်ျားနဲ့ဖြစ်စေ… အမျိုးမျိုးသော အမျိုးမျိုးနေကြထိုင်ကြတဲ့ပုံတွေ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ အမျိုးမျိုး ချောင်းမြောင်းရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ အပျော်သဘော စနောက်ပြီးရိုက်တဲ့ ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ
(၁၁) အဝတ်အစားများဝတ်ဆင်ခြင်း
အဝတ်အစားများဝတ်ဆင်ရာတွင်လည်း သတိထားစေချင်ပါတယ်။ မပေါ်တပေါ် မလုံ့တလုံ အဝတ်တွေ ဝတ်တဲ့အခါ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ အမျိုးမျိုး ချောင်းမြောင်းရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ အပျော်သဘော စနောက်ပြီးရိုက်တဲ့ ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ
(၁၂) အင်တာနက်သုံးတဲ့အခါ
အခုနောက်ဆုံးပေါ်အင်တာနက်ဆော့ဝဲလ်တွေထွက်နေပါတယ်၊ ကွန်ပြူတာ မှာ မိမိဘာပဲလုပ်လုပ် အချိန်နဲ့အမျှ snapshoot နဲ့ Auto ဓာတ်ပုံတွေ ရိုက်ပေးနေတာတွေ လုပ်လို့ရနေပါပြီ၊ အသက် ၁၈ နှစ် အထက်မှ ကြည့်လို့ရမယ် မြန်မာ ဟိုလိုင်းတွေလည်း တနေ့တခြား များလာနေပါပြီ၊ သတိထားကြပါ ဒို့မြန်မာအမျိုးသမီးများ
……………………….
အများကြီးတော့ ရေးပေးချင်ပါတယ်
အဓိက ကတော့ ကျွန်တော်တို့ မြန်မာ အမျိုးသမီးတွေ သွားတာ လာတာ ဆင်ခြင်ကြစေချင်ပါတယ်
အခု တလော မသမာသူတွေက ပိုပြီး အကွက်စိတ်လာပါတယ်
ဘယ်လိုရိုက်ရမလဲ ဘယ်မှာ ရိုက်ရင်ရမလဲ …..
Shopping Centre က ဆိုင်တွေကိုလည်း သိပ်မယုံ ပါနဲ့
တချို့က အခကြေးငွေယူပြီး ရိုက်ဖို့ ခွင့်ပြုတဲ့ ဆိုင်တောင်ရှိပါတယ်
ကျွန်တော်က online ကနေပဲ သိရတာပါ
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒါထက်ပိုပြီး ဘယ်လောက်တောင်ဖြစ်ပျက်နေကြပြီလဲ
သူများနိုင်ငံနဲ့ ယှဉ်ပြီးပြောရင်တော့ ဒါက မရိုးပါဘူးလို့ထင်ကောင်းထင်ပါမယ်
ဒါပေမယ့် ရေခံမြေခံ မတူဘူးလေ
ခေတ်မှီတယ်လို့ပဲ ပြောချင်ပြောပါ ဒါပေမယ့် ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာကြည့်ရင်တော့ သိကြမှာပါ
ကျွန်တော်ရဲ့ မောင်နှမ၊ သူငယ်ချင်း၊ ဆရာ၊ တပည့်၊ …… တွေကို ကိုယ်ချင်းစာပြီး ဒီစာကို ရေးဖြစ်တာပါ
ဒီစာရေးရင်းနဲ့တောင် အရမ်းခံစားရတယ် သူငယ်ချင်းတို့ရယ်——–
Forwards Mail တခုမှတွေ့ ရရှိသောကြောင့် အမျိုးကောင်းသမီးများအတွက် သတိပေးဖော်ပြလို က်ပါတယ်။
သတိဆိုသည်မှာ မည်သည့်အခါမှ ပိုသည် မ၇ှိပါ.။
နောင်တဆိုတာ နောင်မှရလာတတ်သော်လည်း အချီးနှီးပါ။
မေတ္တာရှင်