-
မြန်မာမိန်းကလေးများအတွက် (သို့ မဟုတ်)မလေးရှားသို့ အိမ်ဖော်အလုပ်ဖြင့်မလာသင့်ယခုလက်ရှိမလေးရှားနိုင်ငံသမ္မတနာဂျစ်မှမြန်မာနိုင်ငံသမ္မတဦးသိန်းစိနှ်ထံသို့ မြန်မာအမျိုးသမီးများကိုအိမ်ဖော်အလုပ်လုပ်ကိုင်ရန်အတွကှ်အကူအညီတောင်းခံသည်ဟုသိရှိရပါသည်။ထိုကိစ္စနှင့်ပက်သက်၍မလေးရှားတွင်အလုပ်လုပ်ကိုင်လျှက်ရှိသောမြန်မာအမျိုးသား/သမီးများအားလုံးမှfacebookစာမျက်နှာတွင်မလာရောက်သင့်ကြောင်းပြောဆိုလျှက်ရှိပါသည်။ထို့ အတွက်ကြောင့်မြန်မာအမျိုးသမီးများအနေဖြင့်မလေးရှားသို့ အလုပ်လုပ်ရန်လာရောက်မည်ဆိုပါကမိမိလုပ်ရမည့်အလုပ်အကိုင်ကိုမလာခင်အချိန်အတွင်းတွင်သိရှိရန်မေးမြန်းခြင်း၊မလေးရှားမှပြန်လာသောမိမိအနီးအနားပတ်ဝန်းကျင်မှလူများ၊အင်တာနက်အသုံးပြုသူများကိုအကူအညီတောင်းမေးမြန်းသင့်သည်။မလေးရှားနိုင်မှာနေ့ စဉ်နှင့်အမျှလုယက်မူ့ ၊ခိုးယူမူ့ များကြုံတွေ့ နေရသောအလုပ်သမားပေါင်းမြောက်များစွာရှိပါသည်။မလေးရှားနိုင်ငံရဲများမှာလည်းကိုယ်နေထိုင်ရာမြို့ မှလွဲ၍ကျန်သည့်မြို့ များသို့ အလည်အပတ်သွားရောက်ပါကပတ်စ်ပို့ စစ်ဆေးခြင်းနှင့်ရံဖန်ရံခါရဲများမှငွေတောင်းခံခြင်းများကိုလည်းအလုပ်လုပ်ကိုင်နေသူနိုင်ငံခြားသားအလုပ်သမားတိုင်းနေ့စဉ်ကြုံတွေ့ နေရသောအခက်အခဲများဖြစ်ပါသည်။မလေးရှားနိုင်ငံတွင်နှစ်စဉ်နှင့်အမျှအတင်းအဓမ္မပြုကျင့်မူ့ များမှာငယ်ရွယ်သူမှအစလူရွယ်လူလတ်အပိုင်းအခြားများထိထောင်နှင့်ချီ၍ဖြစ်ပေါ်လျှက်ရှိပါသည်။ထိုကိစ္စများအပြင်အိမ်ဖော်အလုပ်လုပ်ကိုင်သူအမျိုးသမီးများအပေါ်တွင်လည်းထိုသို့ ပြုလုပ်ခြင်းများရှိခဲ့ ပါသည်။ယခင်ကမလေးရှားတွင်အိမ်ဖော်အလုပ်လုပ်ကိုင်သူများမှာအင်ဒိုနီးရှားအမျိုးသမီးဖြစ်ပါသည်။အိမ်ဖော်အမျိုးသမီးများအပေါ်အတင်းအဓမ္မပြုကျင့်မူ့ ၊လိုအပ်သောကျန်းမာရေးစောင့်ရှောက်မူ့ မရှိခြင်း၊လစာငွေဖြတ်တောက်ခြင်းများ၇ှိပါသောကြောင့်ယခုအခါအင်ဒိုနီး၇ှားနိုင်ငံမှအိမ်ဖော်အလုပ်ဖြင့်အမျိုးသမီးများမလွှတ်ပေးတော့ပါ။ထို့ ကြောင့်မြန်မာအမျိုးသမီးများအနေဖြင့်အလုပ်လုပ်ကိုင်ရန်လာရောက်မည်ဆိုပါကအထူးသတိပြုသင့်ပေသည်။မိဘများအနေဖြင့်လည်းငွေကြေး၇လိုမူ့ တစ်ခုတည်းကိုသာအာရုံစိုက်မည်ဆိုပါကမိမိ၏သမီးများ၏ဘ၀နှင့်သိက္ခာကိုထိခိုက်မည့်ကိစ္စဖြစ်ပါသဖြင့်အထူးအကြံပြုလိုပါသည်။ဤပို့ စ်ကိုရေးသားရခြင်းမှာမြန်မာအမျိုးသမီးများ၏ဘ၀၊သိက္ခာထိခိုက်ခံရမည့်အရေးမှတတ်နိုင်သမျှရျောင်ကြင်နိုင်စေရန်အတွက်ဖြစ်ပါသည်။တစ်ခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှထိခိုက်စော်ကားလိုမူ့ မရှိကြောင်းအသိပေးအပ်ပါသည်။
ရွာသားလေးဝေဖြိုးအောင်ဘလော့မှသူုငယ်ချင်းများအားလုံးကိုကြိုဆိုပါ။နှစ်သက်ကShareနိုင်ပါသည်
မိမိကြိုက်ရာရွေးချယ်ရှာပါ
- ၀တ္ထု
- C.pop
- Cartoon movie
- International nice places
- K.pop
- mp3 ဖိုင်
- ကဗျာ
- ကွန်ပြူတာနည်းပညာဆိုင်ရာ
- ကာတွန်းဓာတ်ပုံများ
- ကျန်းမာရေးဆိုင်၇ာ
- ကျနော့်ဘ၀အကြောင်း
- ကျနော်ရေးသောရယ်စရာလေးများ
- ကျနော်ရေးသောဆောင်းပါးများ
- ဂျက်ကီချမ်းဇတ်လမ်းများ
- ဂျက်စတင်ဘီဘာသီချင်းများ
- ဂျက်လီကားများ
- ဆရာတော်ဦးဇဋိလ၏တရားတော်များ
- ထူးဆန်းထွေလာ
- ဓါတ်ပုံ
- ပညာပေး
- ဗွီဒီယိုဖိုင်
- ဗုဒ္ဒဘာသာအကြောင်းသိကောင်းစရာများ
- မန်ဘာများ၏တောင်းဆိုမှု့ များ
- မှတ်သားစရာလေးများ
- မြန်မာmp4သီချင်းများ
- မြန်မာဇတ်လမ်းများ
- မြန်မာ့နှစ်ပါးမြိုင်
- မြန်မာ့ဟာသများ
- မြန်မာ့အငြိမ့်
- ရယ်မောချင်သူများအတွက်
- သတင်းများ
- အနာဂတ်အတွက်ခြေလှမ်းများ
- အနုပညာရှင်များ၏သတင်း
- အားကစားကဏ
- အထွေထွေ
- အဖေများနေ့ အမှတ်တရ
- အမေများနေ့ အမှတ်တရ
- ကြော်ငြာကဏ္ဏ
Tuesday, 1 May 2012
မြန်မာအမျိုးသမီးများအတွက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment