မိမိကြိုက်ရာရွေးချယ်ရှာပါ
Sunday 29 July 2012
ကျနော်ရေးသောဝတ္ထုတိုလေးပါ
 ချစ်ခဲ့ ဖူးသည်ဒါပေမယ့် လွမ်းနေရပြီ
                    တစ်ခုသောညနေခင်းကျောင်းဆင်းချိန်လေးမှာပေါ့ ....ကျနော်မင်းခန့် နဲ့ ကျနော့်သူငယ်ချင်းစိုင်းဝေ
တို့ နှစ်ယောက်သားမိန်းကလေးတစ်ယောက်နောက်ကိုစက်ဘီးတစ်စီးနဲ့ လိုက်ခဲ့ ကြတယ်။မိန်းကလေးရဲ့ နာမည်က
ရွှေစင်တဲ့ ...ကျနော်တို့ ရွာကျောင်းကလေးမှာတော့အချောဆုံးအလှဆုံးလို့ တင်စားခံရတဲ့ သူလေးပေါ့ ဗျာ..သူလေး
ကကျနော်တို့ ရွာကျောင်းကလေးမှာလာပြီးကျောင်းတတ်ရတဲ့ တစ်ရွာသူပျိုဖြူချောလေးဖြစ်ပါတယ်။ကျနော်တို့ နှစ်
ယောက်သားစက်ဘီးကလေးနဲ့ ကောင်မလေးနောက်ကိုလိုက်ခဲ့ ကြတယ်။မင်းခန့် ကသူ့ ကိုချစ်နေတဲ့ သူဆိုတော့
ကောင်မလေးကိုစကားစပြီးပြောတယ်။
        " ရွှေစင်......ရွှေစင် " လို့ လှမ်းခေါ်လိုက်တော့ကောင်မလေးကနောက်ကိုလှည့်ကြည့်ပြီးမေးလိုက်တယ်။
        " ဘာလဲ...နင်ဘာကိစ္စငါ့ နောက်ကိုတစ်ကောက်ကောက်လိုက်နေတာလဲ..သူငယ်ချင်းတွေကြာထဲမှာ
ရှက်ဖို့ ကောင်းလိုက်တာ"ဆိုပြီးဒေါသသံလေးနဲ့ ပြန်ပြောလိုက်တယ်။
         "အာ..စိတ်မဆိုးပါနဲ့ ဟာ...ငါနင့်ကိုစကားလေးနည်းနည်းပြောစရာရှိလို့ ပါဟ"လို့ မင်းခန့် ကတောင်းပန်
သံလေးနဲ့ ပြန်ပြောလိုက်တော့ရွှေစင်သူငယ်ချင်းချစ်စုကနေ
               "ကိုမင်းခန့် ......ဘာပြောမလို့ လဲ...ကျမတို့ ကရှောင်နေပေးရမှာလား" လို့ ပြောပြီးစလိုက်တယ်။
ရွှေစင်ကစစရာလားဆိုပြီးချစ်စုဗိုက်ခေါက်ကလေးကိုနာနာလေးလိမ်ဆွဲပစ်လိုက်တယ်။မင်းခန့် က
              "ရွေှ့စင်...ငါလေ..နင့်ကိုကျောင်းမှစပြီးတွေ့ ကတည်းကငါ့ ရင်ထဲမှာသံယောဇဉ်ကြိုးရစ်နှောင်ခဲ့ ရ
တယ်..နင့်ကိုငါချစ်တယ်ဟာ..ငါ့ ကိုစဉ်းစားပေးပါနော်" ဆိုပြီးပြောတော့
             "ဟာနင်ကလည်းငါတို့ ကကျောင်းနေတဲ့ အရွယ်ပဲရှိသေးတာ..အဲတာတွေခေါင်းထဲမှာမထားသေးဘူး"
             " ငါနင့်ကိုအတင်းမတိုက်တွန်းပါဘူးဟာ..ဒါပေမယ့် နင်ငါ့ ကိုပြန်ချစ်လာမယ့်နေ့ ကိုတော့ငါမျှော်လင့်
မိတယ်..ငါ့ အတွက်စဉ်းစားပေးပါနော်"
             "အေးပါဟာ..ကဲနင်တို့ လည်းပြန်တော့..ဟိုမှာစိုင်းဝေကနင့်ကိုစောင့်ပြီးပျင်းနေပြီနဲ့ တူတယ်..ငါတို့ 
လည်းပြန်တော့မယ်..ချစ်စုတို့ လည်းငါ့ ကိုစောင့်နေရတာကြာပြီ..တော်ကြာအိမ်ကလူတွေအပြောခံနေရလိမ်မယ်
..င်ပြန်တော့မယ်ဟာ"လို့ ပြောပြီးရွှေစင်ကလှည့်ထွက်သွားချိန်မှာပဲမင်းခန့် နဲ့ စိုးင်းဝေတို့ လည်းပြန်ခဲ့ ကြတယ်။
            ဒီလိုနဲ့ နေ့ တွေရက်တွေပြောင်းလို့ ၁လပြည့်တဲ့ နေ့ မှာပေါ့ ရွှေစင်ကမင်းခန့် ကိုပြောစရာရှိလို့ ဆိုပြီး
စိုင်းဝေကိုပြောတော့စိုင်းဝေကလည်းရှာပြီးပြောလိုက်မယ်လို့ ကတိပေးလိုက်တယ်။စိုင်းဝေလည်းမင်းခန့် ကိုရှာ
ပုံတော်ဖွင့်ရင်းနဲ့ တွေ့ တော့
            "မင်းခန့် ..မင်းဘယ်တွေသွားသဝေထိုးနေတာလဲ..ငါ့ မှာတော့မင်းကိုရှာလိုက်ရတာတစ်ကျောင်းလုံးကို
တဲ့ အဲဒီကနေစောင့်နေမယ်တဲ့ "လို့ ပြောတော့မင်းခန့် တစ်ယောက်ဝမ်းသာအား၇နဲ့ စိုင်းဝေကိုဖက်နမ်းလိုက်တယ်
         "ဟာ..ဟေ့ ကောင်မင်းလူမှားနေပြီနော်"
        "ငါပျော်လို့ ပါကွာမင်းကလည်း"
       "အေး..မင်းသွားစောင့်နေနော်..ငါမုန့် သွားစားအုံးမယ်"လို့ ပြောပြီးစိုင်းဝေထွက်သွားတယ်။
             ထမင်းစားကျောင်းဆင်းချိန်မှာတော့စိန်ပန်းပင်ကြီးအောက်မှာအပျော်တွေအပြုံးတွေနဲ့ မင်းခန့် တစ်ယောက်ရွှေစင်
အလာကိုစောင့်နေခဲ့ တယ်။၁၅မိနစ်လောက်စောင့်လိုက်ရတယ်ရွှေစင်ရောက်လာတယ်။
       "ကိုမင်းခန့် စောင့်နေတာကြာပြီလား"
      "မကြာသေးပါဘူး..ရွှေစင်ကျနော့်ကိုချိန်းတယ်ပြောလို့ "
    "ဟုတ်တယ်..ကိုမင်းခန့် ကိုပြောစရာရှိလို့ ..စိုင်းဝေနဲ့ တဆင့်မှာလိုက်တာ"
   "ဘာပြောမလို့ လဲရင်တွေတောင်ခုန်လာပြီ"
   "ရွှေစင်လေ..ကိုမင်းခန့် ကိုချစ်ပါတယ်..ဒါပေမယ့်"
   "ဒါပေမယ့်ဘာဖြစ်လဲရွှေစင်..ပြောပါဦးရင်တွေတုန်လိုက်တာ"  
   "ရွှေစင်လေ...ကျောင်းပြောင်းရမယ်ကိုမင်းခန့် ..ရွှေစင်တို့ ကံမကုန်သေးခင်တော့ရေစက်ပါရင်ပြန်ဆုံကြမှာ
ပေါ့ ကိုမင်းခန့် ရယ်...ရွှေစင်သွားတော့မယ်နော်"
  "ရွှေစင်....ရွှေစင်....ရွှေစင်"
   ရွှေစင်လှည့်ထွက်သွားချိန်မှာပဲမင်းခန့် တစ်ယောက်ပျော်ရမလိုဖြစ်ပြီးမှဝမ်းနည်းစွာနဲ့ ကျန်ခဲ့ ရတယ်။အဲအချိန်
မှာပဲရွာထဲကနေသီးချင်းဖွင့်သံသဲ့ သဲ့ ပျံ့ လွင့်လို့ လာတယ်။
  "ချစ်ခဲ့ ဖူးသည်..လွမ်းလည်းလွမ်းခဲ့ ဖူးသည်..ပျော်လည်းပျော်ဖူးပါသည်"အော်ငါ့ ကိုများစောင်းမြောင်းဆိုနေလေ
ရော့သလားဆိုပြီးမင်းခန့် တစ်ယောက်တွေးတောရင်းနဲ့ ပဲသီးချင်းသံစဉ်လေးလိုပဲချစ်ခဲ့ ဖူးသည်ဒါပေမယ့်လွမ်း
နေရပြီလေ။     
                                                                            ချစ်မွှေး
No comments:
Post a Comment