ကျနော်တို့ ရွာကသာလှ
ကျနော်တို့ ရွာကသာလှအကြောင်းလေးပြောပြချင်ပါသည်။တခြားတော့မဟုတ်ပါ၊သူ့ ရဲ့ ချစ်သူ ကိုချစ်ခွင့် ပန်သောအကြောင်းလေးဖြစ်ပါသည်။တနေ့ သောမနက်ခင်းလေးတစ်ခုမှာပေါ့ 
“ဟဲ့ညိုမ ”
“ဘာတုံးတော့”
“နင်ဘယ်သွားမလို့ လဲဟ”
“တောသွားမလို့ ပြင်နေတာမမြင်ဘူးလား”အဲလိုလေးသူ့ ချစ်နေတဲ့ကောင်မလေးကလည်းဟောက်လိုက်ရော
သူဘာလုပ်ရမှန်းမသိဖြစ်သွားတယ်။အခုနေရည်းစားစကားပြောရင်တော့ပါးကျိုးမှာသေချာနေတယ်။အကြံ
အိုက်သွားနေခိုက်သူ့ ရဲ့ သူငယ်ချင်းဖိုးလုံးကလည်းလည်းကြုံလိုက်ဖို့ ညိုမတို့ အိမ်ကိုအလာ
“ဟာဟေ့ကောင်ဖိုးလုံး”ဖိုးလုံးကပြန်ပြော
“ဟာမင်းဇွဲကောင်းလှချည်လားဟဘယ်လိုလဲအဆင်ပြေလား”ဆိုပြီးညိုမဆီသို့ မျက်နှာရိပ်မျက်နှာ
ကဲပြလိုက်တော့ 
“အဆင်မပြေလို့ ဟ..အဲဒါမင်းကိုပြောပြီးအကူအညီတောင်းမလို့ ဟ”
“ရိုးရိုးတော့မ၇ဘူးမောင်”
“အေးပါကွမြို့ တက်ပြီးဘီယာတိုက်မယ်ကွာ”
“မင်းစကားအတည်နော်”
“အေးပါကွ”ဆိုပြီးညိုမဆီသို့ ကပ်ပြီး
“ဟဲ့ညိုမ”
“ဘာတုံးကိုဖိုးလုံး”
“ဟိုဟာလေဟာ”
“ဘာတုံးတော့”
“ဟိုနင့် ကိုလေအဟဲ...ဟိုသာလှကချစ်....ချစ်လို့ တဲ့ဟ......အဲဒါသူကပြောခိုင်းလို့ ဟ”
“တော့သူငယ်ချင်းကကျမကိုတကယ်ချစ်လို့ လားတော့”
“အာအဲဒါတော့မပူနဲ့ သူကနင့်ကိုအရမ်းချစ်တာဟ”
“ ပြီးရောလေအဲဒါဆိုညကျညိုမကိုလာတွေ့ ပါလို့ ပြောလိုက်ပါ”
“နင်တကယ်ပြောတာနော်”
“တကယ်ပါကိုဖိုးလုံးရဲ့ ”ဆိုပြီးပြောလိုက်တော့ဖိုးလုံးတယောက်သာလှကိုအပြေးသွားပြောလေတော့သည်။
“သာလှ...ဟေ့ကောင်...သာလှ”ဆိုပြီးအော်လိုက်ချိန်မှာသာလှကအိမ်ထဲမှထွက်လာလေတော့
“ဟေ့ကောင်မင်းကိုဝမ်းသာစရာသတင်းပြောချင်လို့ ပါဟ”
“ဘာလဲ...ဘာလဲ”
“ညိုမကလေ”
“ညိုမကဘာတဲ့လဲဟ”
“အာမင်းကလည်းဖြေးဖြေးပေါ့ ဟ”
“ငါမရတော့ဘူးဟ...ဘာတဲ့လဲ”
“မင်းကိုညကျရင်လာတွေ့ ပါတဲ့”
“ဟာတကယ်...၀မ်းသာလိုက်တာကွာ..ဟေ့ကောင်ဖိုးလုံးမင်းကိုကျေးဇူးတင်တယ်ကွာ”
“ရပါတယ်....ညကျသွားဖြစ်အောင်သွားအုံးနော်...ငါပြန်တော့မယ်“
“ အော်..အေးအေး ”ဆိုပြီးဖိုးလုံးလည်းပြန်ရောသာလှတစ်ယောက်အပျော်ကြီးပျော်နေပါတော့သည်။
ဒီလိုနဲ့ ညရောက်တော့ ညိုမတို့ အိမ်နားသွားပြီးညိုမကိုအချက်ပေးပြီးခေါ်လိုက်တော့
“ဟယ် ကိုသာလှ”
“ဟာ...ညိုမ”
“ကိုသာလှတော်ကဖိုးလုံးနဲ့ တင်ကျမကိုချစ်တယ်လို့ ပြောခိုင်းလိုက်တယ်ဆို..တော်ကရောကျုပ်ကို
တကယ်ချစ်လို့ လားတော့”လို့ မေးလိုက်တော့
“ဟာကိုကညိုမလေးကိုအရမ်းကိုချစ်တာပါ...ဖိုးလုံးနဲ့ ပြောခိုင်းတာက..ဟဲဟဲ..ညိုမရဲ့ စိတ်ကိုကြောက်လို့ ပါ”
“အခုတော့ရော..မကြောက်တော့ဘူးပေါ့ ဟုတ်လား”
“ဟဲဟဲ ညိုမနဲ့ ကို နဲ့ ကချစ်သူတွေဖြစ်သွားကြပြီပဲ”
“ဟင်းပို ပါ့ကဲကဲကဲ”
ဒီလိုနဲ့ သာလှနဲ့ ညိုမတို့ ဟာ ဖိုးလုံးရဲ့ အောင်သွယ်မှု့ ကတဆင့်ချစ်သူတွေဖြစ်သွားကြလေသည်။
ဝေဖြိုးအောင်(ခေတ္တ-မလေးရှား-မလက်ကာမြို့ )
ရွာသားလေးဝေဖြိုးအောင်ဘလော့မှသူုငယ်ချင်းများအားလုံးကိုကြိုဆိုပါ။နှစ်သက်ကShareနိုင်ပါသည်
မိမိကြိုက်ရာရွေးချယ်ရှာပါ
- ၀တ္ထု
- C.pop
- Cartoon movie
- International nice places
- K.pop
- mp3 ဖိုင်
- ကဗျာ
- ကွန်ပြူတာနည်းပညာဆိုင်ရာ
- ကာတွန်းဓာတ်ပုံများ
- ကျန်းမာရေးဆိုင်၇ာ
- ကျနော့်ဘ၀အကြောင်း
- ကျနော်ရေးသောရယ်စရာလေးများ
- ကျနော်ရေးသောဆောင်းပါးများ
- ဂျက်ကီချမ်းဇတ်လမ်းများ
- ဂျက်စတင်ဘီဘာသီချင်းများ
- ဂျက်လီကားများ
- ဆရာတော်ဦးဇဋိလ၏တရားတော်များ
- ထူးဆန်းထွေလာ
- ဓါတ်ပုံ
- ပညာပေး
- ဗွီဒီယိုဖိုင်
- ဗုဒ္ဒဘာသာအကြောင်းသိကောင်းစရာများ
- မန်ဘာများ၏တောင်းဆိုမှု့ များ
- မှတ်သားစရာလေးများ
- မြန်မာmp4သီချင်းများ
- မြန်မာဇတ်လမ်းများ
- မြန်မာ့နှစ်ပါးမြိုင်
- မြန်မာ့ဟာသများ
- မြန်မာ့အငြိမ့်
- ရယ်မောချင်သူများအတွက်
- သတင်းများ
- အနာဂတ်အတွက်ခြေလှမ်းများ
- အနုပညာရှင်များ၏သတင်း
- အားကစားကဏ
- အထွေထွေ
- အဖေများနေ့ အမှတ်တရ
- အမေများနေ့ အမှတ်တရ
- ကြော်ငြာကဏ္ဏ
No comments:
Post a Comment