မိမိကြိုက်ရာရွေးချယ်ရှာပါ

Monday 2 January 2012

တိုးတတ်လာသောမြန်မာ့အခြေအနေ

မြန်မာအလုပ်သမားများ ပြန်ပို့ငွေ ဘဏ်များမှတစ်ဆင့် လွှဲနိုင်ရန် အချိန်ယူရမည်
“ဟိုဘက်ဘဏ်ကနေ ဒီကဘဏ်ကို ငွေလွှဲဖို့ဆိုတာ လက်တွေ့ကျတော့ သိပ်မလွယ်ဘူး။ တစ်ဖက်က ယုံကြည်မှုရှိမှ လုပ်လို့ရတာ”
Posted on Jan 02 12 - 12:30 AM | Hits : 482
မြန်မာအလုပ်သမားများ ပြန်ပို့ငွေ ဘဏ်များမှတစ်ဆင့် လွှဲနိုင်ရန် အချိန်ယူရမည်
ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများရရှိသည့် ဝင်ငွေအား ပြည်ပဘဏ်များမှ မြန်မာနိုင်ငံရှိ ဘဏ်များသို့ ငွေလွှဲနိုင်ရန် အနည်းဆုံး လေးလခန့် ကြာမြင့်ဦးမည်ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများက ပြောသည်။ “ဟိုဘက်ဘဏ်ကနေ ဒီကဘဏ်ကို ငွေလွှဲဖို့ဆိုတာ လက်တွေ့ကျတော့ သိပ်မလွယ်ဘူး။ တစ်ဖက်က ယုံကြည်မှုရှိမှ လုပ်လို့ရတာ”ဟု ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ငွေလွှဲပို့နိုင်ရန် မြန်မာနိုင်ငံရှိ ဘဏ်များမှာ ပြည်ပနိုင်ငံများတွင် ဘဏ်ခွဲဖွင့်စရာမလိုဘဲ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း အဆိုပါတာဝန်ရှိသူကပြောသည်။

ထို့အပြင် သက်ဆိုင်ရာ နိုင်ငံများက ခွင့်ပြုချက်ရရှိမှသာ တရားဝင်လုပ်ခွင့်ရမည်ဖြစ်ကြောင်းနှင့် ယခုအခါ ညှိနှိုင်းနေဆဲသာရှိသေးကြောင်း သမဝါယမဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်ကဆိုသည်။ နိုင်ငံခြားငွေရောင်းဝယ်ခွင့် လိုင်စင်ရရှိထားသော သမ၀ါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တို့မှ စင်ကာပူ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့ရှိ မြန်မာအလုပ်သမားများထံမှ မြန်မာနိုင်ငံရှိ မိသားစုထံငွေလွှဲပို့မှု အစီအစဉ် ဆောင်ရွက်ရန် သက်ဆိုင်ရာက ခွင့်ပြုထားကြောင်း သိရှိရသည်။ ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ပနိုင်ငံတွင် အလုပ်လုပ်နေ သော မြန်မာနိုင်ငံသားများထံမှ ကောက်ခံသော ဝင်ငွေခွန်အား ၂၀၁၂ ဇန်န၀ါရီ ၁ ရက်မှစ၍ ကင်းလွတ်ခွင့်ပေးလိုက်သည်။

Credit: အောင်သူရ (7Day News Journal)

No comments:

Post a Comment