မိမိကြိုက်ရာရွေးချယ်ရှာပါ
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Saturday, 1 December 2012
အားပေးကြပါဦး
အဝေးကချစ်သူ
အဝေးတစ်မြေက     ချစ်ရသူရေ
မင်းအတွက်ဆိုပြီး     ကဗျာတစ်ပုဒ်
ကိုလေဖန်တီးလိုက်ပြီလေ။
အဝေးတစ်မြေမှာ   ချစ်သူ့ အိမ်ပြန်
မျှော်ရင်းစောင့်ကြို   နေလေသူရေ
ကိုလေနေ့ စဉ်       မင်းနဲ့ တွေ့ ခွင့်
ရချင်မိတဲ့             သူရယ်ပါလေ။
အဝေးတစ်မြေ       ခွဲနေပေမယ့်
မင်းကိုချစ်တဲ့         ကိုယ့်နှလုံးသား
အသဲအိမ်ကတော့   မင်းအနားမှာ
အမြဲထာဝရ           ရှိနေလျှက်ပါ။
တွေ့ ရယ်မကြုံ       ဆုံဖို့ မနီး
ဒီကာလလေး        ခဏဝေးတာကို
စိတ်ဝယ်မထား      ကြာသည့်အလားသို့ 
ဖြစ်မနေစေချင်ပေ။
လူချင်းကတော့     ဝေးနေပေမယ့်
တို့ နှစ်ယောက်ရဲ့   နှလုံးသားကတော့
အမြဲတမ်းပဲ          နီးစပ်လျှက်ပါ
အဝေးတစ်မြေက   ချစ်ရသူလေးရေ။
တို့ နှစ်ယောက်အမြန်  ဆုံဆည်းဖို့ အရေး
မြတ်ဘုရားထံပါး         ဆုတောင်းပေးလျှက်
လွမ်းနေရတဲ့              သူတစ်ယောက်ပါ
ချစ်ရသူလေးရေ။။
                                                        ချစ်မွှေး
Sunday, 4 November 2012
ကြေကွဲညကိုမုန်းတယ်
ကြေကွဲညတို့ ရင်မဆိုင်လို
ဟိုအရင်ကအတိတ် ရင်မှာစိုးမိုး
ချည်ထားကြိုးသို့  နှောင်ဖွဲ့ ရှည်ကြာ
ပျော်စရာအတိ ကြည်နှုးမိ၏။
တူပျော်မြူးခဲ့  ဟိုတချိန်ခါ
သတိရမိတိုင်း ရင်မှာဝမ်းနည်း
ဆွေးမိဆဲမို့  သတိရတိုင်း
ငါကြေကွဲနေ ခဲ့ ရလေပြီ။
အလွမ်းတွေကို ငါမုန်းသလို
အဆွေးတွေလည်း ငါကြောက်လာပြီ
ပျော်စရာကင်းတဲ့  မင်းမရှိတဲ့ ကမ္ဘာ
ငါတစ်ယောက်တည်း ကြေကွဲညတွေ
ရင်ဆိုင်နေရချေလေပြီ။
ချစ်မွှေး
မင်းရဲ့ အလိုကြ
ချစ်သူ့ အလိုကြ
ချစ်သူရေ.......
မင်းစေညွန်ရာ မင်းအလိုကြ
ကိုယ်နေပြလို့  လိုက်နာပါ့ မယ်
မင်းလေးတစ်ယောက် စိတ်ချမ်းသာမှု့ 
ရှိမယ်ဆိုရင်ပေါ့ ။
ချစ်သူရေ......
မင်းစိတ်တိုင်းကြ ပြုမှုသမျှကို
ကိုယ်လေသည်းခံ ခွင့်လွတ်ပါ့ မယ်
မင်းလေးတစ်ယောက် စိတ်ချမ်းသာမှု့ 
ရှိမယ်ဆိုရင်ပေါ့ ။
ချစ်သူရေ......
