မိမိကြိုက်ရာရွေးချယ်ရှာပါ
Sunday 27 November 2011
ဘ၀----page.2
ကျနော်ငါးတန်းနှစ်မှာကျနော့်အကိုကစားရင်းချော်လဲရာကဒဏ်ရာအနည်းငယ်ရခဲ့ပါတယ်။အဲဒီနှစ်မှာပဲငါးတန်းစာ
မေးပွဲကျလို့ အဖေကသူ့ ကိုကျောင်းဆက်မထားတော့ပဲကျနော်နှင့်ညီမလေးများသာကျောင်းဆက်နေခဲ့ရပါတယ်။
ဆင်းရဲသူဆိုတော့သူများတွေလိုအ၀တ်အစားကောင်းကောင်းလည်းမ၀တ်ခဲ့ရပါဘူး။ကျောင်စာအုပ်တောင်မှအမ
တစ်ဝမ်းကွဲဆီကနေယူပြီးလိုအပ်သလောက်သာဝယ်ယူခဲ့ရပါတယ်။ကျနော်တို့ ငါးတန်းနှစ်မှာပဲအဖေကျောင်းဆ
ရာဘ၀ကထွက်ပြီးယက္ကန်းရှည်ခုံထောင်ကာကျနော်တို့ မိသားစုကိုပြေလည်အောင်ထောက်ပံ့နိုင်ခဲ့ပါတယ်။
ကျနော်တို့ လည်းတတ်အားသလောက်ဝင်ပြီးလုပ်ကိုင်ကာပေးခဲ့ပါတယ်။ဒီလိုနဲ့ အဲဒီယက္ကန်းရှည်လုပ်ငန်းကအဆင်
ပြေလာခဲ့ပြီးလူသိများလာခဲ့ပါတယ်။ကျနော်တို့ ဘ၀လည်းတိုးတတ်ပြီလို့ ထင်ထားခဲ့ပါတယ်။ဒါပေမယ့်ကျနော်၇
တန်းအောင်တဲ့နှစ်မှာကျနော်အမအကြီးဆုံးမချယ်ရီဝင်းအိမ်ထောင်ကျပြီးခွဲသွားခဲ့ပါတယ်။အဖေလည်းထပ်ပြီပင်ပန်
နှစ်ကျပြန်တော့အမမာလာဝင်းကအိမ်ထောင်ကြသွားပြီးခွဲနေခဲ့ပြန်တယ်။ကျနော့်အဖေပင်ပန်းနေတာကိုသူတို့ 
ကမမြင်လေတော့သလားမသိတော့ပါဘူး။
No comments:
Post a Comment