မိမိကြိုက်ရာရွေးချယ်ရှာပါ
Monday 28 November 2011
ဘ၀----page.3
ဒီလိုမပြေလည့်သည့်ကြားကကျနော်၁၀တန်းကိုနှစ်ချင်းပေါက်အောင်မြင်ခဲ့ပါတယ်။၁၀တန်းအောင်ပြီးအောင်ပြီးနောက်ကျနော်လည်းအိမ်ကိုတဖက်တလမ်းကနေ၀င်ငွေရအောင်အပြင်မှာအလုပ်လုပ်ကိုင်ရင်းဝင်ငွေရှာခဲ့ပါတယ်။လိမ်ဖယ်လိမ်ဖယ်နဲ့ပဲအဖေကကျနော်ကိုတက္ကသိုလ်မှာပညာသင်ခွင့်ပေးခဲ့လို့  ဖzoology အထူးပြုနဲ့ ဆက်လက်ပြီးပညာဆည်းပူးခွင့်ရခဲ့ပါတယ်။ဆင်းရဲသားကျနော်တက္ကသိုလ်တတ်တော့အဆင်မပြေမူ့ များစွာကြုံတွေ့ ခဲ့ရပါတယ်။ကျနော်လည်းတတ်နိုင်သလောက်ကြိုးစားခဲ့ပေမယ့်ရိုးရိုးဘွဲ့ နဲ့ ပဲကျေနပ်ခဲ့ရပါတယ်။တက္ကသိုလ်ပြီးနောက်တော့ကျနော်လည်းပုဂံမြို့ ကဧဒင်ဆောက်လုပ်ရေးမှာအလုပ်သမားကြီးကြပ်ဘ၀နဲ့၁နှစ်ကျော်ကြာအလုပ်လုပ်ပြီးနောက်အဖေကကျနော့်ကိုမလေးရှားနိုင်ငံမှာအလုပ်သွားလုပ်ဖို့ စေခိုင်းခဲ့ပါတယ်။ကျနော်မလေးရှားမှာပျော်ရွင်စွာအလုပ်လုပ်ကိုင်ရင်းမိဘကျေးဇူးကိုတတ်နိုင်သလောက်ဆပ်ခွင့်ရခဲ့ပါတယ်။အခုကျနော်မလေးရှားမှာသုံးနှစ်ကျော်ကြာခဲ့ပါပြီ။ထိုက်သင့်သလောက်လဲအိမ်ကိုပြန်ပို့ နိုင်ခဲ့ပါတယ်။ကျနော်ပို့ တဲ့ငွေနဲ့ပဲကျနော်၏ညီမလေး၊ညီလေးတွေပျော်ရွင်စွာကျောင်းတတ်နိုင်ခဲ့ပါတယ်။ကျနော်ကျေနပ်ပီတိအပြည့်နဲ့အလုပ်လုပ်နိုင်ညီမလေး၊ညီလေးများကလည်းစာကြိုးစားကြလို့ ကျနော်ဘယ်လောက်ပင်ပင်ပန်းပါစေပီတိဖြာဝေလျှက်ပါလို့ ကျနော်၏မိဘနှစ်ပါးနှင့်ညီမလေး၊ညီလေးများကိုပြောပြချင်ပါတယ်။ကျနော်ဘ၀ကိုဖတ်ရလို့ သနားပီတိဖြစ်ရရင်ကိုကျနော်ကျေနပ်လျှက်ပါလို့ တောင်းဆုပြုရင်း................................................
No comments:
Post a Comment