မင်းဆန္ဒနဲ့  မင်းရဲ့ လိုအင်
ဟူသမျှကို ကိုလေဖြည့်ဆည်း
ပေးဆပ်လျှက် ချစ်နေပါ့ မယ်
မင်းလေးတစ်ယောက် စိတ်ချမ်းသာမှု့ 
ရှိမယ်ဆိုရင်ပေါ့ ။
ချစ်မွှေး
Monday, 29 October 2012
တိတ်တဆိတ်လေးချစ်နေရသူတို့ အတွက်
တိတ်တခိုးအချစ်
ရင်မှာစိုးထိတ် တိတ်တဆိတ်နဲ့ 
ဖေမေဆူပူ ကြိမ်းမောင်းသော်လည်း
ရင်မှာအမြဲ ရှိနေဆဲမို့ 
သံယောဇဉ်တွေ ခိုင်မာနေခဲ့ 
မြစ်တွယ်ခဲ့ ပြီ။
တိတ်တဆိတ်နဲ့  ချစ်ရပြန်တော့
ိုကိုယ့်ရဲ့ မေတ္တာ သူသိပါစ
စိုးထိတ်ရပြန် တွေးပူပန်မိ
ကလိကလိနှင့် အသဲယားဖွယ်
ကလေးကစားသလိုနှယ်။
သူနဲ့ တွေ့ ရ ရွင်ပြမျက်နှာ
သူသိနိုင်ဖို့  လှစ်ဟပြလည်း
သူကပြန်မကြည့် အသဲနာဘိ
မုန်းရန်ရည်ရွယ် ကြိုးစားသော်လည်း
ငါ့ ရဲ့ စိတ်က ပြုပြင်မရ
တိတ်တခိုးပဲ ချစ်မြဲချစ်လျှက်
ချစ်ရက်ရှည်ကြာ နေလာခဲ့ ရ
ဝေဒနာလား ငါခံစားလို့ 
နေရလေပြီ။
ချစ်မွှေး
Sunday, 7 October 2012
အားပေးကြပါဦး
တောတောင်အလှ
စမ်းရေကအေး........ပန်းတွေမွှေးလို့ 
ငှက်များသီကျူး......သံသာမြူးရင်း
့ွှဤအရပ်ဌာနေ.......မခွါလိုပေ။
တောပန်းကမွှေး....လေနုအေးနှင့် 
သိမ်းယူဆောင်နှင်း..တိုက်ခတ်ခြင်းက
ကျန်းမာစေဖို့ ........ဆေးတခွက်လို
အကျိုးဖက်စေ၏။
သားရဲသတ္တ၀ါ.......လွန်ပေါပါလည်း
ခြောက်ခြားမလို.....ချစ်ခင်လို၍
သူတို့ ဘာဝ.....နေထိုင်ခြင်းကို
နှေင့်ယှက်ရန်ကား....မသင့်အပ်ပေ။
တောတန်းအသွယ်သွယ်...တောင်အထပ်ထပ်
ပေါများလှတဲ့ ....တို့ ရဲ့ ဌာနေ
မြန်မာပေတည်း။
                                    ချစ်မွှေး
Wednesday, 19 September 2012
ရှမ်းတောင်တန်းကိုလွမ်းမိသူ
ချမ်းအေးလှတဲ့ မနောမြေအလှ
တောင်တန်းအသွယ်သွယ်..........ပတ်ကာသွယ်တန်း
သဘာဝအလှတို့ ...............ပေါင်းစုထားသလိ
ထင်မှတ်ရသော............ချမ်းအေးလှတဲ့ 
မနောမြေ။
လွယ်ခွမ်တောင်တန်း.........ထင်ရှားလှသလို
တောင်ပေါ်ချယ်ရီ..........မွှေးပျံ့ ချီလို့ 
သမိုင်းတွင်တဲ့ ..........မြစ်မင်းဒုဌာ
သွင်သွင်စီးဆင်း.....မနောမြေအတွင်းဝယ်။
တောင်ပေါ်တစ်ခွင်.........ကော်ဖီပင်နှင့် 
...
လက္ဖက်ပင်တို့ ........လွန်စွာပေါများ
သီးနှံများနှင့်..........မနက်ခင်းဈေး
စည်ကားပေလို့ .........လာလည်ဖို့ ရာ
ဖိတ်ခေါ်ပါရစေ.........မနောမြေသို့ ။
ရှမ်းပျိုဖြူများ.............လွန်ပေါများသလို
ချောမောလှပ........တင်စားခိုင်းဆို
ဟိုတာဝတိံခေါ်..........နတ်ပြည်ပေါ်မှ
နတ်သမီးများ.........ကမ္ဘာမြေပေါ်
သက်ဆင်းသလား......ထင်မှတ်ရပေ
တူလှပေ၏။
တောင်ပေါ်မြေကို.......လာလည်ပါလို့ 
ဖိတ်ခေါ်ပါတယ်........မိတ်ဆွေသူငယ်ချင်း
ရောင်းရင်းအပေါင်းတို့ ..........လာခဲ့ ပါနော်
ချမ်းအေးလှတဲ့ .......မနောမြေမှ
ကြိုဆိုပါတယ်။
ချစ်မွှေး
Saturday, 15 September 2012
ချစ်ခဲ့ တာကမှားနေပြီလား
မင်းလေးအပေါ်---ငါ့ အကြင်နာ
မေတ္တာတွေနဲ့ ----မြတ်နိုးမူ့ တို့ 
ထားခဲ့ ရတာ----မင်းကိုငါလေ
အရမ်းချစ်ခဲ့ လို့ ပါ။
မင်းကပြန်လည်---ချစ်မလာတာ
ငါ့ အကြင်နာ----မေတ္တာတွေကို
မယုံကြည်လို့ ---မျက်စိကိုမှိတ်
နားကိုပိတ်ပြီး----ငြင်းခဲ့ တာလား
မိန်းကလေးရယ်။
ကိုယ်ကချစ်ပြီး---ကိုယ့်ပြန်မချစ်မှတော့
ကြင်နာမူ့ တွေ---ထားနေပါလဲ
မှားနေပြီပဲ---မိန်းကလေးရယ်
ငါချစ်ခဲ့ တာမှားခဲ့ ပြီပဲ။။။။။။
ချစ်မွှေး
မရွာပဲညိုတဲ့ မိုးလိုလား
ချစ်သူရေ....
သတိရချိန်တိုင်းဖုန်းဆက်တယ်
လွမ်းမိချိန်တိုင်းမင်းဓါတ်ပုံလေးကိုကြည့်မိတယ်
တမ်းတမိတိုင်းမင်းပုံရိပ်တွေမြင်လာတယ်
အိပ်နေတာတောင်အိမ်မက်ထဲမှာမင်းအရိပ်လေးထင်ရှားဆဲ။
ဒါပေမယ့် လည်း
ချစ်သူတစ်ယောက်ကိုယ့် အလွမ်းနဲ့ တမ်းမှုတွေ
သတိရနေတာတွေကိုသိမှသိရဲ့ လား
ဖုန်းဆက်တော့လည်းဖုန်းမကိုင်နိုင်
ငါလေအခုတော့သိလိုက်ပါပြီ
မင်းရဲ့ အချစ်ကပြိုမလိုနဲ့ ညိုတဲ့ မိုးလို
မျှော်လင့်ရင်းနဲ့  ပေါ့.............
ချစ်မွှေး
ဖြစ်တတ်ပုံလေးတွေ
           စိတ်ဖြေနည်း
စိတ်တွေလေတိုင်း
ရှာနေအရက်ဝိုင်း
သောက်မယ်တခွက်တပိုင်း
ဝီစကီတကယ်ရိုင်း
ဘီယာကပျော့
တောနဲ့ ချော့
ထန်းရေကခါး
ပဲကြီးလှော်စား
ဟားဟားဟားလို့ အော်
ငါမူးပြီနော်
လက်ကိုတွဲလို့ အိမ်ပြန်ခေါ်
သူငယ်ချင်းတို့ ကျေးဇူးနော်
ချစ်မွှေး
မနောဌာနေအလှဝေ
ချမ်းအေးလှတဲ့ မနောမြေအလှ
တောင်တန်းအသွယ်သွယ်..........ပတ်ကာသွယ်တန်း
သဘာဝအလှတို့ ...............ပေါင်းစုထားသလိ
ထင်မှတ်ရသော............ချမ်းအေးလှတဲ့ 
မနောမြေ။
