မိမိကြိုက်ရာရွေးချယ်ရှာပါ

Monday 2 January 2012

အတူသွားကြမယ်ဟေ့

စည်ကားလှတဲ့ မန်းရွှေစက်တော်ဘုရားပွဲ

Entertainment - Vol3 No.33
User Rating: / 6
PoorBest 
(၁၃၇၂)ခုနှစ်၊ တပို့တွဲလဆန်း (၅)ရက်မှ စတင်ပြီး မန်းရွှေစက်တော် ဘုရားပွဲတော်ကို စတင်ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ နှစ်စဉ် ကျင်းပသည့် အစဉ်အလာအတိုင်း ရွှေသား စက်လက္ခဏာတော်မြတ်ကို ရွှေမန်းစားသောက်ဆိုင်ကြီး၏ ရှေ့လမ်းဆုံမှ စတင်ပြီး သာသနာ့အလံကိုင် ဂေါပကတစ်ဦးက ပန်းဖလား၊ အလှူခံဖလားများ ကိုင်ဆောင်ကြသူ ဂေါပကများနှင့် အခြား ဂေါပကအဖွဲ့များမှ ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရံမီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များနှင့် အတူ မကွေးတိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌဦးဘုန်းမော်ရွှေနှင့် တိုင်းသာသနာရေး ဦးစီးမှူးနှင့် အခြားသက်ဆိုင်ရာ တိုင်းအဖွဲ့များ တိုင်းသံဃာနာယက ဥက္ကဋ္ဌဘဒ္ဒန္တပဏ္ဍိစ္စ နှင့် မင်းဘူး၊စကုမြို့မှ သြဝါဒါစရိယ ဆရာတော်များအပါအဝင် မင်းဘူးခရိုင်အေး ချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌဦးစိန်မြင့်၊ အတွင်းရေးမှူးဦးတင်လှိုင် ၊မင်းဘူး(စကု)မြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုး ရေးကောင်စီဥက္ကဌ ဦးသန်းနိုင်၊အတွင်းရေးမှူး ဦးမြင့်ဇော်ထွန်းနှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ဦးစီး အရာရှိများပါဝင်ပြီး ရာဇာဝင်း၊ ဒေဝါဝင်း၊ ဝင်းခင်းအဖွဲ့များ၊ ရန်ကုန်မြို့မှ ငှက်ပျောစေတီ၊ ပန်းစေတီ၊ သာသနာပြုအဖွဲ့များမှ တန်းစီ၍လိုက်ပါကာ အထူးတံတားမုခ်ဦးသို့ရောက်ရှိပြီး မုခ်ဦးတွင် ဖဲကြိုးဖြတ်၍ မိုးပျံပူ ဖောင်းများဖြင့် ရွှေစက်တော်ဘုရားခြေတော်ရာဖွင့်ပွဲ အလံကိုလွှတ်တင်လိုက်ပါသည်။ ¤င်းနောက် အောက်စက်တော်ရာသို့ ဆက်လက်ပင့်ဆောင်လာပြီး ဆရာတော် ကြီးများမှ အောက်ခြေတော်ရာအား ဘုရားအနေကဇာတင်လှူပြီး ဧည့်ပရိသတ် တို့အား ငါးပါးသီလပေး၍ လှူဖွယ်ဝတ္ထုများ၊ ပရိက္ခရာ၊ ပန်းခြင်းများကိုဆပ်ကပ် လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အောက်ခြေတော်ရာ သံဥသျှောင် တော်ကိုဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်ပြီး အထက်စက်တော်ရာသို့ တက်ရောက်ကြ၍ အထက်ခြေတော်ရာကို တဖန်ဖွင့်လှစ်ပေးပြန်ပါသည်။ အနယ်နယ်အရပ်ရပ်ဒေသအသီးသီးမှ ခြေတော်ရာဖွင့်ပွဲသို့ ဘုရားဖူး လာရောက်ကြသူပြည်သူများ အထူးစည်ကားလှပါသည်။ မန်ရွှေစက်တော် ဘုရား ဂေါပကအဖွဲ့သည် ပွင့်လင်းရာသီဦး အစကပင် ဘုရားပွဲတော်အတွက်ကြို တင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရာ မင်ဘူး(စကု)မြို့နယ်၊ လေးပင်ကျေးရွာ အနောက်ဘက်၊ ရွှေစက်တော်ဘုရား လမ်းခွဲ(၅)မိုင်လမ်းကို လမ်းဖို့ပြုပြင်ခြင်း များ၊ ကတ္တရာခင်းခြင်းနှင့်(၈)မိုင်လမ်းကို ကတ္တရာထပ်ပိုးလွှာအပြည့်ခင်းခြင်းများ၊ (၃)မိုင်လမ်းကိုကျောက်သားများ အစားထိုး မြေနီသဲကျောက်များခင်းကျင်းပြီး ကတ္တရာလမ်းအပြည့်ခင်းပြီး ရေကျော်လမ်းများနှင့် တောင်အဆင်းအတက် လမ်းကွေ့များတွင် လမ်းပြမှတ်တိုင်များ စိုက်ထူခြင်းများဖြင့် ကြိုတင်ပြုလုပ် ထားသည်များကို တွေ့ရှိရပါသည်။ ပထမဦးစွာ လှေတင်ဆင်းရောက်သည်နှင့် လှေတင်တံတားကြီးမှာ သစ်သားထုထည်ကြီးများဖြင့် တည်ဆောက်ထားပြီး ဘုရားဖူးများလမ်းပန်းဆက်သွယ်ရေး၊ ခရီးချောမွေ့ပြေပြစ်စေရေးအတွက် လမ်းတံတားဖြတ်ကူးခကိုသာ ကောက်ခံထားရှိပါသည်။ ပွဲတော်အတွင်း မန်းချောင်း(နမ္မဒါမြစ်)ကိုဖြတ်သန်းသည့် အထူးတံတားကြီးမှာ ရှေ့နှင့်နောက် (၁၃၇၂)ခု၊ မန်းရွှေစက်တော်ဘုရားပွဲတော်(၂ဝ၁၁)စာတမ်းဖြင့် လှပသပ္ပါယ်သည့် မုခ်ဦး(၂)ခုတွင် ပန်းချီကားများဖြင့် ဝေဝေဆာဆာ အလှရောင်စုံမီးများ ထွန်းညှိ ထားသည်ကိုလည်း တွေ့ရှိရပေသည်။ ဘုရားဖူးများ တည်းခိုနိုင်စေရန်ပုဂ္ဂလိက တည်းခိုဆောင်(၄၁၇)လုံးနှင့် ဌာနဆိုင်ရာတည်းခိုဆောင် (၆၅)လုံးတို့ဖြင့် ဘုရားဖူး လာပြည်သူများအား စိတ်တိုင်းကျဖြစ်စေရန် သီးသန့်လုံးချင်း တည်းခိုဆောင် များ ဆောက်လုပ်ထားရှိပြီး မန်းချောင်းရေစပ်တည်းခိုခန်း သီးသန့်လုံးချင်း(၁)လုံး လျှင်(၁၂ဝဝဝိ/-)ကျပ်၊ ကျောချင်းကပ်လုံးချင်း (၁)လုံးလျှင်(၁ဝဝဝဝိ/-)ဟူ၍ ဗီနိုင်းပိုစတာကြော်ငြာဆိုင်းဘုတ်များကို ရွှေစက်တော်ဘုရားဂေါပကအဖွဲ့မှ ဘုရားဖူးလာအများပြည်သူများ မြင်သာနိုင်သော နေရာများတွင် စိုက်ထူထား သည်ကိုလည်း တွေ့ရှိရပါသည်။ ကျမ္မာရေးအတွက် ဘုရားဖူးများစိတ်ချမ်းမြေ့စွာရှိစေရန် သန့်ရှင်း ရေးလုပ်သား(၄ဝ)ဦးကို၊ ဂေါပကအဖွဲ့ဝင် ဦးဝင်းနှင့် ဦးကျော်ရင်တို့မှ တာဝန်ခံဦး ဆောင်၍လမ်းညွှန်မှုပေးကာ ဘုရားပွဲတော်အတွင်း ခြင်၊ယင်ပေါက်ပွားမှု မဖြစ်စေရန်၊ ဝမ်းရောဂါ မကျရောက်စေရန်၊ ခေတ်မီဆေးမှုန့်များဖြူးခြင်း၊ ဆေးများဖြန်းခြင်းများအပြင် ရေသန့်သောက်သုံးနိုင်ရန် အဝီစိရေငုတ်များ ရေဘုံဘိုင်များ၊ ပွဲတော်အတွင်းအနှံ့အပြား များပြားစွာထားရှိပါသည်။ ရေလောင်း အိမ်သာ ပတ်ကားတိုက်များအလုံး(၂၆၃)ကျော် ဆောက်လုပ်ထားရှိပြီး ခေတ်မီ ဗိုလ်ထိုင်ရေလောင်းအိမ်သာများကိုလည်း ပူးတွဲတည်ဆောက် ထားရှိပါသည်။ ပွဲတော်အတွင်းမှ ဈေးသည်၊ ဈေးဆိုင်များ ဘုရားပွဲတော်ဝန် ထမ်းများ မိသားစုများ၊ ဘုရားဖူးများမှ ရေးသုံးစွဲရာတွင် စည်းကမ်းစနစ်တကျရှိ စေရန် ရေဆိုးသွန်စနစ်ပေပါပုံးများ ထောင်ထားပြီး ဆေးကြောပြီးသား ရေဆိုးများကို နေ့စဉ် အချိန်မှန်ခပ်ယူပြီး ဘုရားပွဲတော်နှင့် ဝေးကွာရာနေရာ ဒေသသို့ ထော်လာဂျီကားဖြင့် ခေါက်တုံ့ခေါက်ပြန် သယ်ဆောင်ပေး၍ ရေဆိုး သွန်ပစ်သည့် စနစ်ကလည်း ကျမ္မာရေးအတွက် လွန်စွာအကျိုးရှိလှပါသည်။ ခဏတာ နေမကောင်းမှုဖြစ်လျှင် ကုသပေးနိုင်ရန် ကျမ္မာရေးဆေးခန်းကိုလည်း အထွေထွေရောဂါကုကျန်းမာရေးဦးစီးဌနမှ အလှည့်ကျစနစ်ဝန်ထမ်းထားရှိပြီး ဆေး ကုသပေးလျက်ရှိပါသည်။ မတော်တ ဆ ထိခိုက်ဒဏ်ရာရရှိလျှင်လည်း ရှေး ဦးသူနာပြုစုခြင်းဖြင့် ကုသနိုင်စေရန် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ကိုလည်း ထားရှိပါသည်။ ရွှေစက်တော်ဘုရား သမိုင်းသိရှိလိုပါက ဆရာဦးတင်ရှိန်၏ ရွှေစက်တော်သမိုင်းစာအုပ်နှင့် ဆရာ ဦးဌေးမြင့်သိမ်း(ဒဿနိက)ရေးသားသော ရွှေစက်တော်လမ်းညွှန် ရွှေစက်တော် သမိုင်းစုံစာအုပ်ကို ဝယ်ယူဖတ်ရှုခြင်း ဖြင့် သိရှိနိုင်ပါသည်။ ပွဲတော်အတွင်း မျှစ်ချဉ်၊ မျှစ် ခြောက်၊ ဝက်မြေဆာဥ၊ တင်းဝါး (ဝါး ကျည်တောက်) ကောက်ညှင်းစိုင်းထုပ် များအပါအဝင် ဘုရားပြန် အမှတ်တရ လက်ဆောင်အဖြစ်တီရှပ်အင်္ကျီအမျိုးမျိုး ပခုက္ကူ၊ မုံရွာ၊ စစ်ကိုင်း၊ ရန်ကုန်မှအဝတ် အထည် စတီးပစ္စည်းကုန်စုံဆိုင်များ ရှင်မတောင်သနပ်ခါး၊ ဝါးဖြင့်ပြုလုပ်ထား သော ဝါးဓား၊ လှံစသည့် ကစားစရာအရုပ်ဆိုင်များ၊ အခြားအထွေထွေကုန် ပစ္စည်းဆိုင်များ၊ မြန်မာ၊ တရုတ်အစားအစာလိုလေသေးမရှိ စားသုံးနိုင်သည့် ရွှေမန်း၊ ရွှေမြင့်မိုရ်အောင် စားသောက်ဆိုင်ကြီးများ၊ ဘရားသား၊ သီတာအေးနှင့် အအေးဆိုင်များနှင့် စပျစ်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ထောပတ်သီး၊ အခြားသီးစုံဆိုင်ကြီးက ဘုရား ပွဲတော်သို့ ဝင်လာလျှင်ဝင်ချင်း၊ လက်ကမ်းကြိုဆို နှုတ်ဆက်လျက်ရှိပါသည်။ ဗဟိုအလှူခံဌာနတွင် ရွှေသင်္ကန်း၊ လျှပ်စစ်မီး၊ ဘက်စုံလမ်းပြုပြင်ရန် စသည့် ခေါင်းစဉ်အလိုက် အလှူခံပုံးများထားရှိပြီး အကြည်ညိုခံ သြဝါဒစရိယဆရာ တော်များမှ ဆွမ်း၊ကွမ်း၊ဝေယျာဝစ္စများကိုလည်း အလှူရှင်များ စိတ်တိုင်းကျ လှူဒါန်းနိုင်ရန် ဆောင်ရွက်ပေးလျှက်ရှိပြီး ဗဟိုအလှူခံဌာနတွင် ဂေါပက အဖွဲ့ဝင် (၂)ဦးမှ တာဝန်ခံဆောင်ရွက်လျက်ရှိပါသည်။ ပွဲတော်၏ အထွေထွေ လုပ်ငန်းရပ်အားလုံးအတွက် ဂေါပကအဖွဲ့ရုံးတာဝန်ခံ ရုံးအုပ်ဂေါပကအဖွဲ့ဝင် ဦးလူမြင့်နှင့်ဦးသိန်းဝင်းမှ ပူးတွဲဆောင်ရွက်ပေးလျက်ရှိပါသည်။ အောက်စက် တော်ရာတွင် ဂေါပကအဖွဲ့ဝင်(၂)ဦးမှ တာဝန်ခံဆောက်ရွက်လျှက်ရှိပါသည်။ နမ္မဒါရိပ်သာတွင်သက်ဆိုင်ရာအာဏာပိုင်များအတွက် အစစအရာရာအဆင်ပြေ ချောမွေ့မှုရှိစေရန် ဂေါပကအဖွဲ့ဝင် ဦးအောင်သိန်းမှတာဝန်ခံ ဆောင်ရွက် လျက်ရှိပြီး အထွေထွေဝန်ထမ်း(၅)ဦးနှင့် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ကိုးခန်းကြီးရှိ မဟာမြတ်မုနိဘုရားကြီးနှင့် သာသနိကအဆောက်အဦးများ အတွက် ဂေါပကအဖွဲ့ဝင် ဦးကျော်သိန်းနှင့် ဂေါပကအဖွဲ့ဝင်(၁)ဦးမှ တာဝန် ထမ်းဆောင်လျက်ရှိပါသည်။ အထက်စက်တော်ရာတွင် ခြေတော်ရာနှင့် ပထမ စေတီတော်မြတ်ကို ရွှေသင်္ကန်းများဆက်ကပ်လှူဒါန်း နိုင်ရန်ဂေါပကအဖွဲ့ဝင် (၂)ဦးမှ တာဝန်ခံဆောင်ရွက်လျက်ရှိပါသည်။ အထက်စက်တော်ရာ၊ အောက် စက်တော်ရာ၊ ကိုးခန်းကြီးမှ အလှူခံပုံးများ၊ ခြေတော်ရာအတွင်းမှ အလှူငွေများ သိမ်းဆည်းခြင်း၊ ဖွင့်ဖောက်စစ်ဆေးခြင်းကို ဂေါပကအဖွဲ့ဝင်ဦးကျော်တင့်နှင့် ဦးမောင်ဦးမှဆောင်ရွက်လျက်ရှိပြီး ဘုရားကြီးနှင့်ပက်သက်သမျှ လေလံတင်ဒါ အလှူငွေများ၊ တည်းခိုခန်းများ၊ ဈေးဆိုင်ခန်းများ၊ ပျံကျဈေးသည်များ၊ စောင်းတန်းဈေးသည်များကို ဂေါပကအဖွဲ့ဝင်ဦးညို၊ ဂေါပကအဖွဲ့ဝင် ဦးဝင်း ဌေးတို့မှ ဘဏ္ဍာရေးမှူးများအဖြစ် ဆောင်ရွက်လျှက်ရှိပါသည်။ ရွှေစက်တော် ဘုရား ဂေါပကဥက္ကဋ္ဌဦးစိန်မြင့်နှင့်အတွင်းရေးမှူး ဦးတင်လှိုင်(နေပြည်တော် ပြောင်းရွှေ့) ယခု အတွင်းရေးမှူးဦးစန်းလွင်တို့မှ လမ်းညွှန်မိန့်ကြားခြင်း၊ ဦး ဆောင်မှုပြုခြင်းဖြင့် အနီးကပ်ကြီးကြပ်၍ ရွှေစက်တော်ဘုရားပွဲတော်ကို စည် ကားသိုက်မြိုက်စွာရှိစေရန် အထူးဆောင်ရွက်လျက်ရှိကြပါသည်။ ဘုရားပွဲတော်သည် မန်းချောင်းနှင့်သောင်ပြင်ပေါ်တွင် တည်းခိုဆောင် များ၊ ဈေးဆိုင်ခန်းများ၊ ပြခန်းများ၊ ဗဟိုအလှူခံဌာန၊ သြဝါဒါစရိယဆရာတော် များ၊ ဆွမ်းစားကျောင်း၊ ဂေါပကရုံးနှင့် အခြားအထွေထွေလုပ်ငန်းမျိုးစုံနှင့် တင်ဒါလုပ်ငန်းအဆောက်အဦဟူသမျှကို တည်ဆောက်ထားရှိပြီး ဘေးပတ် လည်တွင်တောင်ကြီးများကာရံလျက်ရှိနေပါသည်။ ဤဝိုင်းရံလျက်ရှိသော တောင်တန်းများမှ တောမီးများမလောင်ကျွမ်းစေရန် မီဘေးတားဆီးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ခံ၊ မြို့နယ်မှူးဦးသောင်းကြည်နှင့် မြို့နယ်မီးသတ်တပ် ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာတည်းခိုဆောင်များ၊ ပုဂ္ဂလိကတည်းခို ဆောင်များအတွက် လုပ်ဆောင်လျက်ရှိကြပြီး မန်းချောင်းရေသန့်ရှင်းရေးအဖွဲ့မှ မန်းချောင်းအတွင်း ဘုရားပွဲတော်မတိုင်မီက ဆောက်လုပ်ထားကြသော အဆောက်အဦများမှ ဘေးထွက်ပစ္စည်းများ စသည်တို့ကို မန်ချောင်းအတွင်းကျ ရောက်ခဲ့ရာမှဆယ်ယူခြင်း၊ ကျောက်ရေမှော်များ၊ အခြားအမှိုက်သရိုက်များကို ဆယ်ယူကြ၍ ကြည်လင်သန့်ရှင်းသည့် မန်းချောင်းရေကိုသုံးစွဲနိုင်ရေးအတွက် ဂေါပကအဖွဲ့မှ ဦးဆောင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့နှင့် ပြည်သူများမှပါဝင်ဆောင်ရွက်လျက်ရှိကြပါသည်။ အထက်စက်တော်ရာသို့ အချိန်မြန်မြန်ဖြင့်ရောက်ရှိနိုင်ရန် တောင်ပေါ်/တောင် အောက် ပြေးဆွဲလျက်ရှိကြသည့် အမြန်ယာဉ်ဟိုင်းလတ်ကားများကလည်း တစ်ဦးလျှင်(၂ဝဝိ/-)ဖြင့် ဘုရားဖူးများစိတ်တိုင်းကျ ကားစီးနိုင်ရေးအတွက် မင်းဘူး(စကု)မြို့နယ် မထသအသင်းမှ စီစဉ်ဆောင်ရွက်သတ်မှတ် ပေးထားပါ သည်။ မင်းဘူး-ရွှေစက်တော်ခရီးအတွက် လူတစ်ဦးလျှင်(၂ဝဝဝိ/) သတ်မှတ် ထားရှိပါသည်။ ပွဲတော်အတွင်းပျံကျရောင်းချသည့်ဈေးသည်များကိုလည်း စည်းကမ်းနှင့်စနစ်ကျနစွာရောင်းချနိုင်ရန် စည်းကမ်းထိန်းသိမ်းရေးနှင့် နေရာချ ထားရေးကော်မတီကိုလည်း ဖွဲ့စည်းထားရှိပါသည်။ ပွဲတော်အတွင်း အရက် သေစာမရောင်းချကြရန် ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူထားရှိပါသည်။ ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့သည် ဘုရားပွဲတော်သို့ ဘုရားဖူးလာရောက်ကြ သူအားလုံး စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ဘုရားဖူးနိုင်ရေး မန်းချောင်းရေသန့်ရှင်းစွာ သုံးစွဲနိုင်ရေးတို့အပြင် ဘုရားဖူးများ ပစ္စည်းကျပျောက်ခြင်း၊ လူကွဲခြင်းစသည် များအတွက် အကူအညီပေးနိုင်ရန် ပြန်ကြားရေးဌာနမှ ကြေညာပေးခြင်းများကို လည်းဆောင်ရွက်ပေးလျက်ရှိပါသည်။ ဘုရားဖူးလာသူများ အမှတ်တရဓာတ်ပုံ ရိုက်ကူးလိုပါကယူနီဗာဆယ်ဒစ်ဂျစ်တယ် ဓာတ်ပုံအမြန်ရိုက်ကူးရေးမှ ဓာတ်ပုံ လှလှလေးများ ချက်ချင်းအမြန်ဓာတ်ပုံရရှိနိုင်ပါသည်။ သာသနာရေးဆိုင်ရာ ကွပ်ကဲရေးရုံးအား ဖွင့်လှစ်ထားပြီး မင်းဘူး(စကု)မြို့နယ်သံဃာ့နာယကအဖွဲ့ နှင့် ရွှေစက်တော်ဘုရား သြဝါဒါစရိယဆရာတော်များမှ သာသနာရေရှည် တည်တံ့ပြန့်ပွားရေးအတွက် အထူးဆောင်ရွက်လျက်ရှိပါသည်။ ယခုနှစ်ရွှေစက် တော်ဘုရားပွဲတော်သည် ယခင်နှစ်များကထက် ထူးခြားစွာ ကျင်းပပြုလုပ်ထား သည်ကို တွေ့ရှိရပါသည်။ ရှေးယခင်က ဘုရားပွဲတော်အတွင်း ဒီဇယ်အင်ဂျင်မီး စက်ကြီးဖြင့်လည်ပတ်၍ မီးဖြန့်ဝေပေးခဲ့ရာမှ (၂ဝဝ၈)ခုနှစ်မှစတင်ပြီး လျှပ်စစ်မီး ကို တိုက်ရိုက်ထွန်းညှိနိုင်ခဲ့ပါသည်။ ဘုရားပွဲတော်သောင်ပြင်တစ်ကွင်းလုံးနှင့် အောက်စက်တော်ရာ၊ ကိုးခန်းကြီး၊ အထက်စက်တော်ရာ၊ မုဆိုးတောင်နှင့် အခြားစောင်းတန်းအသွယ်သွယ်တို့ပါမကျန် နမ္မဒါရိပ်သာတွင် မီးရောင်စုံ အလှပန်းများ ဝေဆာစွာထွန်းထားသည့်အတွက် နိုင်ငံရပ်ခြားတိုင်းတစ်ပါးသို့ ရောက်ရှိနေသည့်အလား ထင်မှတ်ရ လောက်ပါသည်။ အောက်စက်တော်ရာ၊ အထက်စက်တော်ရာအတက် တောင် ဘက်နားနှင့် အထက်စက်တော်ရာ ဘုရားရင်ပြင်တော်တွင် သောက်ရေသန့် စက်ကြီးများဖြင့်ကျိုချက်သန့်စင်ပြီးသား သောက်ရေသန့်များကို ဘုရားဖူးလာ ပြည်သူများ လွပ်လပ်စွာစိတ်တိုင်းကျ သောက်သုံးနိုင်ပါသည်။ မန်းရွှေစက် တော်ဘုရားပွဲတော်သို့ ဘုရားဖူးတစ်ကြိမ် ရောက်ရှိဖူးသည်နှင့် နှစ်စဉ်နှစ်တိုင်း ဘုရားဖူးရောက်လာတတ်ကြောင်း၊ ပုံမှန် ဘုရားဖူးလာသူတစ်ဦးမှပြောပြသည်ကို လည်း သိရှိရပါသည်။ (၂ဝ၁၁) ခုနှစ် ဧပြီလ(၂ဝ)ရက်နေ့တွင် ဘုရားပွဲတော် ပြီးဆုံးမှာဖြစ်သည့်အတွက် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စိတ် ချမ်းမြေ့ပျော်ရွှင်ကြည်နူးစွာ ဘုရားဖူး သွားလာနိုင်ရန်ဖော်ပြပေးလိုက်ပါသည်။ ဝင်းဌေး(ဘဏ်) 
 
လျှက်တစ်ပြက်--သတင်းဂျာနယ်မှကူးယူဖော်ပြသည်။

No comments:

Post a Comment