သုံးရာသီလွမ်းချင်း
ဂိန်မာန်နွေဦး လေရှုးတသုန်သုန်
ပူပြင်းဟုန်ဟုန် ငရဲဘုံအလား
ထင်မှတ်မှားရ နွေကာလတွင်
ခန်းခြောက်ကန်ရေ ပုဇွန်သေဟု
တင်စားခေါ်ကြ ဤကာလ၌
ချစ်သူနှစ်ဦး တူပျော်မြူးခဲ့ 
တစ်ချိန်ကအတိတ် ထိုအရိပ်ကို
ယနေ့ ထိတိုင် လွမ်းတသသ
တမ်းတမိလျှက် လွမ်းဆွေးလျှက်ပါ
ချစ်ဦးသူရယ်။
မိုးစက်မိုးပေါက် တစ်ဖြောက်ဖြောက်နှင့်
လွမ်းလောက်စရာ ၀သန်ခါဝယ်
ရင်မှာပူဆွေး ဖြေသိမ့် တွေးရင်း
မျှော်ငေးဖန်ဖန် ချစ်သူ့ ထံကို
မိုးသံခြိမ့် ခြိမ့်  ချမ်းစိမ့်စိမ့် နှင့် 
လွမ်းသိမ့် ဝေဒနာ မဖြေသာ၍
စာလွှာရေးစီ ပါးလိုက်ပါ၏။
ဟေမာန်ဆောင်းဦး ရောက်လုနီးလျှင်
ချမ်းခိုက်တုန်တုန် မြူနှင်းမှုန်နှင့်
ရေခဲတမျှ ချမ်းအေးလှသည့်
ဥတုရာသီ သညိခါလျှငိကွယ်
စောင်ခြုံမလုံ ပုဆိုးခြုံကွေး
ပိုဆိုးသေးမို့  အများပြောကြ
မေတ္တာစောင်ခြုံ လုံခြုံလှ၏။
ချစ်ရသူရေ သည်ဆောင်းဟေမာန်
တဖန်ကြုံရ သတိရခဲ့ 
မင်းနဲ့ အတူ နှင်းမှုန်ကြားမှာ
ပျော်ခဲ့ ရတဲ့  နေ့ ရက်လေးတွေ
ပြန်ကာတွေးတိုင်း လွမ်းကာနေတယ်
ပြန်လာခဲ့ ပါ ချစ်သူရယ်။
ချစ်မွှေး
ဂိန်မာန်နွေဦး လေရှုးတသုန်သုန်
ပူပြင်းဟုန်ဟုန် ငရဲဘုံအလား
ထင်မှတ်မှားရ နွေကာလတွင်
ခန်းခြောက်ကန်ရေ ပုဇွန်သေဟု
တင်စားခေါ်ကြ ဤကာလ၌
ချစ်သူနှစ်ဦး တူပျော်မြူးခဲ့ 
တစ်ချိန်ကအတိတ် ထိုအရိပ်ကို
ယနေ့ ထိတိုင် လွမ်းတသသ
တမ်းတမိလျှက် လွမ်းဆွေးလျှက်ပါ
ချစ်ဦးသူရယ်။
မိုးစက်မိုးပေါက် တစ်ဖြောက်ဖြောက်နှင့်
လွမ်းလောက်စရာ ၀သန်ခါဝယ်
ရင်မှာပူဆွေး ဖြေသိမ့် တွေးရင်း
မျှော်ငေးဖန်ဖန် ချစ်သူ့ ထံကို
မိုးသံခြိမ့် ခြိမ့်  ချမ်းစိမ့်စိမ့် နှင့် 
လွမ်းသိမ့် ဝေဒနာ မဖြေသာ၍
စာလွှာရေးစီ ပါးလိုက်ပါ၏။
ဟေမာန်ဆောင်းဦး ရောက်လုနီးလျှင်
ချမ်းခိုက်တုန်တုန် မြူနှင်းမှုန်နှင့်
ရေခဲတမျှ ချမ်းအေးလှသည့်
ဥတုရာသီ သညိခါလျှငိကွယ်
စောင်ခြုံမလုံ ပုဆိုးခြုံကွေး
ပိုဆိုးသေးမို့  အများပြောကြ
မေတ္တာစောင်ခြုံ လုံခြုံလှ၏။
ချစ်ရသူရေ သည်ဆောင်းဟေမာန်
တဖန်ကြုံရ သတိရခဲ့ 
မင်းနဲ့ အတူ နှင်းမှုန်ကြားမှာ
ပျော်ခဲ့ ရတဲ့  နေ့ ရက်လေးတွေ
ပြန်ကာတွေးတိုင်း လွမ်းကာနေတယ်
ပြန်လာခဲ့ ပါ ချစ်သူရယ်။
ချစ်မွှေး
No comments:
Post a Comment