လွယ်ခွမ်တောင်တန်း.........ထင်ရှားလှသလို
တောင်ပေါ်ချယ်ရီ..........မွှေးပျံ့ ချီလို့ 
သမိုင်းတွင်တဲ့ ..........မြစ်မင်းဒုဌာ
သွင်သွင်စီးဆင်း.....မနောမြေအတွင်းဝယ်။
တောင်ပေါ်တစ်ခွင်.........ကော်ဖီပင်နှင့် 
လက္ဖက်ပင်တို့ ........လွန်စွာပေါများ
သီးနှံများနှင့်..........မနက်ခင်းဈေး
စည်ကားပေလို့ .........လာလည်ဖို့ ရာ
ဖိတ်ခေါ်ပါရစေ.........မနောမြေသို့ ။
ရှမ်းပျိုဖြူများ.............လွန်ပေါများသလို
ချောမောလှပ........တင်စားခိုင်းဆို
ဟိုတာဝတိံခေါ်..........နတ်ပြည်ပေါ်မှ
နတ်သမီးများ.........ကမ္ဘာမြေပေါ်
သက်ဆင်းသလား......ထင်မှတ်ရပေ
တူလှပေ၏။
တောင်ပေါ်မြေကို.......လာလည်ပါလို့ 
ဖိတ်ခေါ်ပါတယ်........မိတ်ဆွေသူငယ်ချင်း
ရောင်းရင်းအပေါင်းတို့ ..........လာခဲ့ ပါနော်
ချမ်းအေးလှတဲ့ .......မနောမြေမှ
ကြိုဆိုပါတယ်။
ချစ်မွှေး
Thursday, 9 August 2012
ကျနော်၏ကဗျာ
ပန်း၏တန်ဖိုး
ပန်းကလေးရဲ့ အလှကို
ဇတ်လမ်းလေးစပြီး
ချူဖို့ ကြိုးစား
တန်ဖိုးမထားလျှင်
ဘယ်လိုပန်းမှ
ဂုဏ်မတင့်တယ်
မလှပပါ။
ပွင့်သောပန်းက
မွှေးပျံ့ လှပြီး
ခူးဆွတ်မည့်သူက
တန်ဖိုးထားတတ်ရင်
မြေမှာပေါက်တဲ့ 
မြေဇာပင်တောင်
မွှေးပျံ့ နေမှာ
အမှန်ပါ။
ချစ်မွှေး
ကျနော်၏ကဗျာ
လွမ်းနာ
ကြေကွဲပျက်သုန်း......ဘ၀ဆုံးတို
င်
ငါလေအမြဲ..............ချစ်လျှက်ပဲမို့ 
မင်းလေးတစ်ယောက်....သိနိုင်ပါစေ
ငါ့ ကိုမုန်းမေ့ ...........ထားရစ်ပေမယ့် 
မင်းလေးတစ်ယောက်...ရင်ခွင်သစ်မှ
ပျော်ရွှင်နိုင်လျှက်......နေနိုင်ပါစေ။
မင်းမေ့ ခဲ့ သည့် .......နေ့ မှစ၍
ငါ့ ရဲ့ ရင်မှာ.............ချစ်တတ်တဲ့ အသည်း
ရင်ခုန်တတ်တဲ့ ......နှလုံးသားနဲ့ 
အရာအားလုံး........သေဆုံးသွားပြ
ချစ်တဲ့ သူရေ။
ချစ်မွှေး
ကျနော်၏ကဗျာ
လွမ်းရက်ရှည်ကြာ
ချစ်သူရေ......
အနေကွာဝေးလို့ နေပေမယ့်
ရင်မှာအမြဲရှိနေတာ
မင်းတစ်ယောက်ထဲပါပဲ။
ချစ်သူရေ.......
ပြန်လည်ဆုံတွေ့ ဖို့ အရေး
ကိုယ်လေကြိုးစားရုန်းကန်နေပေမယ်
မင်းလေးကိုတော့အမြဲထာဝရ
တမ်းတနေသူပါ။
ချစ်သူရေ........
မိုင်တွေချီလို့ ဝေးနေပေမယ့်
တစ်ကယ်ဆိုရင်အနီးလေးလိုပါပဲ
လွမ်းဆွေးရင်းနဲ့ တမ်းတမြဲပါ။
ချစ်သူရေ..........
ကတိစကားတွေအကြိမ်ကြိမ်ပေးလို့ 
ကမ္ဘာတည်သရွေ့ မမုန်းဘူးဆိုတာ
ကျိန်ဆိုသစ္စာပြုရဲပါတယ်။
ချစ်သူရေ......
လွမ်းလျှက်နဲ့ ပဲတမ်းတ
ဆွေးလျှက်နဲ့ ပဲသတိရရင်း
ဝေးတစ်မြေကချစ်သူကို
အမြဲသတိရနေသူပါ။
ချစ်မွှေး
Saturday, 28 July 2012
နာကြည်းပြီးလွမ်းတာနော်
နာကျည်းအလွမ်း
ကောင်မလေးရေ........
မင်းထားခဲ့ တဲ့ နေ့ ကစပြီးငါ့ ရင်ခွင်လည်းကြေမွသွားခဲ့ 
ကောင်မလေးရေ........
မင်းမရှိတဲ့ အချိန်ကစပြီးအတူလျှောက်လည်ဖူးတ
ဲ့ နေရာလေးတွေမှာမြင်ယောင်မိနေဆဲပေါ့ 
ကောင်မလေးရေ........
မင်းနဲ့ ပြတ်စဲခဲ့ တာငါ့ အပြစ်လုံးဝမပါဘူးနော်...မင်းကစပြီးလမ်းခွဲစကားပြောခဲ့ တာနော်
ကောင်မလေးရေ......
မင်းသိစေချင်တာလေးတစ်ခုပြောလိုက်ပါရစေနော်ငါ့ ရင်ခွင်မှာမင်းမရှိတော့ပေမယ့် အရင်လို
နုပျိုနေဆဲမဟုတ်တော့ပါဘူးနော်
ကောင်မလေးရေ.........
မင်းကမေ့ ကာထားခဲ့ ပါလည်းကိုယ့်မှာအမြဲသတိရစိတ်လွမ်းဆွေးစိတ်နဲ့ အိပ်မရနိုင်တစ်မှိုင်ပေါ့ 
ကောင်မလေးရေ..........
မင်းကိုနောက်ဆုံးပြောလိုက်ချင်သည်..ငါလေမင်းကိုဆက်ချစ်နေလိမ့် မည်
                                                                                         ချစ်မွှေး
Tuesday, 24 July 2012
အိမ်ထောင်ကြပြီးချစ်တဲ့ အချစ်တဲ့ .....မလေးကဗျာလေးပါ
Cinta Selepas Nikah
aku buka cerita aku
bukan untuk diinjak-injakkan
aku katakan padamu
kepelikan aku alami
bukan jadi bahan risaumu
boleh kau percaya aku?
aku minta satu tinta
yang dalam sujud pun aku harapkan sedari dulu
naif
daifnya aku
damba kasih aku buatkan diriku jadi pilu
kenapa kau hilang?
hilang sayang.
kenapa kau bilang aku gila, sayang?
kenapa kau sinis pada aku, sayang?
aku bukan pondan pondan jalanan minta kau datang sekejap
aku bukan suka sesuka mahu gadaikan maruah
satu aku pinta kembali
jika aku bukan dipilih sebagai suri hatimu
ibunya pada cahaya mata mu nanti itu
jangan ucap sayang padaku
atau ungkapan I LoVE you
aku ingin pesan sama kalian insan insan
jangan kejar jodoh,kerna jodoh akan sampai pada kamu satu hari nanti.
bagaimanakah itu wahai pujangga?
dia akan meminangmu,dengan kalimah 'Bismillah'..bukan dgn maksiat.
dan masa itu, hati kamu berasa sejuk utk menerimanya..
kamu bersedia walaupun kamu patah seribu sayap sayap diudara
dia ada
bimbing kamu,
tiupkan semangat kamu
seolah olah kamulah yang  berkuasa di sebuah negeri
kamulah tercantik bak bidadari
saat itu
hadiahkanlah dia seluhur cintamu
pahatkan tanggungjawab pada agamamu sedalam-dalamnya
kerna itu redha yang si dia cari darimu
mana mungkin dia mahu melihatmu melakukan dosa ? iyakan??
nah,
"apa pilihan mu anak muda."
aku pilih cinta selepas nikah,bonda.
"alhamdulillah,indahnya keturunanku.Syukur."
--moga dia insan yg akan hadir adalah yang Soleh dan benar2 mahu membimbing aku, Ya RAbbi..
hasil karya asli Aena Noor Janna. untuk copy paste,sila berikan kredit pada penulis. terima kasih.
Reactions: 
Sunday, 22 July 2012
အညာမြေ၀က်ဆိုဒ်မှကူးယူတင်ပြပါသည်။
သူငယ်ချင်း
သူငယ်ချင်း ဆိုးလည်းအတူ
အကောင်းဆိုးလဲချန်မထားခဲ.
အမေခြားတဲ.ညီိအကိုများ
ငါတို.တွေကြားမှာခါးသီစ၇ာမ၇ှိခဲ.ပါ...
တွေကြဆုံကြ
ဒီလိုနေ.ညပေါင်းတွေများခဲ.ပြီ
ဂိုးတယ်လို.မ၇ှိ
အချိုးညီတဲ.တြိဂံတွေလို
ငါတို.တွေ၇ဲ.စိတ်မှာခင်မင်မူကမျှတခဲ.
သာလိုလဲမဟုတ် နာလို.လဲမဟုတ်
ဘာကိုမမဆုတ်ယုတ်စေချင်ခဲ.တာ
၇င်ထဲကဆန္ဒအမှန်ပါ
ဒီလိုနဲ.
ကိုယ်ပိုင်ဘ၀အတွက်ခွဲထွက်၇မဲ.အချိန်တွေ
ေ၇ာက်၇ှိခဲ.ပြီ
နေလိုမ၇ပါ
အ၇င်လိုညတွေငါအ၇မ်းလွမ်းတယ်
ကျန်ခဲ.ပါပြီ
ဟောင်းနွမ်းနွေးထွေးမူတွေနဲ.
ကံကိုယုံလို
တချိန်တော.
ဒို.တွေပြန်ဆုံကြမယ်လေ.............
                                                                                            .......................ကိုကိုပြောင်
Wednesday, 11 July 2012
အနေဝေးလို့ လွမ်းနေရသူများအတွက်
                 အလွမ်းတွေနဲ့ မျှော်
   တစ်သသလွမ်း              တမ်းတနွမ်းလျှက်
   ဆွေးချက်ကမ်းကုန်         သတိရစိတ်
   အိပ်မပျော်နိုင်                လွမ်းလျှက်မှိုင်ကာ
   သူလာရာလမ်း               မျှော်လို့ တမ်းတ
   ငေးနေရပြီ                    ချစ်တဲ့ သူရယ်။
  ဘယ်အချိန်မှ                 သူပြန်လာမလဲ
  ပြက္ခဒိန်ရက်စွဲ                 အချိန်နာရီ
  စက္ကန့် မလပ်                  တမ်းတနေတာ
  ချစ်သူတစ်ယောက်          သိပါလေစ
  သိပါရစေ                      ချစ်တဲ့ သူရယ်။
  မျှော်သူမမော                 လွမ်းစိတ်မပို
  တမ်းတမှု့ ကင်း               ဆွေးရရှင်းအောင်
  အဝေးတစ်မြေမှ              ချစ်သူလေးထံ
  မနှေးမြန်ကြာ                 ပြန်လာပါလို့ 
  ပြောချင်တော့တယ်         ချစ်တဲ့ သူရယ်။
                                                      ချစ်မွှေး
Thursday, 14 June 2012
မင်းနဲ့ သာဆို......
                           အချစ်ရေ...........မင်းနဲ့ သာဆို
              အချစ်ရေ.....................................မင်းနဲ့ သာဆို
              နွေပင်လယ်မျှ...............................ပူလောင်လှပြီး
              ခရောင်းတမျှ................................ကြမ်းတမ်းလှသော
              ခရီးပင်ဖြစ်စေ...............................ကိုယ်လေရဲရင့်
              လျှောက်လှမ်းဝင့်၏။
              အချစ်ရေ.....................................မင်းနဲ့ သာဆို
              လေပြင်းတွေ................................ဘယ်လိုတိုက်
              မုန်တိုင်းတွေ................................ဘယ်လိုမွှေ
              မိုးပြင်းတွေ..................................ဘယ်လိုကြ
              ရာသီတွေ...................................ဘယ်လောက်ဆိုးပပစေ
              ကိုယ်လေအမြဲ.............................တူလက်တွဲလို့ 
              ရင်ဆိုင်ရဲ၏။
              အချစ်ရေ...................................မင်းနဲ့ သာဆို
              ပန်းခင်းလမ်း..............................မဟုတ်ချင်နေ
              ဆူးခင်းလမ်း..............................ဖြစ်ပါစေ
              နွေကန္တာ.................................ဘယ်လိုပူ
              ဘ၀တွေ..................................ဘယ်လောက်ကြမ်း
              ခရီးတွေ...................................ဘယ်လောက်လှမ်းပါစေ
              တူလက်တွဲလို့ ..........................ကိုယ်လေအမြဲ
              ရှေ့ ဆက်ရဲ၏။
                                                                                     ချစ်မွှေး
Monday, 7 May 2012
လမင်းလေး
                      လမင်းလေး
ချစ်သူကိုလွမ်း…………………………………တမ်းတတိုင်းမှာ
လမင်းလေးက…………………………………ထိန်ထိန်သာမို့ 
သတိရစိတ်…………………………………….ပိုလို့ လာပြီ။
အိမ်ကိုလွမ်းတိုင်း…………………………….သတိရတိုင်းမှာ
လမင်းလေးက……………………………….ထွန်းတောက်လာလို့ 
ဆွေးရစိတ်တွေ……………………………..ပြည့်လျှံနေခဲ့ ။
သူငယ်ချင်းများကို………………………….သတိရလေတိုင်း
လမင်းလေးက………………………………၀င်းကြည်တောက်ပ
ထိန်ထိန်မြမို့ ……………………………….လွမ်းစိတ်မပြေနိုင်ခဲ့ ပေ။
ရေမြေရပ်ခြား………………………………ရောက်ရှိနေလို့ 
ကိုယ်ချစ်ရသူ……………………………..ချစ်သူလေးနှင့်
မွေးသမိခင်………………………………..ဖခင်မကျန်
ပခုံးဖက်ပေါင်း…………………………….ရောင်းရင်းများတို့ 
တမ်းတမိတိုင်း……………………………သတိရတိုင်းမှာ
ကောင်းကင်ကိုမော့ကြည့်………………လမင်းလေးဆီတိုင်တည်
အားလုံးကိုလွမ်း…………………………သတိရကြောင်း
ခွန်းတုန့် စကား…………………………..ပြန်ကြားပေးဖို့ 
ငါလေအမြဲ………………………………..ပြောကြားခဲ့ ပြီ
လမင်းလေးဆီမှာ။
လမိုက်ညတိုင်း…………………………..လမင်းကိုမျှော်
မပေါ်လာလည်း…………………………ငါ့ စိတ်မှာအမြဲ
ရှိနေဆဲပါ။
                                                  ချစ်မွှေး
Saturday, 28 April 2012
တစ်ခေါက်အလည်........အညာမြေ၀ယ်
                                   တို့ အညာမြေ
ထန်းပင်ထန်းလက်.......................................ခက်လက်ဝေဆာ
အညာရွာသို့ ..............................................အလည်တစ်ခေါက်
လာရောက်ခဲ့ သော်......................................အညာဓလေ့
လှည်းယဉ်ကလေးစီး....................................တောတောင်အလှ
ရှု့ ကြည့်ခံစား.............................................ထန်းရေခါးနှင့်
ကြွက်ကင်အမြည်း.......................................ထူးကဲရသာ
ခံတွင်းမှာစွဲ................................................နောက်မလာပဲ
နေမရဘိ..................................................ရှိလာသည့်တိုင်
အညာမြေက.............................................ကြိုဆိုကြ၏။
ယာမြေစိုက်ခင်း........................................လယ်ကွင်းများနှင့်
တမာ၊မဲဇလီ............................................ထနောင်း၊လက်ပံ
ပင်တန်းစုံစွာ...........................................ပေါက်ရောက်ကြီးထွား
အညာဒေသ............................................စာဖွဲ့ မကုန်
ရှု့ ကြည့်မငြီး...........................................ပျောက်ပျက်မသွား
အလှတရား...........................................သဘာဝများမှာ
အစဉ်အမြဲ.............................................ရှိနေဆဲမို့ 
အညာဒေသ..........................................ကျေးတောရွာသို့ 
အလည်တစ်ခေါက်..................................ဖိတ်ခေါ်ပါရစေ
ချစ်မိတ်ဆွေတို့ ။
                                                                               ချစ်မွှေး