မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်တွင်းကုမ္ပဏီ (၂၃)ခုမှ ပူးပေါင်း၍ တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်း သန်း ၄၀ စီမံကိန်းမှ ပထမအရစ်ဖုန်းအလုံးပါ တစ်သန်းခွဲကို မတ်လ ပထမပတ်အတွင်း ချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ “မတ်လအတွင်းတော့ ဖြစ်အောင်ချထားပေးမှာပါ။ တန်ဖိုးကတော့ ကျပ်နှစ်သိန်းဖြစ်မှာပါ။ ရန်ကုန်မြို့အတွက် ဖုန်းအလုံးပါ တစ်သိန်းခွဲ သတ်မှတ်ထားပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအတွက် တစ်သန်းခွဲလောက် သတ်မှတ်ထားပါတယ်ခင်ဗျာ” ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်များအရ သိရသည်။ “တန်ဖိုးနည်း ဖုန်းတွေက နောက်လပထမပတ်အတွင်းမှာ ထွက်မယ်လို့ ကြားထားပါတယ်။ ရက်အတိအကျတော့ ကျွန်တော်တို့ဆိုင်တွေကို ဘာသတင်းမှ ရောက်မလာသေးဘူး။ တန်ဖိုးဘာညာကိုလည်း အတိအကျ မသိရသေးပါဘူး။ အကယ်၍ တန်ဖိုးနည်းဖုန်းထွက်လာရင် ကျွန်တော်တို့ဆိုင်တွေက အရစ်ကျရောင်းပေးမယ့် အစီအစဉ်ကို စီစဉ်ထားပါတယ်။ ဒီတစ်ခေါက်တော့ဘဏ်နဲ့ မချိတ်တော့ဘူး။ အရစ်ကျ ဝယ်ချင်တဲ့သူတွေကို ဆိုင်ကပဲ စီစဉ်ပေးမှာပါ” ဟု ရွှေဂုံတိုင် Mr.Fone ဆိုင်မှ မန်နေဂျာကိုမင်းမင်းက ပြောကြားခဲ့သည်။ “မတ် ၂၇ ရက်လို့ ကြားတယ်။ ဖုန်းတန်ဖိုးကတော့ အမျိုးမျိုးကြားနေတာပဲ။ ငါးထောင်တန်ဖုန်းမရတော့ အခုလာမယ့် တန်ဖိုးနည်းဂျီဖုန်းပဲ စောင့်ရတော့မယ်ပေါ့” ဟု ရွှေဂုံတိုင်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
ရွာသားလေးဝေဖြိုးအောင်ဘလော့မှသူုငယ်ချင်းများအားလုံးကိုကြိုဆိုပါ။နှစ်သက်ကShareနိုင်ပါသည်
မိမိကြိုက်ရာရွေးချယ်ရှာပါ
- ၀တ္ထု
- C.pop
- Cartoon movie
- International nice places
- K.pop
- mp3 ဖိုင်
- ကဗျာ
- ကွန်ပြူတာနည်းပညာဆိုင်ရာ
- ကာတွန်းဓာတ်ပုံများ
- ကျန်းမာရေးဆိုင်၇ာ
- ကျနော့်ဘ၀အကြောင်း
- ကျနော်ရေးသောရယ်စရာလေးများ
- ကျနော်ရေးသောဆောင်းပါးများ
- ဂျက်ကီချမ်းဇတ်လမ်းများ
- ဂျက်စတင်ဘီဘာသီချင်းများ
- ဂျက်လီကားများ
- ဆရာတော်ဦးဇဋိလ၏တရားတော်များ
- ထူးဆန်းထွေလာ
- ဓါတ်ပုံ
- ပညာပေး
- ဗွီဒီယိုဖိုင်
- ဗုဒ္ဒဘာသာအကြောင်းသိကောင်းစရာများ
- မန်ဘာများ၏တောင်းဆိုမှု့ များ
- မှတ်သားစရာလေးများ
- မြန်မာmp4သီချင်းများ
- မြန်မာဇတ်လမ်းများ
- မြန်မာ့နှစ်ပါးမြိုင်
- မြန်မာ့ဟာသများ
- မြန်မာ့အငြိမ့်
- ရယ်မောချင်သူများအတွက်
- သတင်းများ
- အနာဂတ်အတွက်ခြေလှမ်းများ
- အနုပညာရှင်များ၏သတင်း
- အားကစားကဏ
- အထွေထွေ
- အဖေများနေ့ အမှတ်တရ
- အမေများနေ့ အမှတ်တရ
- ကြော်ငြာကဏ္ဏ
Friday 17 February 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment